စစ်ကောင်စီခန့် သျှမ်းပြည်တရားသူကြီးချုပ် မှ တရားရေး ကဏ္ဍ ပိုကောင်းလာမည်ကို ရှေ့နေများမျှော်လင့်

စစ်ကောင်စီမှ ပြောင်းလဲ ခန့်အပ်လိုက်သည့် သျှမ်းပြည်တရားလွှတ်တော် တရားသူကြီးချုပ် နှင့် တရားသူကြီးတို့မှ သျှမ်းပြည် တရားရေးကဏ္ဍ ပိုကောင်းလာမည်ကို ရှေ့နေများ မျှော်လင့်နေကြောင်း သတင်းသိရသည်။

သျှမ်းပြည်နယ် တရားလွှတ်တော်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်တွင် သျှမ်းပြည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကို ဦးသန်းလွင်ဦး အဖြစ် သော်လည်းကောင်း၊ ပြည်နယ် တရားသူကြီးကို ဒေါ်နန်းမေယဥ် အဖြစ် သော်လည်းကောင်း ပြောင်းလဲ ခန့်အပ် လိုက်ကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကဲ့သို့ ပြောင်းလဲခန့်အပ်ခြင်းနှင့် ပတ်သက်ပြီး တရားရေး ကဏ္ဍ ကို ထိရောက်မှုဖြစ်စေလို ကြောင်း တောင်ကြီးမြို့နေ အသက် ၅၀ ဝန်းကျင် အထက်တန်းရှေ့နေတစ်ဦး အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူနေရာအပြောင်းအလဲဖြစ်တာပါ၊ ဘယ်လိုပဲ ပြောင်းလဲမှုဖြစ်ဖြစ် တရားရေး ကဏ္ဍ ကို ပိုပြီးတော့ ထိထိ ရောက်ရောက် လုပ်နိုင်ဖို့ပဲ မျှော်လင့်မိပါတယ်၊ စစ်ဥပဒေတွေကိုပဲ မဟုတ်ပဲနဲ့ အရပ်သား ပြည်သူတွေရဲ့ အမှု တရားရေးကိစ္စလည်း ကောင်းမွန်စေချင်တယ်” ဟု တောင်ကြီးမြို့နေ ရှေ့နေက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ ၅ ရက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဦးသန်းလွင်ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အမိန့်အမှတ် ၇၇/၂၀၂၂ အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်ခြင်းဖြစ်ပြီး တရားသူကြီး ဒေါ်နန်းမေယဥ်ကို နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၉ အမိန့်အမှတ် ၇၈/၂၀၂၂ အရ လွဲပြောင်းခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ယင်းကဲ့သို့ ပြောင်းလဲ ခန့်အပ်လိုက်ခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီတို့သည် ၎င်းတို့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး နေ့စဥ်နှင့်အမျှ အပြောင်းအလဲများရှိနေကြောင်း အသက် ၃၀ ကျော် လားရှိုးမြို့မှ ရှေ့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒါက သူတို့ လုပ်ပိုင်ခွင့်ကိုသူတို့ တောက်လျှောက်နေတယ်၊ နေ့စဥ်နဲ့အမျှ ပြန်တမ်းစာတွေလည်း ထုတ်နေတယ်၊ အဲ့ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီဘက်က အပြောင်းအလဲ လုပ်ဖို့ ကြိုးစားနေတယ်လို့ မြင်တယ်၊ ဘယ်လို ဆက်ဖြစ်လာ မလဲတော့ မသိသေးဘူးပေါ့” ဟု ရှေ့နေ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင် တရားသူကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးကြွယ်ကြွယ်သည် အသက်အရွယ် ၆၅ နှစ်ပြည့်သဖြင့် တာဝန်မှရပ်နားခံရပြီး ၎င်းနေရာလစ်လပ်နေတဲ့ အတွက် စစ်ကောင်စီက ဦးသန်းဦးလွင်ကို လွှဲပြောင်းပေးသွားခြင်း ဖြစ်ကြောင်း အမျိုးသမီး ရှေ့နေကဆက်ပြောသည်။

သျှမ်းပြည်ရှိ တရားလွှတ်တော်များကို ခရိုင်တရားရုံး ၁၀ ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံး ၃ ရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၁ ရုံး၊ မြို့နယ်အလိုက် တရားရုံး ၅၀ ရုံးဖြင့် ဖွဲ့စည်းထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...