EAOs အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မဖြစ်ကြောင်း စစ်ကောင်စီ အကြောင်းပြန်

NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ EAOs (၇) ဖွဲ့မှ ကမ်းလှမ်းသည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအတွက် စစ်ကောင်စီဘက်မှ အဆင်သင့် မဖြစ်သေးဘူးဟု အကြောင်းပြန်ကြောင်း သတင်းသိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) ၇ ဖွဲ့မှ ကမ်းလှမ်းစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကမ်းလှမ်းချက်တွင် ဒီဇင်ဘာ ၁၂ ရက်၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တစ်ဖက်ကိုယ်စားလှယ် အနည်းငယ် ဖြင့် ကနဦး အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကို သိုသိပ်စွာပြုလုပ်ရန် ကမ်းလှမ်းသော်လည်း စစ်ကောင်စီ ဘက်က အဆင်သင့် မဖြစ်သေးဟု အကြောင်းပြန်ခဲ့ကြောင်း NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ အခုသွားနေတဲ့ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးက အဖွဲ့အစည်းက တစ်ဖက် စီစဥ်တဲ့ အတိုင်း တစ်ဖက်က လိုက်ပါ ဆောင်ရွက်ရတာမျိုးမဟုတ်ပဲနဲ့ ဒါက ကျနော်တို့ အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ရော NSPNC ဘက်ကရော နှစ်ဖက်စလုံးက အဆင်ပြေတဲ့အချိန် နေရာ ကာလက အစ ညှိနှိုင်း ရမှာပေါ့၊ ပြီးတော့ ဒီဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း သူ့နေရာနဲ့သူ အခက်အခဲ ရှိသလို၊ NSPNC မှာ လည်း ဒီလိုမျိုး ကမ်းလှမ်းမှုအပေါ်မှာ လောလောဆယ်ကတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့က အဆင်သင့်မဖြစ် သေးဘူးဆိုတဲ့အကြောင်းကို သူတို့က အကြောင်းပြန်လာခဲ့ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးအဖွဲ့ အဖြစ် ဖွဲ့စည်းထားသည့် EAO (၇) ဖွဲ့သည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

EAOs အဖွဲ့ (၇) ဖွဲ့ နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ၃ ရက်အလိုတွင် (NSPNC) ဥက္ကဌ ဒု- ဗိုလ်ချုပ်ကြီး ရာပြည့်ထံ ပေးပို့သည့် EAOs အဖွဲ့ (၇) ဖွဲ့၏ စာလည်းပေါက်ကြား လာခဲ့သည်။

ထို စာထဲတွင် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ် အနည်းငယ် ဖြင့် သိုသိပ်စွာ အလွတ်သဘော ဆွေးနွေးလိုကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ် စုံညီစွာဖြင့် အလွတ်သဘော ဆွေးနွေးလိုကြောင်း စာအရ သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် အဆိုပြုပြီး ရရှိသည့် ဘုံသဘောထားများနှင့် သဘောတူညီချက်များကို နှစ်ဖက်သင့်တော်မည့် နေရာနှင့် အချိန် ကာလတွင် လက်မှတ်ရေးထိုးရန် အဆိုပြုကြောင်း EAOs (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ က ပြောဆိုသည်။

သို့သော်လည်း ပုံမှန်နိုင်ငံရေး အခင်းအကျင်းများအရ NSPNC ဘက်မှ EAOs ၏ ကမ်းလှမ်းချက်အပေါ် အပြန်အလှန် အသိအမှတ် ပြုမှုရှိသော်လည်း လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် (NSPNC) အနေနဲ့ အလွတ်သဘောတွေ့ဆုံရန် အဆင်သင့် မဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“လက်ရှိ ကျနော်တို့ နိုင်ငံက ဘယ်အစိုးရ လက်ထက်မှာမှ မကြုံရတဲ့ အခက်အခဲတွေကို ရင်ဆိုင် ဖြတ်ကျော် နေရ တဲ့ အတွက် ကျနော်တို့ အားလုံးသည် ရည်မှန်းချက် တူညီချင်မှ တူညီကြမယ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အတွက်၊ ဖယ်ဒရယ် ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောင်ဖို့အတွက် အားလုံးက အတူတူပဲ ဖြစ်ပါ တယ်၊ အခုလို ပုံမှန်မဟုတ်တဲ့ နိုင်ငံရေး အခင်းအကျင်းအောက်မှာတော့ ကျနော်တို့ရဲ့ လုပ်ပုံလုပ်နည်းတွေ လုပ်နည်း လုပ်ဟန်တွေက ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်၊ အခုလို ဖြစ်စဥ်အပေါ်မှာလည်း စိတ်ပျက် အားလျှော့ဖွယ်ရာ မရှိပါဘူး” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

ယခု ဒီဇင်ဘာလ လဆန်းပိုင်းတွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) မှ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဌက NCA လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေနှင့် လက်နက် ဆက်လက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...