လင်းခေးမြို့နယ် လူဦးရေ စာရင်းစစ်ရာ လဝကရုံးရှိ အိမ်ထောင်စု စာရင်းထဲတွင် ပြင်ပလူ ရှိနေ

သျှမ်းပြည် လင်းခေးခရိုင် လင်းခေးမြို့နယ်အတွင်းတွင် စစ်ကောင်စီမှ လူဦးရေစာရင်း စစ်ဆေးရာတွင် လဝက ရုံးမှ ပါလာသည့် အိမ်ထောင်စု စာရွက်ထဲ၌ ပြင်ပလူနာမည်များ ပါရှိနေကြောင်း စုံစမ်းသိရှိရသည်။

သက်ဆိုင်ရာမှ လူဦးရေစာရင်းကောက်ယူစဥ်

ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ယခုလအတွင်း စစ်ကောင်စီက ရွေးကောက်ပွဲအတွက် သျှမ်းပြည်တစ်ဝှမ်း လူစာရင်းများ လိုက်လံစစ်ဆေးရာတွင် လဝက အိမ်ထောင်စု စာရင်းထဲက အမည်မသိသည့်သူများ ပါဝင်နေကြောင်း သိရသည်။

“ ဟိုနေ့က သူတို့လူစာရင်း လာကောက်တာ။ သူတို့ အိမ်ထောင်စုထဲမှာ ကျနော်တို့ အိမ်သား မဟုတ်တဲ့သူတွေရဲ့ နာမည်တွေ ပါထားတာတွေ့လိုက်ရတယ်။ ၂ ယောက်တောင် နာမည်ရှိထားတာ။ ဘယ်သူလဲတော့ ကျနော်တို့လည်း မသိဘူး။ ပြန်ပြောလိုက်တော့ သူတို့ ကောင်းကောင်း ပြန်ဖျက်ပေးပါတယ်” ဟု လင်းခေးမြို့ ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

အဆိုပါ ဖြစ်ရပ်သည် လင်းခေးမြို့ပေါ်တွင် ဖြစ်ပွားခဲ့ပြီး ကျေးရွာဘက်တွင်လည်း ဒီထက်ဖြစ်ပွားနိုင်ကြောင်း ဒေသခံများက ပြောသည်။

တစ်ချို့ပြည်သူများက စစ်ကောင်စီ လဝက နှင့် အုပ်ချုပ်ရေးမှူးများကို ပြန်ပြောဆိုခြင်း မပြုလုပ်ရဲကြောင်း သိရသည်။

“မြို့ပေါ်မှာတောင် ၃ ရပ်ကွက်လောက်က အိမ်သားမဟုတ်တဲ့သူတွေ အိမ်ထောင်စုထဲမှာရှိနေတာကို ကြုံတွေ့နေရတာရှိတယ်။ တစ်ချို့ကလည်း လဝက နဲ့ အုပ်ချုပ်ရေးမှူးကို ပြန်မပြောရဲကြဘူး။ ကျေးရွာတွေဘက်မှာဆိုရင်လည်း ဒီလိုမျိုး အိမ်ထောင်စုထဲမှာ လူပိုတွေရှိနေတာများနိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်ကောင်စီက လာမည့် ဩဂုတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဇန်နဝါရီ (၉) ရက်နေ့မှစပြီး ယနေ့အထိ လူစာရင်းများကို လိုက်လံစစ်ဆေးနေလျက်ရှိသည်။

စစ်ကောင်စီသည် ၂၀၂၀ ရွေးကောက်ပွဲကို မဲ မသင်္ကာမှုဖြင့် အာဏာကို သိမ်းယူခဲ့ရာတွင် ၂ နှစ် နီးပါးရှိလာပြီဖြစ်ပြီး လာမည့် ၂၀၂၃ ဩဂုတ်လတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲကို ပြန်လည် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...