Wednesday, January 28, 2026

နမ့်ခမ်းမြို့ စရဖရုံးအနီး ဗုံးဖောက်ခွဲခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စရဖရုံးအနီးတွင် ယနေ့(သြဂုတ် ၉ )ရက် မနက် ၁၀နာရီ ဝန်းကျင်တွင် ဗုံးဖောက်ခွဲခံရကြောင်း စုံစမ်းသိရဥည်။

ဖြစ်စဉ်မှာ ယနေ့ သြဂုတ် (၉) ရက် မနက် ၁၀ နာရီ ဝန်းကျင်တွင် နမ့်ခမ်းမြို့ရှိ ကောင်းနောင်မိုရပ်ကွက်ရှိ စရဖရုံးအနီး လူ၂ ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် လာရပ်ပြီး ဗုံးဖောက်ခွဲခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

“ ဆိုင်ကယ်တစ်စီး လူ(၂)ယောက်လာတယ်။ ပြီးတော့ စရဖ ရုံးထဲ ပစ်လိုက်တယ်။ တစ်လုံးပဲ ကြားလိုက်တယ်။ လူထိတာတော့ မကြားဘူး” ဟု နမ့်ခမ်းဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ပစ်ခတ်လိုက်သည့် အနီးဝန်းကျင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် သူများလည်း ရှိကြောင်း သိရှိရသည်။

“ကျားဖြူ ခန်းမ မှာ ကာကွယ်ဆေး လာထိုးတဲ့သူတွေလည်း ရှိတယ်။့ လာပစ်တဲ့ နေရာနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့နေရာနဲ့ (၁၀) အိမ်ကျော် လောက်ပဲ ဝေးတယ်” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

နမ့်ခမ်းမြို့တွင် ဗုံး မကြာခဏ ပေါက်ကွဲမှု ဖြစ်ပွားသောကြောင့် ဒေသခံများလည်း စိုးရိမ်ထိတ်လန့်မှု မရှိတော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဗုံးက မကြာခဏ ကွဲတာတွေရှိတော့ ဒေသခံတွေလည်း သိပ်ပြီး မထိတ်လန့်ကြတော့ဘူး။” ဟု နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

သြဂုတ် (၈) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ နမ့်မရွာ-ဟိုပုံရွာ နှင့် ဝိန်းကန်းရွာ တို့ ကြား TNLA နှင့် စစ်ကောင်စီ တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲ

0
သျှမ်းပြည် မူဆယ်မြို့တွင် MSPDF အယောင်ဆောင်အဖွဲ့က ငွေမပေးသူ၏ နေအိမ်ခြံဝင်းထဲ ဗုံးဖောက်ခွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၃ ရက်) နံနက် ၃ နာရီကျော်တွင် မူဆယ်မြို့ တောင်ရပ်ကွက်ရှိ မြန်မာ-တရုတ် ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အမည်ခံထားသည့်...

နမ့်ခမ်းမြို့ ဓာတ်တိုင်က လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ မကြာခဏ ခိုးခံရကြောင်း စုံစမ်းသိရှိရသည်။ဧပြီလ မှ စတင်ပြီး ယနေ့ချိန်ထိ နမ့်ခမ်းမြို့ရှိ ရပ်ကွက်တိုင်းတွင် ဓာတ်တိုင်မှ လျှပ်စစ်မီးကြိုးများ၊ အုတ်တံတိုင်းမှ သံဆူးကြိုးများနှင့် အိမ်ရှေ့မြောင်းမှ ကာထားသည့် သံချောင်းများ မကြာခဏ ပျောက်ဆုံးနေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။“မီးမကြာခဏ ပျက်တော့...

မြန်မာ -တရုတ် နယ်စပ် နမ့်ခမ်းမြို့အနီးတွင် ဗုံးပေါက်ကွဲသံကြား

0
မြန်မာ - တရုတ် နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီးတွင် ယနေ့ (မေလ ၁၉) ရက် မနက် ၇ နာရီဝန်းကျင်တွင် ဗုံးအဆက်မပြတ် ပေါက်ကွဲမှုကြားရသဖြင့် နမ့်ခမ်းမြို့‌ ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယနေ့မနက်ပိုင်းအချိန်တွင် ဗုံးသံ အချက် ၂၀ ထက်မနည်း ဆက်တိုက်ကြားနေရကြောင်း...

နမ့်ခမ်းမြို့ မန့်ဟောင်းကူးတိုဆိပ် ပိုင်ရှင်မဲ့ လူငယ်အမျိုးသားအလောင်းတွေ့

0
သျှမ်းပြည်မြောက်ပိုင်း နယ်ခမ်းမြို့နယ်ရှိ မန့်ဟောင်းကူးတိုဆိပ်တွင် ပိုင်ရှင်မဲ့ လူငယ် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဧပြီ (၂၆) ရက် ညနေပိုင်းမှာ မန့်ဟောင်းကူးတိုဆိပ်မှာ တွေ့ရှိခဲ့ပြီး ထိုလူငယ်အမျိုးသား၏ ရုပ်အလောင်းသည် ပုပ်ပွနေသဖြင့် ခွဲခြားမသိ နိုင်ကြောင်း နမ့်ခမ်းပရဟိတအသင်း NMBG ကပြောသည်။“ဘယ်နေ့ကတည်းက မျောလာတဲ့...

နမ့်ခမ်းမြို့ စစ်ကောင်စီ မှ ဒေသခံများထံ အိမ်ထောင်စု မိတ္တူများလိုက်တောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် ဒေသခံများထံ အိမ်ထောင်စု မိတ္တူများ လိုက်လံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ နေအိမ်များမှ အိမ်ထောင်စု မိတ္တူ (၂)စောင်ကို သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များထံ လာရောက်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ပြောလာကြောင်း နမ့်ခမ်းဒေသခံ အသက် ၃၀...