မိုင်းဆတ်မြို့နယ် သေနတ်သံများ ကြားနေရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ယနေ့ ၂ နာရီကြာ လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်သံကြားနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မတ်(၁၇) ရက် မနက် ၇ နာရီကျော် မှ ၉ နာရီကျော် ထိ မိုင်းဆတ်မြို့နယ်တွင်းရှိ နမ့်ဆတ်ချောင်းဦး ဘက်တွင် လက်နက်သံ ကြားရကြောင်း စုံစမ်းသိရှိရသည်။ “လက်နက်ပစ်ခတ်သံက...
ကျောက်မဲစစ်ရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲထိတွေ့မှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စစ်ဘေးရှောင် (၁၀၀၀)ကျော်သည် ဖေဖော်ဝါရီတတိယပတ်မှ စတင်ရောက်ရှိလာသည့် သူများဖြစ်သည်။ “ ကျနော်တု့်ဆီက စစ်ဘေးရှောင်တွေကတော့ အရင်တိုင်း ရှိနေတုန်း ရက်ပေါင်း (၂၀) ကျော်လောက်ရှိပြီ ရောက်လာကြတာ။ ဒေသတွင်း...
တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ
SHAN -
သျှမ်းတောင် တောင်ကြီး ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ Heart Rock Cafe ပိုင်ရှင် ဦးသန်းဦး ကို ယနေ့ (မတ် ၁၆)ရက် ညနေပိုင်း တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၆)ရက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီ...
နမ္မတူမြို့နယ် အတွင်းရှိ စစ်ရှောင် (၅၀၀)ကျော်နေရပ်မပြန်နိုင်သေး
SHAN -
သျှမ်းပြည်တောင်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၅၀၀) ကျော် ယနေ့ထိ နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ ပထမပတ်မှ စတင်ကာ လက်ရှိ အချိန်ထိ နမ္မတူမြို့နယ် အတွင်း မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ နှင့် RCSS/SSA...
တောင်ကြီး ပုဂ္ဂလိကဘဏ် အချို့ အချိန်ပိုင်းဖြင့် ပြန်ဖွင့်
SHAN -
တောင်ကြီးမြို့ ရှိ ပုဂ္ဂလိကဘဏ် အချို့ ယနေ့ (မတ် ၁၆)ရက် မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ပုဂ္ဂလိက ဘဏ်များပြန်လည် ဖွင့်လှစ်ရန် စစ်ကောင်စီ က ဖိအားပေးခဲ့ခြင်း၊ ပုဂ္ဂလိက ဘဏ်များပြန်လည်မဖွင့်လှစ် ပါက ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ် ၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့...
လားရှိုး ညသံပုံးတီးမှုကြောင့် လက်ပစ်ဗုံးပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့ (မတ် ၁၅)ရက် ည ၈နာရီကျော်တွင် သံပုံးတီး သည်ဟုဆိုကာ လက်ပစ်ဗုံးဖြင့် လာရောက်ပစ်သွားကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တဝှမ်းလုံး ပြည်သူများသည် ည(၈)နာရီရောက်တိုင်း စစ်အာဏာရှင်ကို အလိုမရှိသည့် အနေဖြင့် သံပုံးတီး ဆန္ဒပြမှုကို ပြုလုပ်ကြသည်။ ထို့ကြောင့် ယနေ့ ည (၈)နာရီတွင်လည်း...
နောင်ချိုကျန်းမာရေးဝန်ထမ်းများ CDM ဆက်လုပ်မည်ဖြစ်ကာ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်းနောင်ချို ပြည်သူ့ဆေးရုံမှ အာဏာဖီဆန်လှုပ်ရှားရေး (CDM)ဆက်လက်လုပ်မည်ဖြစ်သဖြင့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှာပေးလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့တွင် CDM ဆက်လုပ်မည် ဝန်ထမ်းများ အိမ်ရာမှ ဖယ်ရှားပေးရန် နောင်ချိုမြို့နယ်အထွေထွေအုပ်ချုုပ်ရေးရုံး နှင့် ဆေးရုံအုပ်ကြီး က နှုတ်မိန့်ဖြင့်လာရောက်အကြောင်းကြားသဖြင့် ဝန်ထမ်းများလည်း CDM ဆက်လုပ်မည်ဆိုသည့်အတွက် အိမ်ယာမှ ယနေ့ (မတ်...
အောင်ပန်း လူထုသပိတ် စစ်တပ်မှ ဖြိုခွင်း တဦးသေဆုံး ၊ ၂ဦး ဒဏ်ရာရရှိ
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ တွင် ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ က ဆန္ဒပြသူများကို ကျည်အစစ်သုံးကာ ပစ်ခတ်ခဲ့သဖြင့် အမျိုးသားတဦး သေဆုံးခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိထားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၅)ရက် မနက် ၁၀နာရီကျော်တွင်...
တောင်ကြီး စဝ်စံထွန်းဆေးရုံမှ CDM ပါဝင်သည့် ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ
SHAN -
တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ပါဝင်သည့် ဝန်ထမ်းများ ယနေ့ (၁၅)ရက် အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။ စဝ်စံထွန်းဆေးရုံ ဝန်ထမ်းများ CDM ဆက်လုပ်မည်ဆိုပါက မတ် (၁၅)ရက်အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဆိုသည့် ဖိအားပေး အကြောင်းကြားစာကို ယမန်နေ့ (၁၄)ရက်တွင်...
စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃မျိုးတွင် သတင်းမီဒီယာ ပါဝင်
SHAN -
စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်မည့် ပြစ်မှု ၂၃ မျိုး တွင် သတင်းမီဒီယာ လည်း ပါဝင်ကြောင်း စစ်ကောင်စီက ယနေ့ (မတ် ၁၅) ထုတ်ပြန်ကြေညာလိုက်သည်။ ထို ၂၃ မျိုးတွင် နိုင်ငံတော် သစ္စာ ဖောက်ဖျက်ပုန်ကန်မှု (ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၂) ၊ အစိုးရကို...





