၂၀၂၃ ရွေးကောက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီဟု ကျားဖြူပါတီ ဥက္ကဌပြော

လာမည့် ၂၀၂၃ ခုနှစ် သြဂုတ်လတွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ကျားဖြူပါတီသည် အဆင်သင့် ဖြစ်နေကြောင်း ပါတီ ဥက္ကဌ ဖြစ်သူ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ SNDP ပါတီ မဲဆွယ်စည်းရုံးစဥ်

“ကျနော်တို့က ဝင်ပြိုင်မှာပါ၊ ပြင်ဆင်ထားပြီးပါပြီ။ ထိုက်သင့်သလောက်လည်း အဆင်သင့် ဖြစ်နေပါပြီ၊ လာမယ့် ရွေးကောက်ပွဲမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်မယ်လို့လည်း ထင်ပါတယ်” ဟု လုံးစိုင်းအိုက်ပေါင်းက ပြောဆိုထားသည်။

အာဏာသိမ်း စစ်ကောင်စီမှ ခန့်အပ်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကို ဒီဂျစ်တယ်မဲပေး စနစ်နှင့် ကျင်းပပြုလုပ်ရန် ပြင်ဆင်နေပြီး ကျားဖြူပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အဆင်သင့် ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ကျားဖြူပါတီသည် နေရပ် မပြန်နိုင်သည့် တောင်ကြီးရောက် ကျောက်မဲမြို့နယ်ဘက်မှ စစ်ရှောင်ပြည်သူများကို ဟိုပုံးမြို့နယ်တွင် နေရာရရှိရေး ကြိုးစားဆောင်ရွက်ပေးမှုများလည်း ရှိသည့်အတွက် ရွေးကောက်ပွဲ ရလဒ်ကောင်း ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း လုံးစိုင်းအိုက်ပေါင်းက ဆက်ပြောသည်။

“ကျနော်တို့ မနိုင်စဥ်မှာ ကျောက်မဲဘက်က စစ်ဘေးရှောင်တွေက တောင်ကြီးဘက်က ဘုန်းကြီးကျောင်းမှာ လ နဲ့ ချီပြီးတော့ နေနေကြရတယ်၊ နေရပ်ကိုလည်း မပြန်နိုင်ဘူး၊ ဆိုတော့ ကျနော်က သူတို့ကို ဒီ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်မှာပဲ အခြေချ နေထိုင်ခွင့်ပြုပါလို့ အထက်ကို စာရေးပေးလိုက်တဲ့ အခါမှာ သူတို့က အဲ့နေရာမှာပဲ ရွာသစ် တည်နိုင်ခဲ့ပြီလေ၊ ဒါတောင် ကျနော်တို့က မနိုင်ခဲ့ဘူး ၊ မနိုင်ခဲ့ပေမယ့် သျှမ်းပြည်သူ လူထုရဲ့ အခက်အခဲ ကို အတတ်နိုင်ဆုံး ကြိုးစားပေးတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကျားဖြူပါတီသည် ပြည်နယ်ဝန်ကြီး ၆ ဦး နှင့် လွှတ်တော်ကိုယ်စားလှယ် ၅၈ ဦး အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်ရှိ မဲဆန္ဒနယ် ၁ နေရာသာ အနိုင်ရခဲ့သည်။

လက်ရှိ အချိန်သည် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများက စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှု အပိုင်းများကို မေးခွန်းထုတ်နေကြသလို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း နစက ကျင်းပမည့် ရွေးကောက်ပွဲကို မပျက် ပျက်အောင် ဖျက်မည်ဟု ယာယီသမ္မတ ဒူဝါလရှီးလ က ပြောထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...