ရွာငံမြို့နယ် မီတာခမဆောင်သည့် အိမ်များမီတာဘောက်ဖြုတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့တွင် မီတာခ မဆောင်သည့် အိမ်များကို စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနမှ ဝန်းထမ်းများ က မီတာဘောက် လာရောက်ဖြုတ်ယူသွားကြောင်း စုံစမ်းသိရှိရသည်။ ယခု နိုဝင်ဘာလတွင် ရွာငံမြို့အတွင်း မီတာခ မဆောင်သည့်အိမ်များ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာန မှဝန်ထမ်းများက မီတာဘောက်ဖြုတ်ယူသည့်အပြင် လမ်းပေါ်က မီးတိုင်များကိုလည်း ဖြုတ်ယူသွားကြောင်း သိရသည်။ “...
ပင်လုံစာချုပ် အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မည်ဟု RCSS/SSA ပြော
SHAN -
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာနှင့် ပဋိပက္ခများကို ၁၉၄၇ ပင်လုံစာချုပ် အကောင်အထည် ဖော်နိုင်မှ ဖြေရှင်းနိုင် ဖြစ်မည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည် ဖောင်ဆောင်ပြီး နိုင်ငံရေး ပြဿနာများ ဖြေရှင်းရန်...
အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံရေးပုဒ်မနှင့် တခြားပုဒ်မ အကျဥ်းသားများကို စစ်ကောင်စီမှ လွတ်ပေး
အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် စစ်ကောင်စီမှ အကျဥ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဥ်းသားအများအပြားလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။ အာဏာသိမ်းစစ်ကောင်စီ အနေဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျည်းသား(၆၀၀၀)နီးပါးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကြေညာခဲ့သည်။ ထိုထဲတွင် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဥ်းသားဖြစ်သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ ရွှေညဝါဆရာတော်၊ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ စာရေးဆရာ မောင်သာချိုတို့ လွတ်မြောက်လာခဲ့သည်။ ထိုနည်းတူ...
ကျောက်မဲမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ခိုမုန်းကျေးရွာအုပ်စုရှိ စစ်ကောင်စီ စစ်ဆေးရေးစခန်းတစ်ခု လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်း ၃ နာရီကျော်ဝန်းကျင်တွင် ခိုမုန်းကျေးရွာအုပ်စု တောင်နောက်ရွာရှိ ငြိမ်းချမ်းရေး ဘုရာကုန်းအနီး ကျောက်မဲမြို့အဝင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တစ်ခုကို အမည်မသိ လက်နက်ကိုင်...
မူဆယ် ကျင်ဆန်ကျော့ မိုင်းပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံး
မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်ဆန်ကျော့ နှင့် ဟိုနောင်ကျေးရွာကြားတွင် စစ်ကောင်စီကား မိုင်းထောင်ဖောက်ခွဲခံရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နိုဝင်ဘာ ၁၆ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီကားက မုံးကိုးမှ မူဆယ်မြို့ (၁၀၅)...
လွိုင်ကော် PNDF အခြေစိုက် စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး မီးရှိုးသွား
SHAN -
ကယားပြည်နယ် လွိုင်ကော်မြိုနယ် တောင်ကြောပေါ်ကုန်းသာ အနီးတွင်ရှိသော ပအိုဝ်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ PNDF အခြေစိုက်စခန်းကို စစ်ကောင်စီမှဝင်ရောက်စီးနင်းခဲ့ပြီး စခန်းကို မီးရှိုးခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၅ ရက်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုလ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၄ နာရီတွင် စစ်ကောင်စီမှ...
ဖယ်ခုံမြို့နယ် လက်နက်ကြီးကြောင့် ကလေး ၇ နှစ်နှင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်းတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ၇ နှစ် ကလေး တစ်ဦး နှင့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၄)ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီဘက်မှ ဖယ်ခုံမြို့နယ် ဖလိုင်တောင်ခြေ...
မူဆယ်မြို့ ဗုံးပေါက်ကွဲ ပြည်သူ့စစ် ၂ဦးအပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရ
သျှမ်းပြည်မြောက်ပိုင်း မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ် ၂ဦးအပါအဝင် ၇ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခွဲ ဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် မှ မင်္ဂလာ မူဆယ်ဘက်သွားသည့် လမ်းမကြီးတွင် ဆင်ထားသည့် ဗုံးသုံးလုံး ရှေ့ဆင့်နောက် ဆင့် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ ၇ ဦးရရှိခဲ့ရာ ထိုထဲတွင်ပြည်သူ့စစ် ၂ဦးပါဝင်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘယ်သူက လာဆင်ထားတဲ့ မိုင်းလဲတော့ မသိရဘူး၊ ဗုံးသုံးလုံးက တစ်နေရာတည်း ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲသွားတာ၊အကျယ်ဆုံးကြားရတာတော့ တစ်လုံးပဲ၊ အနီးမှာ ရှိတဲ့ အိမ်တွေတောင်တုန်သွားတယ်၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ ၇ ယောက်ရှိပြီးဆေးရုံကို ပို့ထားလိုက်ပြီ၊ အဲ့ထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်လည်း ပါတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို မူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်း ဒေသခံများ ပြောသော်လည်း သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် အဆိုပါ ဗုံးပေါက်ကွဲသည့် နေရာနှင့် အနီးပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ စစ်တပ်ဖွဲ့များစစ်ဆေးမှု ဆောင်ရွက်နေကြကြောင်းလည်း သိရသည်။ ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်တွင်လည်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်သည် TNLA တအာင်း(ပလောင်) တပ်မတော်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် စစ်ကောင်စီ တို့ လှုပ်ရှားနေပြီးမကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ကျောက်မဲမြို့နယ် စစ်ဘေးရှောင်များကို ဒုက္ခသည်ဟု အမည်ပြောင်း
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ဘေးရှောင်စခန်းများသည် နေရပ်ကို မပြန်နိုင်သေးသောကြောင့် ဒုက္ခသည်များဟု အမည်ပြောင်းခေါ်ကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီက ကျောက်မဲမြို့နယ်တွင် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန်အတွက် စစ်ရှောင်ကော်မတီများနှင့် ညှိနှိုင်းခဲ့ပြီး စစ်ဘေးရှောင်များနေရပ်သို့မပြန်နိုင်သေးသဖြင့် စစ်ဘေးရှောင်စခန်းများကို ဒုက္ခသည်စခန်းအဖြစ်ပြောင်းလဲခေါ်ဆိုကြရန် စစ်ကောင်စီက အမိန့်ပေးလိုက်ကြောင်းသိရသည်။ “ ကျနော်တို့ ဌာနဆိုင်ရာတွေနဲ့...
ကွတ်ခိုင်မြို့နယ်တွင် KIA တပ်ဖွဲ့မှ ကားသမားများထံ အဆမတန် ငွေကောက်ခံနေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့မှ ကားသမားထံမှ အခွန်အဆမတန်ကောက်နေကြောင်း သတင်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာ နှင့် အနီးတစ်ဝိုက်တွင် KIA တပ်ဖွဲ့မှ ၂၂ ဘီး ကုန်တင်ကားတစ်စီးလျှင် ကုန်ဖိုးအတွက် အခွန်...






