CATEGORY

နိုင်ငံရေး

စစ်ကောင်စီ UEC ထံ သွားစစ်ဆေးမခံသည့် SNLD ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိ

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ UEC ထံ သွားရောက် အစစ်ဆေးမခံသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ယာယီရပ်ဆိုင်းနိုင်ချေရှိမည်ဟု UEC က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ လက်အောက်ခံ UEC ထံ သွားရောက်စစ်ဆေးမခံသည့် ပါတီများအနက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့်...

မိုးဗြဲ နှင့် ဖယ်ခုံ PDF ကို စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နှင့် မိုးဗြဲ ကို စစ်ကောင်စီတပ်ဖွဲ့တို့က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်မှ စတင်ကာ အာဏာသိမ်းစစ်ကောင်စီတို့သည် ဖယ်ခုံမြို့ရှိ လွိုင်ကော် - တောင်ကြီး လမ်းမကြီးတစ်လျှောက်တွင် လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် စတင်ပစ်ခတ်နေပြီး လက်နက်ကြီးများကြောင့်...

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းဖြင့် ကြိုးပမ်းဆောင်ရွက်မည်

လက်ရှိ နိုင်ငံရေး အထွေထွေ အကျပ်တည်း ဖြေရှင်းနိုင်ရေးကို အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းမှတဆင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို PPST အနေဖြင့် တတ်နိုင်သည့်လမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း PPST ဦးဆောင်မှု အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်း က အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု...

မိုးဗြဲမြို့တွင်း တိုက်ပွဲပြင်းထန် PDF တစ်ဦး ကျဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ ယနေ့ (ဖေဖော်ဝါရီ ၁၇) မနက်ပိုင်းတွင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး PDF တပ်ဖွဲ့ဘက်မှ (၁) ဦး ကျဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက် မိုးဗြဲမြို့တွင် စစ်ကောင်စီ...

စစ်အာဏာသိမ်းခေါင်းဆောင် ကျိုင်းတုံဟော်နန်းပုံတူ ကျပ်သိန်း လေးသောင်းကျော် ကုန်ကျခံ ပြန်တည်ဆောက်မည်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဟော်နန်းပုံတူကို ပြန်လည်တည်ဆောက်ရန် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က သိန်းပေါင်း လေးသောင်းကျော် ကုန်ကျခံမည် ဟု သတင်းရရှိသည်။ ယနေ့ ဖေဖော်ဝါရီ (၁၇)ရက် မနက်ပိုင်းတွင် ကျိုင်းတုံဟော်နန်းတည်ဆောက်ရန်အတွက် သံဃာတော်များ၊ ဒေသခံလူထုများ အပါအဝင် စစ်‌အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် တို့က ပန္နက်ရိုက်ခဲ့ကြောင်း ကျိုင်းတုံဒေသခံ တစ်ဦးက...

NCA ထိုးထားသည့် RCSSနှင့် PNLO ပဋိပက္ခကြား ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟုဆို

NCA လက်မှတ်ထိုးထားသည့် RCSS/SSA နှင့် PNLO/PNLA တိုက်ပွဲဖြစ်ပွားမှုအပေါ် ငြိမ်းချမ်းရေးကို ဦးတည်ပြီး ဖြေရှင်းမည်ဟု သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၆) ရက် သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသအတွင်းတွင် NCA ထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်...

နိုင်ငံရေးအရှုပ်ကြား သိန္နီမြို့ မိုင်းလီပြည်သူ့စစ်ဖွင့်လှစ်သည့် လောင်းကစားဝိုင်း

လက်နက်ကိုင်ဆောင်ထားပြီး စစ်ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် ပြည်သူ့စစ်များသည် လောင်းကစား ကုန်းကင်းခုံ အများအပြား အနီးတဝိုက်တွင် စောင့်ဆိုင်းနေပြီး ထိုနေရာကို လူအစုလိုက် အပြုံလိုက် လာရောက်ဆော့ကစားနေကြသည်။ ထိုနေရာသည် သျှမ်းပြည်မြောက်ပိုင်း မိုင်းလီပြည်သူ့စစ်တပ်ဖွဲ့ ဦးဆောင်ပြီး သိန္နီမြို့ အမှတ် (၂)ရပ်ကွက် ဘုန်းကြီးကျောင်းအနီးရှိ ကွင်းပြင်ထဲတွင် လောင်းကစားဝိုင်းများ လာရောက် ဖွင့်လှစ်ကြောင်း...

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အမျိုးသမီးတစ်ဦးထိမှန် ခြေထောက်ဖြတ်ရ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး ထိမှန်ခဲ့ပြီး ခြေထောက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက တင့်ကားဖြင့် ပစ်ခတ်ခဲ့ရာမှ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်ခဲ့ကြောင်း သိရသည်။ “တိုက်ပွဲက အခုလည်း...

ပင်းတယမြို့တွင်း စစ်ကောင်စီတပ်သားများရှိသည့်ကြား ခိုးယူလုယူမှုပိုများလာ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သား အများအပြားရှိနေသည့်ကြား ခိုးယူလုယူမှုလည်း ပိုများပြားလာကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှ စတင်ကာ ပင်းတယမြို့နယ်အတွင်းတွင် ပြည်သူနေအိမ်များအထိ စစ်ကောင်စီ တပ်သားတို့၏ အကြမ်းဖက် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများအပြင် ဒေသတွင်း သူခိုးများလည်း ပေါများလာသည့် အတွက် နေ့စဥ် လူနေမှုဘဝ မလုံခြုံကြောင်း...

စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကျိုင်းတုံမြို့သို့ ရောက်ရှိ လုံခြုံရေးတင်းကြပ်ထား

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ယနေ့ (ဖေဖော်ဝါရီ ၁၅)ရက်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ကာချုပ် မင်းအောင်လှိုင်က ရောက်ရှိလာပြီး လုံခြုံရေးကို တင်းကြပ်ထားကြောင်း စုံစမ်းသိရှိရသည်။ ကာချုပ် မင်းအောင်လှိုင်သည် ယနေ့ မနက် (၇)နာရီဝန်းကျင်က ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရားကြီး နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် ပူဇော်ပွဲနှင့် ထီးတော်တင်ပွဲကို ရောက်ရှိလာပြီး...

Latest news