စစ်ကောင်စီ နှင့် တွေ့ဆုံဆွေးနွေးဖို့ NCA အဖွဲ့များမှ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်း

စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) မှ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သတင်းသိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပုံ

ယင်းကဲ့သို့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ ဖွဲ့စည်းခြင်းသည် EAOs များ တပေါင်းတစည်းတည်း NSPNC နှင့် တွေ့ဆုံဆွေးနွေးရန် အတွက် ရည်ရွယ်ကြောင်း NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလွတ်သဘော တွေ့ဆုံဆွေးနွေးအဖွဲ့ အဖြစ် ဖွဲ့စည်းထားသည့် EAO ၇ ဖွဲ့သည် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

“ဒီအလွတ်သဘောဆွေးနွေးမှုမှာ စုဖွဲ့ထားတာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပဲ ရှိပါတယ်၊ NCA လက်မှတ် ထိုးထားပြီး နစက က ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီးတဲ့ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်၊ အရင်ကလို တစ်ဖွဲ့ချင်းတွေ့ဆုံတဲ့ အခင်းအကျင်းမဟုတ်တော့ပဲ ဒီအဖွဲ့ ၇ ဖွဲ့ကနေပြီးတော့ တခါတည်း တပေါင်းတစည်းတည်း တွေ့ဆုံနိုင်တဲ့ အခင်းအကျင်း ၊ စုပေါင်းတွေ့ဆုံနိုင်တဲ့ အကြောင်းအရာနဲ့ ကျနော်တို့က ပထမဆုံး အလွတ်သဘောနဲ့ ဆောင်ရွက်ဖို့ ကြိုးပမ်းတာပါ” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် NSPNC အဖွဲ့နှင့် တွေ့ဆုံရန်အတွက် NCA လက်မှတ်ရေးထိုးထားသည့် EAOs တပ်ဖွဲ့ (၇) ဖွဲ့က ဆွေးနွေးမှု မတိုင်ခင် အလွတ်သဘော ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆက်ပြောသည်။

“သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု မတိုင်ခင်မှာ မလုပ်နိုင်သေးတဲ့ စပ်ကြားမှာ လက်ရှိ နေပြည်တော်သွားခဲ့တဲ့ အဖွဲ့ ၇ ဖွဲ့ကနေ စုပေါင်းဖွဲ့စည်းထားတဲ့ ဒီအလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့နဲ့ စုပေါင်းအဖြေရှာနိုင်တဲ့ အခင်းအကျင်းတစ်ခုကို ကျနော်တို့ စတင် အစပျိုးလို့ရအောင် ကျနော်တို့အနေနဲ့ အလွတ်သဘောပေါ့လေ ပွင့်ပွင့်လင်းလင်း စတင်အခြေပြုတာဖြစ်ပါတယ်၊ ပြောရမယ်ဆိုရင် ဒါက အခုမှ စတင် အခြေပြုတယ်၊ ကမ်းလှမ်းတယ်၊ ညှိနှိုင်းတယ်ပေါ့ဗျာ၊ အလွတ်သဘော ဆွေးနွေးမှု မလုပ်နိုင်သေးဘူး” ဟု ဗိုလ်မှူးစောကျော်ညွန့်က ပြောသည်။

EAO (၇) ဖွဲ့၏ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့အနေနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ နှစ်ဖက်လက်ခံနိုင်သော ဘုံသဘောထားနှင့် သဘောတူညီချက်များ ရရှိနိုင်ရေး ကြိုးပမ်းသွားရန် ဆန္ဒရှိကြောင်းလည်း သတင်းသိရသည်။

EAOs အဖွဲ့ (၇) ဖွဲ့ နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု မတိုင်ခင် ၃ ရက်အလိုတွင် (NSPNC) ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်ထံ ပေးပို့သည့် EAOs အဖွဲ့ (၇) ဖွဲ့၏ စာလည်းပေါက်ကြား လာသည်။

ထို စာထဲတွင် ဒီဇင်ဘာလ ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တဖက်လျှင် ကိုယ်စားလှယ် အနည်းငယ် ဖြင့် သိုသိပ်စွာ အလွတ်သဘောဆွေးနွေးလိုကြောင်း၊ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့ (သို့မဟုတ်) မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်စုံညီစွာဖြင့် အလွတ်သဘောဆွေးနွေးလိုကြောင်း စာအရ သိရသည်။

ထို့နောက် ဒီဇင်ဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့တွင် တရားဝင် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ်ရန် အဆိုပြုပြီး ရရှိသည့် ဘုံသဘောထားများနှင့် သဘောတူညီချက်များကို နှစ်ဖက်သင့်တော်မည့် နေရာနှင့် အချိန် ကာလတွင် လက်မှတ်ရေးထိုးရန် အဆိုပြုကြောင်း EAOs (၇)၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ က ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အစိုးရအဖွဲ့ အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဌက NCA လက်မှတ်ထိုးပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များ အနေနှင့် လက်နက် ဆက်လက်ကိုင်ချင်ပါက မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် (BGF) ထဲဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောဆိုခဲ့ ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မောက်မယ် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ၇၈ ဦး RCSS ထံ ဘက်ပြောင်းခိုလှုံ

0
သျှမ်းပြည် မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ စုစုပေါင်း (၇၈) ဦးတို့ RCSS တပ်ဖွဲ့ထံ သွားရောက်ပူးပေါင်းခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) တွင် မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...