“သစ်ပင်တွေဆီက ပေးစာ”

ကျနော်ရဲ့ နာမည်က “သစ်ပင်” ပါ။ ကျနော် ဒီနေရာမှာ အခြေချနေထိုင်လာတာ လူတွေရဲ့ သက်တမ်းနဲ့ဆိုရင်တော့ နှစ် ၁၀၀ ကျော်ရှိနေပြီ။

လူတွေက ကျနော်ကို ငြိမ်သက်နေပြီး စကားမပြောတက်၊ အသံမထွက်တက်တော့ သက်မဲ့လို့ ထင်ကောင်းထင်ကြမယ်ဗျ။ တကယ်တော့ ကျနော့မှာလည်း နာကျင်မှုတွေ၊ ခံစားချက်တွေနဲ့ ပြောချင်တဲ့ စကားတွေ အများကြီး ရှိပါတယ်။

နွေရာသီလို ပူပြင်းလှတဲ့ နေရောင်အောက်မှာ ကျနော်ရဲ့ အမြစ်တွေဟာ ခြောက်သွေ့နေတဲ့ မြေကြီးထဲမှာ ရေတစ်ပေါက်ကို အသည်းအသန် ရှာဖွေရင်း ရုန်းကန်နေရပါတယ်။

ကျနော် အရမ်းရေငတ်တဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကျနော့်ရဲ့ အကိုင်းအခက်တွေကို ရက်ရက်စက်စက် ခုတ်ပစ်လိုက်တဲ့အခါ ကျနော် အသံကုန်ဟစ်ပြီး ငိုကြွေးမိပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒါကို အသံလွန်လှိုင်းတွေ ထုတ်လွှတ်တာလို့ ခေါ်ကြပေမယ့် ကျနော့်အတွက်တော့ ဒါဟာ နာကျင်လွန်းလို့ အကူအညီတောင်းနေတဲ့ အော်ဟစ်သံပါ။

လူတွေရဲ့ နားနဲ့ မကြားနိုင်ပေမယ့် ကျနော့်ပတ်ဝန်းကျင်က လင်းနို့တွေ၊ ကြွက်တွေကတော့ ကျနော်ရဲ့ ငိုသံကို ကြားပြီး ကိုယ်ချင်းစာနေကြမှာပါ။

ကျနော်ဟာ ကမ္ဘာမြေကြီးရဲ့ “အဆုတ်” တစ်ခုလိုပါပဲ။ လူတွေ အသက်ရှင်ဖို့ လိုအပ်တဲ့ အောက်စီဂျင်ကို ကျနော်က နေ့တိုင်း အခမဲ့ ထုတ်ပေးနေပါတယ်။

လူတွေ ထုတ်လွှတ်လိုက်တဲ့ အဆိပ်ငွေ့တွေနဲ့ ဖုန်မှုန့်တွေကို ကျနော်ရဲ့ အရွက်လေးတွေနဲ့ ဖမ်းယူစုပ်ယူပြီး လေထုကို သန့်စင်ပေးခဲ့ပါတယ်။

ကျနော်ဟာ လူသားတွေအတွက်တင် မဟုတ်ပါဘူး။ ကျနော်ရဲံ အကိုင်းအခက်တွေကြားမှာ အသိုက်ဆောက်ထားတဲ့ စာကလေးမိသားစု၊ ကျနော်ရဲ့ ကိုယ်ပေါ်မှာ ပြေးလွှားဆော့ကစားနေတဲ့ ရှဉ့်လေးတွေအတွက်လည်း ကျနော်ဟာ လုံခြုံတဲ့ အိမ်တစ်ခု ဖြစ်ပါတယ်။

နေပူလွန်းလို့ ကျနော်ရဲ့ အရိပ်အောက်ကို ခိုလှုံလာတဲ့ ခရီးသည်တွေကို အေးမြတဲ့လေပြေတွေနဲ့ ပွေ့ပိုက်ပေးရတာဟာ ကျနော့်အတွက် အပျော်ဆုံးအချိန်ပါပဲ။

ဒါပေမဲ့ အခုနောက်ပိုင်း သူငယ်ချင်း သစ်တောတွေ တစ်ပင်ပြီးတစ်ပင် လဲကျကုန်တာကို မြင်ရတာ ရင်နာဖို့ ကောင်းလှပါတယ်။

အရင်က ကျနော်ရဲံ ဘေးမှာ စိမ်းစိုနေတဲ့ သူငယ်ချင်းတွေ အများကြီး ရှိခဲ့ပေမယ့် အခုတော့ ကျနော်ဟာ ကွန်ကရစ်တောကြီးထဲမှာ တစ်ယောက်တည်း အထီးကျန်နေရပါပြီ။

မြန်မာပြည်မှာ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်တည်းမှာတင် ရန်ကုန်မြို့ကြီးရဲ့ ငါးဆလောက်ရှိတဲ့ သစ်တောတွေ ပြုန်းတီးသွားပါပြီတဲ့။

သျှမ်းပြည်၊ ကချင်ပြည်နဲ့ တနင်္သာရီက ကျနော်ရဲ့ သူငယ်ချင်းတွေလည်း အခုဆိုရင် လူသားတို့ရဲ့ လောဘဇောကြောင့် အတုံးအရုံး အသတ်ခံနေကြရပါပြီ။

ကျနော်တို့ သစ်ပင်တွေ နည်းပါးလာတဲ့အခါ ကမ္ဘာကြီးက ပိုပူလာတယ်၊ မိုးတွေကလည်း ရွာချင်တဲ့အချိန်ရွာပြီး ရေကြီးတာတွေ ဖြစ်လာတယ်။

လူတွေက ပူလွန်းလို့ လေအေးပေးစက်တွေ၊ ပန်ကာတွေနဲ့ အံတုနေကြပေမယ့် တကယ်တော့ ကျနော်တို့ သစ်ပင်တွေကို စိုက်ပျိုးတာကမှ အမြဲတမ်း အေးမြစေမယ့် သဘာဝလေအေးပေးစက်ဆိုတာကို မေ့နေကြသလားလို့ ကျနော် တွေးမိပါတယ်။

လူသားတို့ခင်ဗျာ… ကျနော်တို့ သစ်ပင်တွေမရှိရင် လူသားတွေလည်း ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ကို ခုတ်လှဲမယ့်အစား ကျနော့်ရဲ့ မျိုးဆက်သစ် အပင်ပေါက်လေးတွေကို ရှင်သန်အောင် စိုက်ပျိုးပေးကြပါ။

အပင်လေးတွေကို ဓာတ်ပုံရိုက်ဖို့သက်သက် မစိုက်ပါနဲ့။ သူတို့လေးတွေ အပင်ကြီး ဖြစ်လာတဲ့အထိ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့အထိ မေတ္တာနဲ့ ပြုစုပျိုးထောင်ပေးကြပါ။

ကျနော်တို့ရဲ့ ခြေရင်းမှာ ပလတ်စတစ် အမှိုက်တွေကို မစွန့်ပစ်ကြပါနဲ့။ မြို့ပြတွေကို တည်ဆောက်တဲ့အခါမှာလည်း ကျနော်တို့ ရှင်သန်ဖို့ နေရာလေးတွေကို ချန်လှပ်ပေးကြပါ။
ကျနော်တို့ သစ်ပင်တွေ စိမ်းလန်းစိုပြည်နေမှသာ သင်တို့ရဲ့ အနာဂတ်ဟာလည်း အေးမြသာယာမှာ ဖြစ်ပါတယ်။

ကျနော်ဟာ စကားမပြောတတ်ပေမယ့် သင်တို့ရဲ့ အသက်ကို ဆက်ပေးထားတဲ့ “အသက်ဆက်ကြိုး” လည်း ဖြစ်ပါတယ်။ ကျနော်ရဲ့ အသံမဲ့ အော်ဟစ်သံကို နားထောင်ပြီး ကမ္ဘာကြီးကို အတူတူ ကယ်တင်ကြပါစို့လို့ တောင်းဆိုလိုက်ချင်ပါတယ်ခင်ဗျာ။

ဇေယံရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...