ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ခေါင်းဆောင် သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီမှ ဖမ်းဆီးလိုက်ခြင်းသည် စစ်ပွဲကို ဦးတည်ခြင်းဖြစ်သည် ဟု ကမ္ဘာ့ ကချင်ကွန်ကရက် (WKC) က ထုတ်ပြန်လိုက်သည်။

ကချင်တစ်မျိုးသားလုံး၏ ရှေ့ဆောင်လမ်းပြ ဒေါက်တာခလမ်ဆွမ်ဆန်ကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးထားခြင်းသည် လူမျိုးရေးကို ပိုမိုရှုပ်ထွေးစေပြီး စစ်ပွဲကို ရည်ရွယ်ချက် ရှိရှိ ဦးတည်ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၆ ရက်စွဲဖြင့် WKC က ထုတ်ပြန်ခဲ့သည်။
ထိုထုတ်ပြန်ချက်ထဲတွင် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို ဖမ်းဆီးထားခြင်းသည် ကချင်တစ်မျိုးသားလုံးကို လွန်စွာ ဒေါသထွက်ရပြီး အလွန်အကြူး ရန်စစော်ကားသည်ဟု ရေးသားထားသည်။
ထိုအပြင် စစ်ကောင်စီ၏ အစေပါးခံ ဆောက်ရွက်ပေးနေသူများကို အမြစ်ပြတ် ချေမှုန်းကြရန် နှင့် တော်လှန်ရေးတွင်လည်း တက်နိုင်သည့်လမ်းမှ အရှိန်မြင့်ပါဝင်ပြီး၊ ဖမ်းဆီးခံထားရသည့်သူများကိုလည်း တော်လှန်ရေး ရဲဘော်မှ အရှိန်မြင့်ပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။
ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ဒီဇင်ဘာ ၄ ရက်က ဘန်ကောက်သို့ ဆေးစစ်ရန်အတွက် မန္တလေး လေဆိပ်တွင် ဖမ်းဆီးခံရပြီး ၅ ရက်နေ့တွင် ပြန်လွတ်လာပြီး မြစ်ကြီးနားလေဆိပ်တွင် ထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။ လက်ရှိမှာ မည်သည့်နေရာသို့ ဖမ်းဆီးသွားကြောင်း မရှိရသေးပေ။
ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ၏ ဥက္ကဌဟောင်းတစ်ဦးဖြစ်သည်။











Leave a Comments