Tuesday, January 27, 2026

EAOs အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မဖြစ်ကြောင်း စစ်ကောင်စီ အကြောင်းပြန်

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ EAOs (၇) ဖွဲ့မှ ကမ်းလှမ်းသည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအတွက် စစ်ကောင်စီဘက်မှ အဆင်သင့် မဖြစ်သေးဘူးဟု အကြောင်းပြန်ကြောင်း သတင်းသိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ၇ ဖွဲ့မှ ကမ်းလှမ်းစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမ်းလှမ်းချက်တွင် ဒီဇင်ဘာ ၁၂ ရက်၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တစ်ဖက်ကိုယ်စားလှယ် အနည်းငယ် ဖြင့် ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို သိုသိပ်စွာပြုလုပ်ရန် ကမ်းလှမ်းသော်လည်း စစ်ကောင်စီ ဘက်က အဆင်သင့် မဖြစ်သေးဟု အကြောင်းပြန်ခဲ့ကြောင်း NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ အခုသွားနေတဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးက အဖွဲ့အစည်းက တစ်ဖက် စီစဥ်တဲ့ အတိုင်း တစ်ဖက်က လိုက်ပါ ဆောင်ရွက်ရတာမျိုးမဟုတ်ပဲနဲ့ ဒါက ကျနော်တို့ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ရော NSPNC ဘက်ကရော နှစ်ဖက်စလုံးက အဆင်ပြေတဲ့အချိန် နေရာ ကာလက အစ ညှိနှိုင်း ရမှာပေါ့၊ ပြီးတော့ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း သူ့နေရာနဲ့သူ အခက်အခဲ ရှိသလို၊ NSPNC မှာ လည်း ဒီလိုမျိုး ကမ်းလှမ်းမှုအပေါ်မှာ လောလောဆယ်ကတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့က အဆင်သင့်မဖြစ် သေးဘူးဆိုတဲ့အကြောင်းကို သူတို့က အကြောင်းပြန်လာခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးအဖွဲ့ အဖြစ် ဖွဲ့စည်းထားသည့် EAO (၇) ဖွဲ့သည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

EAOs အဖွဲ့ (၇) ဖွဲ့ နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ၃ ရက်အလိုတွင် (NSPNC) ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ရာပြည့်ထံ ပေးပို့သည့် EAOs အဖွဲ့ (၇) ဖွဲ့၏ စာလည်းပေါက်ကြား လာခဲ့သည်။

ထို စာထဲတွင် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ် အနည်းငယ် ဖြင့် သိုသိပ်စွာ အလွတ်သဘော ဆွေးနွေးလိုကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ် စုံညီစွာဖြင့် အလွတ်သဘော ဆွေးနွေးလိုကြောင်း စာအရ သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဆိုပြုပြီး ရရှိသည့် ဘုံသဘောထားများနှင့် သဘောတူညီချက်များကို နှစ်ဖက်သင့်တော်မည့် နေရာနှင့် အချိန် ကာလတွင် လက်မှတ်ရေးထိုးရန် အဆိုပြုကြောင်း EAOs (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ က ပြောဆိုသည်။

သို့သော်လည်း ပုံမှန်နိုင်ငံရေး အခင်းအကျင်းများအရ NSPNC ဘက်မှ EAOs ၏ ကမ်းလှမ်းချက်အပေါ် အပြန်အလှန် အသိအမှတ် ပြုမှုရှိသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် (NSPNC) အနေနဲ့ အလွတ်သဘောတွေ့ဆုံရန် အဆင်သင့် မဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“လက်ရှိ ကျနော်တို့ နိုင်ငံက ဘယ်အစိုးရ လက်ထက်မှာမှ မကြုံရတဲ့ အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော် နေရ တဲ့ အတွက် ကျနော်တို့ အားလုံးသည် ရည်မှန်းချက် တူညီချင်မှ တူညီကြမယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက်၊ ဖယ်ဒရယ် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောင်ဖို့အတွက် အားလုံးက အတူတူပဲ ဖြစ်ပါ တယ်၊ အခုလို ပုံမှန်မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းအောက်မှာတော့ ကျနော်တို့ရဲ့ လုပ်ပုံလုပ်နည်းတွေ လုပ်နည်း လုပ်ဟန်တွေက ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်၊ အခုလို ဖြစ်စဥ်အပေါ်မှာလည်း စိတ်ပျက် အားလျှော့ဖွယ်ရာ မရှိပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

ယခု ဒီဇင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) မှ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဌက NCA လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေနှင့် လက်နက် ဆက်လက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...