Thursday, January 29, 2026

မိုင်းငေါ့ စစ်ရှောင်ရိုက်ခံရမှု၊ နေအိမ်မီးရှို့ခံရသည့် သတင်းပေးသူ လိုက်လံရှာဖွေနေ

သျှမ်းပြည်မြောက်ပိုင်း မိုင်းငေါ့မြို့တွင် သတင်းပေးသူဟု ယူဆရသည့် သူကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက အရပ်ဝတ်ဖြင့် လာရောက်ရှာဖွေမှုရှိကြောင်းသိရသည်။

လွန်ခဲ့သည့် သြဂုတ်လ ၂ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အနေဖြင့် မိုင်းငေါ့ဒေသခံ (၂) ဦး TNLA ဖမ်းဆီးရိုက်နှက်မှုသတင်း၊ ကျောက်မဲမြို့တွင် နေအိမ် (၂) လုံးကို TNLA မှ မီးရှို့ခဲ့သည့် သတင်းကို ထုတ်ဝေခဲ့ပြီးနောက် ညနေအချိန်တွင် အရပ်ဝတ်ဖြင့် စစ်ရှောင်စခန်းအတွင်းသို့ လာပြီး သတင်းပေးသူကို လာရောက်မေးမြန်းရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

“သူတို့ စစ်ရှောင်စခန်းမှ မျက်နှာစိမ်းနဲလူ လာတာရှိလာဆိုပြီးလာမေးတယ်။ သူတို့က အရပ်ဝတ်နဲ့ပဲလာတာ။ လက်နက်ကိုင်တပ်ဖွဲ့လို့တော့ပြောတယ်။ ဘယ်တပ်ဖွဲ့လဲတော့မသိဘူး” ဟု မိုင်းငေါ့မြို့ ဒေသခံ အမျိုးသားတဦး ကပြောသည်။

အလားတူ ယမန့်နေ့ သြဂုတ်လ ၃ ရက်နေ့တွင်လည်း အရပ်ဝတ်ဖြင့် မိုင်းငေါ့မြို့တွင်း ရှိ ရပ်ကွက်တစ်ချို့တွင် မျက်နှာစိမ်းနှင့်လူ ရှိ၊မရှိကြောင်းကို လာရောက်စစ်ဆေးမေးမြန်ခဲ့ခြင်း ရှိကြောင်းသိရသည်။

“ ဟုတ်တယ်။ ကျမတို့လည်းကြားတယ်။ အရပ်ဝတ်နဲ့တဲ့ မျက်နှာစိမ်းနဲ့လူလာတာရှိလား လို့ လိုက်မေးနေတယ်။ ဈေးနဲ့ ရပ်ကွက်ကြားတွေမှာလို့ပြောတယ်။ ကျမတို့ဘက်တော့ မရောက်လာဘူး” ဟု မိုင်းငေါ့မြိုနေ အမျိုးသမီးတဦးက ပြောသည်။

ဆက်လက်ပြီး မိုင်းငေါ့မြို့ အမျိုးသားတဦး က “ သတင်းထွက်ပြီးတဲ့နောက်မှပဲလိုက်ရှာတာ။ ဘာကြောင့်လာရှာလဲတော့မသိဘူး” ဟု ပြောသည်။

ထို့ကဲ့သို့ ပြုလုပ်နေခြင်းသည် ဒေသခံပြည်သူများ သတင်းပေးမှုကို မပြုလုပ်ရန် လှည့်ပြီး ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း လည်း မိုင်းငေါ့ဒေသခံများက ပြောသည်။

သျှမ်းမြောက် မိုင်းငေါ့မြို့အပါအဝင် ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင် (၅၀၀)ကျော်ရှိသည့်နေရာဖြစ်ပြီး၊ မိုင်းငေါ့မြို့ အနီးတဝှိက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...