သီပေါမြို့နယ် စစ်ရှောင်နှင့်ဒေသခံ (၇၀၀) ခန့် စားနပ်ရိက္ခာ၊ ဆေးဝါး ခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံများနှင့် စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် ဆေးဝါးခက်ခဲနေကြောင်းစုံးစမ်းသိရသည်။

သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်း မတ်လပိုင်းတွင် ရောက်ရှိလာသည့် စစ်ရှောင် (၃၀၀)ဝန်းကျင်နှင့် ကျေးရွာ ဒေသခံ (၄၀၀)ကျော်တို့သည် လက်ရှိမှာ စားနပ်ရိက္ခာ နှင့် ဆေးဝါးများခက်ခဲနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“စစ်ရှောင်နဲ့ ဒေသခံတွေ အားလုံး (၇၀၀)လောက်ရှိမယ်၊ အဓိက က စားနပ်ရိက္ခာတွေခက်ခဲနေတာ၊ နောက်ပြီး ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် ဆေးဝါးတွေ နည်းပါးနေတယ်” ဟု စစ်ရှောင်များကို ကူညီနေသည့် သီပေါဒေသခံ အသက် (၄၀)ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို စစ်ရှောင်များနေသည့် ကျေးရွာများတွင် ကျန်းမာရေးမကောင်းသူများရှိသော်လည်း သီပေါမြို့ပေါ်တွင် ကိုဗစ်ကူးစက်မှုများပြားနေသည့်အတွက် ဆေးရုံဆေးခန်းသို့ လာပြရန် ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ရှောင်တွေနေတဲ့နေရာမှာ နေမကောင်းတဲ့သူတွေ ရှိတယ်၊ ခုချိန် မြို့ပေါ်မှာလည်း ဆေးဆိုင်၊ ဆေးခန်းတွေက ပိတ်ထားတယ်၊ ဆရာဝန်တွေလည်း နည်းပါးနေတယ်ဆိုတော့ သူတို့ကို ခေါ်လာပြီး ကုသဖို့ဆိုတာက ခက်ခဲတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိ သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စု ချောင်းဆုံရွာသည်ချောင်းဘေးတွင် နေထိုင်ပြီး မိုးရာသီဖြစ်သဖြင့် သွားလာရခက်ခဲနေကြောင်း၊ ထို့ပြင် ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်သဖြင့် ရွာများလည်း ဝင်၊ထွက် သွားလာမှု ပိတ်ထားကြောင်း သိရသည်။

“ ကိုဗစ်ရောဂါကြောင့် ရွာအဝင်အထွက်တွေလည်းပိတ်ထားတယ်၊ အဲ့တော့ တောင်ယာအလုပ်လည်းမလုပ်ရ၊ နောက်ပြီး အခုက ရေလမ်းကို အဓိကထားသွားလာတာဆိုတော့ ပိုပြီး ခက်ခဲနေကြတယ်” ဟု သီပေါဒေသခံက ပြောသည်။

ဆက်လက်ပြီး သီပေါမြို့နယ် ဆွန်လုံကျေးရွာအုပ်စုအတွင်းသို့ ရောက်ရှိနေသည့် စစ်ရှောင် (၃၀၀)ကျော်သည် လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ထိတွေ့မှု တင်းမာနေဆဲဖြစ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စစ်ရှောင်များကို ကူညီပေးသူများက ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေက ခုထိ အခြေနေ တင်းမာနေဆဲပဲ၊ နောက်ပြီး သူတို့အတွက်လည်း လုံခြုံစိတ်ချမှုမရှိသေးတော့ နေရပ်ကို မပြန်ရဲကြသေးတာပါ” ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ စတင်ကာ သျှမ်းတပ် (၂)တပ် ဖြစ်သည့် သျှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA)တို့သည် သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် စစ်ရေးတင်းမာခဲ့ကြသည်။

ထိုစစ်ရေးတင်းမာမှုကြောင့် သျှမ်းလူထု ထောင်ချီ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိအချိန်ထိ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...