သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်း ပန်ဆိုင်းမြို့နယ်တွင် ယနေ့( သြဂုတ် ၆) ရက် နေ့လည် ၁၁နာရီ ခွဲတွင် ကိုးကန့်တပ်မတော် (MNDDA) နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့တိုက်ပွဲတွင် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွင်ပြင်းထန်မှုရှိကြောင်း နေအိမ်အပျက်အစီးများရှိကြောင်းသိရဥည်။ ပန်ဆိုင်းမြို့ ဒေသခံအမျိုးသား တဦး ကပြောသည်။
“ တိုက်ပွဲက တော့ နာရီဝက်လောက်တော့ရှိတယ်။ လက်နက်ကြီးတွေကော ပစ်နေတယ်။ ခုမှ တိုက်ပွဲက ရပ်သွားတာ။ တိုက်ပွဲကတော့ နဲနဲကြမ်းတယ်။ စစ်သေနတ်တွေနဲ့လဲ ပစ်သံကြားရတယ်” ဟု ပန်ဆိုင်းမြို့ ဒေသခံအမျိုးသားတဦး ကပြောသည်။
တိုက်ပွဲကြောင့် ပြည်သူများ (၄၀၀) ကျော်သည် တောတောင်းထဲတွင် စစ်ဘေးရှောင်ခဲ့ရကြောင်းသိရသည်။
“ စစ်ကောင်စီတွေက အဲနားမှာ ယာယီစခန်းသွားလုပ်တယ်။ ကိုးကန့်ကလာတိုက်တာ။ စစ်ကောင်စီတွေက ကိုးကန့်တို့ရှိတဲ့နေရာမှာ ထိုးစစ်သွားတာ။” ဟု ၎င်း အမျိုးသားက ဆိုသည်။
အလားတူ သြဂုတ် ၄ ရက်နေ့ ပန်ဆိုင်းမြို့နယ် ဖိုင်ကောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ရွာတွင်း လက်နတ်ပစ်ခတ်မှု ကြောင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။











Leave a Comments