ချင်းမိုင်တွင် အမျိုးသမီးကို ဗန်းပြမြှူဆွယ်ခိုင်းပြီး ပြန်ပေးဆွဲ ငွေညှစ်မှု ဖြစ်ပွား

ချင်းမိုင်မြို့တွင် အမျိုးသမီးတဉီးကို ဗန်းပြပြီး အမျိုးသားတစ်ဦးအား လူချင်းတွေ့ဆုံရန် မြှူဆွယ်ခေါ်ယူပြီး ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။

ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) နံနက်အစောပိုင်း ၃ နာရီခန့်တွင် ချင်းမိုင်မြို့ Chang Khlan နယ်မြေအတွင်း ပြန်ပေးဆွဲသူအုပ်စုထဲမှ အမျိုးသမီးတဉီးက မစ္စတာဖားအစ် ဆိုသူကို ဖုန်းဖြင့်ဆက်သွယ်ခိုင်းပြီး လှည့်ဖြားခေါ်ယူခဲ့သည်။

ထို့နောက် မစ္စတာဖားအစ် ရောက်ရှိလာချိန်တွင် ပုန်းခိုစောင့်ဆိုင်းနေသည့်အမျိုးသား ၄ ဦးမှ ဝင်ရောက်တိုက်ခိုက်ပြီး နံပါတ်ပြားမပါသော ကားတစ်စီးဖြင့် ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ပြန်ပေးဆွဲခံရသူ၏ ညီဖြစ်သူအား ဖုန်းဆက်ကာ ဘတ်ငွေ ၆ သိန်းဖြင့်လာရောက်ရွေးယူရန် တောင်းဆိုခဲ့သည်။

ညီဖြစ်သူမှ ရဲစခန်းသို့အကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းကာ ပြန်ပေးဆွဲအဖွဲ့သို့ ဘတ် ၁ သိန်း ၂ သောင်းဖြင့် ရွေးယူရန်သဘောတူခဲ့သည်။

ထို့နောက် ပင်းမြစ်ဘေးရှိ လျှပ်စစ်ဓာတ်တိုင်တစ်ခုအနီး ပြန်ပေးငွေအားလာရောက်ထားရှိရန် ပြန်ပေးအဖွဲ့မှ စေခိုင်းခဲ့ပြီး ငွေလာယူချိန်တွင် စောင့်ကြည့်နေသော ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူ၏ ထွက်ဆိုချက်အရ မြို့ထဲရှိဟိုတယ်တစ်ခုအတွင်း ဖမ်းဆီးထားကြောင်း သိရပြီး ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့သည်။ စီးနင်းမှုမှ ပြန်ပေးဆွဲခံရသူအမျိုးသားနှင့် ကျူးလွန်သူ ၃ ဦးအပါအဝင် ဖုန်းဆက်မြှူဆွယ်ခဲ့သော အမျိုးသမီးကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ခြိမ်းခြောက်ရာတွင် အသုံးပြုခဲ့သည့် သေနတ်အတုများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းအဖွဲ့သည် ရာဇဝတ်ဂိုဏ်းတစ်ခုမဟုတ်ဘဲ ကိုယ်ရေးကိုယ်တာ မကျေနပ်မှုများကြောင့် ကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား – Chiang Mai News

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News