CATEGORY

နိုင်ငံရေး

ဆီဆိုင်မြို့နယ်ရောက် ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရောက် ကရင်နီပြည် (ကယား)မှ စစ်ရှောင်များ စားနပ်ရိက္ခာ ခက်ခဲကြုံတွေ့နေကြောင်း သတင်းသိရသည်။ လက်ရှိ စစ်ရှောင်တချို့ နေရပ်ပြန်သွားသော်လည်း စစ်ရှောင်စခန်းများတွင် ခိုလှုံနေသည့်သူ များစွာကျန်ရှိနေသေးကြောင်း၊ အလှူရှင်များ နည်းပါးသွားသည့်အတွက် အစားအသောက်များခက်ခဲလာခြင်းဖြစ်ကြောင်း စစ်ရှောင်ကူညီသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ "ကျနော်တို့ ဖွင့်ထားတဲ့ စခန်းတွေမှာ တစ်ပတ်စာလောက်ပဲ ကျန်တယ်၊ တချို့နေရာက...

ရွာငံမြို့နယ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နှင့်အတူ မိသားစုဝင်များ ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နှင့်အတူ ၎င်း၏မိသားစုဝင်များကို စစ်ကောင်စီတို့က ဖမ်းဆီးခေါ်ဆာင်သွားကြောင်း သတင်းသိရသည်။ ရွာငံမြို့နယ် အလယ်ချောင်ရွာတွင်နေထိုင်သည့် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏနှင့် ၎င်း၏ မိသားစုဝင်များကို ယနေ့ (မတ် ၇)ရက် အာရုဏ်ဦးအချိန်တွင် စစ်ကောင်စီဘက်မှ အင်အားအများအပြားတို့ဖြင့်...

သျှမ်း-ကရင်နီ နယ်စပ်စစ်ရှောင်များ ရေခက်ခဲမှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း နှင့် အင်းလေး တောင်ပိုင်း တောင်ပေါ်ဒေသရှိ ကရင်နီပြည်မှ စစ်ဘေးရှောင်များသည် ယခုကာလအတွင်း ရေအခက်အခဲ စတင်ကြုံနေရကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် နွေဦးရာသီရောက်လာပြီဖြစ်သဖြင့် တောင်ပေါ်ဒေသနှင့် တွင်းရေကန်ရေများ၊ ရေချောင်းရေအိုင်များ ခမ်းခြောက်လာမှုကြောင့် ရေအခက်အခဲများဖြစ်ပေါ်နေပြီး စစ်ရှောင်များအနေဖြင့် သောက်သုံးရေများကို ဝယ်ယူသုံးစွဲနေရကြောင်း သတင်းသိရသည်။ “အရင်တုန်းက နန်းမယ်ခုံဘက်မှာ ရှောင်နေတုန်းက ဒီအခက်ခဲမရှိဘူး၊...

ဒလန်သတင်းပေးမှုကြောင့် တောင်ကြီးမြို့ပေါ် လူငယ်များဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်တွင် ဒလန်သတင်းပေးမှုကြောင့် လူငယ်များဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် (မတ်လ ၃) ရက် ညပိုင်းတွင် တောင်ကြီးမြို့ လမ်းမတော်ရပ် စိန့်ဂျိုးဇက် ကက်သလစ် ခရစ်ယာန်ဘုရားကျောင်း လမ်းကြားထဲရှိ BH Hotel မှ ဝန်ထမ်းအားလုံးကို ရဲတပ်သားများ က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီးနောက် တော်လှန်ရေးအဖွဲ့မှ...

ရပ်စောက်မြို့နယ် ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့မှ ဒီဇိုင်နာအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သား အင်အားများစွာဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ မတ်လ ၁ ရက် ညနေပိုင်းတွင် ရပ်စောက်မြို့နယ် အင်တောမြို့ မှ အသက် ၂၂ နှစ် အရွယ်ရှိ မစိုးဆုမြတ်လွင် (ခ) ဘုတ်ဘုတ်ကို နိုင်ငံရေးအကြောင်း...

ဖယ်ခုံမြို့နယ် စစ်ရှောင် ၆၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ရှောင်များ ၆၀၀၀ ကျော်ရှိပြီး စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ စားဝတ်နေရေးခက်ခဲနေသည့် စစ်ရှောင်များသည် အများစုမှာ ကရင်နီပြည် (ကယား)မှ လာသည့် စစ်ရှောင်များဖြစ်ပြီး၊ အဆင်ပြေသည့်နေရာများတွင် တဲထိုးပြီး နေထိုင်နေရကြောင်း ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့ စစ်တမ်းအရဆိုရင် ဖယ်ခုံမြို့နယ်ထဲမှာက...

ပြည်သူတွေ ခက်ခဲနေသည့်ကြား ဓာတ်ဆီဈေး ထပ်မံမြင့်တက်

ပြည်သူများအတွက် စားဝတ်နေရေးခက်ခဲနေသည့်အချိန် စက်သုံးဆီ ဓာတ်ဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ပိုခက်ခဲလာကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၃)ရက်နေ့တွင် သျှမ်းပြည်အတွင်းရှိ ဓာတ်ဆီဆိုင်များသည် ၁ လီတာကို ၂ ထောင်ကျပ်ထိ မြင့်တက်လာပြီး ပြည်သူများ ခရီးသွားလာရေးအတွက် ခက်ခဲလာကြောင်း သိရသည်။ “တစ်လီတာကို ၂၀၀၀ ကျော်လောက်ပေးရတယ်။ ဈေးက အရမ်းကြီး...

နမ့်ခမ်းမြို့ စစ်ကောင်စီ မှ ဒေသခံများထံ အိမ်ထောင်စု မိတ္တူများလိုက်တောင်းနေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများသည် ဒေသခံများထံ အိမ်ထောင်စု မိတ္တူများ လိုက်လံကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာအသီးသီးရှိ နေအိမ်များမှ အိမ်ထောင်စု မိတ္တူ (၂)စောင်ကို သက်ဆိုင်ရာ ရပ်ကွက် စာကြည့်တိုက်များထံ လာရောက်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များက ပြောလာကြောင်း နမ့်ခမ်းဒေသခံ အသက် ၃၀...

CSSU လုပ်ငန်းစဉ်များ RCSS ခေတ္တဆိုင်းငံ့မည်

သျှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) သည် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရာမှာ ထိုက်သင့်သလောက် တိုးတက်မှုမရရှိခဲ့သဖြင့် RCSS အနေဖြင့် ခေတ္တဆိုင်းငံမည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၂၆)ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့သည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်သည် (RCSS/SSA) သည် CSSU ကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ CSSU ၏ ရည်မှန်းချက်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများအကြား...

ဆီဆိုင်မြို့နယ် စစ်ဘေးရှောင်ပြည်သူ ၂၀၀၀ ကျော် ထပ်မံရောက်ရှိလာ

ယခုရက်ပိုင်းအတွင်းတွင် ကရင်နီပြည်နှင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာသဖြင့် ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ရှောင် ၂၀၀၀ ကျော် ထပ်မံ ရောက်ရှိလာကြောင်း သတင်းသိရသည်။ တိုက်ပွဲတိမ်းရှောင်လာသူများသည် လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ပြည်သူ များ ဖြစ်ကြပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀...

Latest news