RCSS/SSA ဥက္ကဌ အချင်းချင်း အမုန်းစကားမပွားရန် ပြည်သူများကို မှာကြား

သျှမ်းလူထုများအနေဖြင့် တစ်ဦးနှင့် တစ်ဦး အမုန်းစကားမပွားကြရန် အပြစ်တင်မီးမှောင်းထိုးမပြောရန် သျှမ်းပြည်ပြန်လည် ထူးထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြောကြားလိုက်သည်။

RCSS ဥက္ကဌ ဗိုလ်မှူးကြီး ယွက်စစ်

အဆိုပါပြောဆိုမှုသည် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဝတ်ကူမန့်ဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ၂၂ရက် တွင် ပြုလုပ်သည့် သျှမ်းနှစ်သစ်ကူးပွဲတွင် တက်ရောက်ပြောဆိုခဲ့သည်။

“ကျနော်မှာကြားချင်တာကတော့ အမုန်းစကားတွေမပွားကြရန်။ အမှားကြီးနဲ့ အပြစ်တွေတွေကို မီးမှောင်းထိုးမရှာရန်။ တစ်ဦးကိုတစ်ဦးမနာလို တွေမထားကြရန်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ရောက်ရှိ အလုပ်လုပ်သည့် ထိုင်းနိုင်ငံ ဘုရင့်အရိပ်အောက်မှာ ရှာဖွေစားသောက်ချိန် ဘုရင့်ကိုလည်းကျေးဇူးသိတက်ဖို့လိုအပ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ် က တိုက်တွန်းပြောဆိုလိုက်သည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ၏ စည်းမျဉ်း စည်းကမ်း၊ အစိုးရ နှင့် အလုပ်ရှင်များကိုလည်း သိတက်ဖို့လိုအပ်သလို သျှမ်းလူမျိုး အချင်းချင်းကြားရန်ဖြစ်တာလည်း လျော့ချဖို့ လုပ်ရမည် ဟု သူက ဆိုသည်။

RCSS/SSA ဗိုလ်မှူးကြီး ယွက်စစ်သည် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မေလ ၂၀ တွင်တစ်ကြိမ် ၊ ဩဂုတ် ၃၀ တွင်တစ်ကြိမ် နေပြည်တော်သို့ ငြိမ်းချမ်းရေးသွားရောက်ဆွေးနွေးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။