CATEGORY

နိုင်ငံရေး

မူဆယ် ဗုံးပေါက်ကွဲ အရပ်သားတစ်ဦးထိမှန်

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းခွဲ မီးပွိုင့်အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက်ပိုင်း ၁၁ နာရီတွင် ဗုံးတစ်လုံးပေါက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မူဆယ်မြို့ဟိုမွန်ရပ်ကွက် မြို့တော်ခန်းမတွင် လေးလံပွဲကျင်းပနေစဉ် ပြည်ထောင်စုကားလမ်းမပေါ်...

စစ်အာဏာသိမ်း ၂ နှစ်ပြည့် လူငယ်တွေရဲ့ ဘာတွေမျှော်လင့်နေလဲ

စစ်တပ်မှ နိုင်ငံတော် အာဏာကိုသိမ်းယူလာခဲ့တာ ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့ဆိုရင် ၂ နှစ်တင်းတင်းပြည့် ခဲ့ပါပြီ။ ၂ နှစ်တာ ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားသူများ စုစုပေါင်း (၂,၉၄၀) ဦး ကျဆုံးခဲ့ရပါတယ်။ စစ်တပ် အာဏာသိမ်းပြီး ၂ နှစ်တာ...

စစ်ကောင်စီရွေးကောက်ပွဲ ထောက်ခံသူများ စစ်ရာဇဝတ်မှု ဖုံးကွယ်ပေးထားသူများဟုဆို

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံမှု ပြုသူများသည် စစ်ကောင်စီမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပေးထားရန် အသိအမှတ်ပြုသူများဟု မှတ်ယူမည်ဖြစ်ကြောင်း ချင်းမိုင်ရောက် မြန်မာပြည်သူများက ပြောဆိုလိုက်သည်။ အဆိုပါပြောဆိုမှုသည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူနေ့တွင် ချင်းမိုင် တက္ကသိုလ်ရှိ...

တောင်ကြီး အသံတိတ်သပိတ် ပြုလုပ်၊ တမြို့လုံးတိတ်ဆိတ်နေ

စစ်တပ်အာဏာသိမ်းခြင်း ၂ နှစ်ပြည့် ယနေ့ (ဖေဖော်ဝါရီ ၁) ရက်နေ့တွင် တောင်ကြီးမြို့ ဒေသခံပြည်သူများ အသံတိတ်သပိတ် ပါဝင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ လူစည်းကားသည့် တောင်ကြီးမြို့၏ အရှေ့မြို့ပတ်လမ်း၊ မိန်းလမ်း၊ စူဠာမုနိဘုရားနှင့် ပန်းခြံများထဲတွင် လူသွားလူမရှိသည့်အပြင် ဒေသခံပြည်သူများလည်း နေအိမ်အပြင်သို့ မထွက်ရာမှ တမြို့လုံးငြိမ်သက်နေ ကြောင်း တောင်ကြီးဒေသခံ...

မူဆယ်မြို့ လေယာဉ်ကွင်းဟောင်းဘက် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့နယ် လေယာဉ်ကွင်းထဲတွင် ယနေ့ (ဖေဖော်ဝါရီ ၁) ရက် နံနက် ၉ နာရီခွဲဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လက်ရှိ လေယာဉ်ကွင်းထဲတွင် ဗုံးထပ်မံပေါက်ကွဲနိုင်သည့်အတွက်ကြောင့် ပြည်သူများ အသွားလာကို ကန့်သတ်ထားကြောင်း သိရသည်။ " ဒီနေ့ မနက် ၉...

ပင်းတယမြို့ စစ်ကောင်စီတပ်ဖွဲ့မှ ပျူစောထီးများကို စစ်သင်တန်းပေးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်းတယမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပျူစောထီးများကို စစ်သင်တန်း ပေးနေကြောင်း သတင်းသိရသည်။ ပင်းတယမြို့ အောယောရပ်ကွက်တွင် စစ်သင်တန်းပေးနေခြင်း ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်သားများ က ၎င်းတို့ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများ နှင့် ပျူစောထီးအဖွဲ့ဝင်များကို စစ်သင်တန်းပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “မနက်အစောကြီး ၅...

စစ်ကောင်စီမှ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီများကို ပိုတင်းကြပ်လာနိုင်

အကြားအလပ်မရှိ နိုင်ငံတော်အဆင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အာဏာသိမ်း စစ်ကောင်စီ နှင့် အတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ထွက်ပေါ် လာခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းရေးနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲဝင်မည့် တည်ဆဲ...

စကစ က လုပ်မယ့် ရွေးကောက်ပွဲကို လူငယ်တွေ လက်မခံနိုင်

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကနေစပြီး အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့လက်အောက်ခံ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်း နဲ့ ဌာနဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေ ပူးပေါင်းပြီး သက်ဆိုင်ရာ မြို့ရွာအလိုက် အိမ်ထောင်စု စာရင်းဦးရေ လိုက်လံကောက်ယူမှု ပြုလုပ်နေပါတယ်။ အဲ့ဒီလို ပြည်သူလူထုရဲ့ အိမ်ထောင်စု နာမည်စာရင်း လိုက်လံကောက်ယူနေတာတွေဟာ ၂၀၂၃...

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဆိုပြီး RCSS က စစ်ကောင်စီ နှင့် တွေ့ဆုံးဆွေးနွေး

သျှမ်းပြည်တွင်း ငြိမ်းချမ်းရေးတွင် သာမက တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက်ဟု ဆိုကာ စစ်ကောင်စီ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယနေ့ ဇန်နဝါရီ ၂၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ...

လင်းခေးမြို့နယ် လူဦးရေ စာရင်းစစ်ရာ လဝကရုံးရှိ အိမ်ထောင်စု စာရင်းထဲတွင် ပြင်ပလူ ရှိနေ

သျှမ်းပြည် လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်းတွင် စစ်ကောင်စီမှ လူဦးရေစာရင်း စစ်ဆေးရာတွင် လဝက ရုံးမှ ပါလာသည့် အိမ်ထောင်စု စာရွက်ထဲ၌ ပြင်ပလူနာမည်များ ပါရှိနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ယခုလအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သျှမ်းပြည်တစ်ဝှမ်း လူစာရင်းများ လိုက်လံစစ်ဆေးရာတွင် လဝက အိမ်ထောင်စု...

Latest news