Tuesday, April 23, 2024

မူဆယ် ဗုံးပေါက်ကွဲ အရပ်သားတစ်ဦးထိမှန်

Must read

သျှမ်းပြည် မူဆယ်ခရိုင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ကံ့ကော်လမ်းခွဲ မီးပွိုင့်အနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) နံနက်ပိုင်း ၁၁ နာရီတွင် ဗုံးတစ်လုံးပေါက်ခဲ့ပြီး အရပ်သားပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

မူဆယ်မြို့ ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ

ယနေ့ (ဖေဖော်ဝါရီ ၂ ရက်) မူဆယ်မြို့ဟိုမွန်ရပ်ကွက် မြို့တော်ခန်းမတွင် လေးလံပွဲကျင်းပနေစဉ် ပြည်ထောင်စုကားလမ်းမပေါ် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးအပြည့်နှင့် စောင့်ဆိုင်းနေချိန် ဗုံးတစ်လုံးပေါက်ကွဲပြီး ကျည်စထိမှန် ဒေသခံအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဒီနေ့မြို့တော်ခန်းမမှာ အသားရောင်းဖို့ လေးလံပွဲလုပ်နေတာ၊ မြို့တော်ခန်းမ မဝင်ခင် ကားလမ်းမပေါ်က ကံ့ကော်လမ်းခွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လုံခြုံရေးအပြည့်စောင်းနေတယ်။ အဲ့မှာဗုံးပေါက်ကွဲမှုဖြစ်ပြီးတော့ လမ်းသွားလာတဲ့ အရပ်သားတစ်ဦး ကျဉ်စမှန်သွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဗုံးပေါက်မှုဖြစ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ကံ့ကော်လမ်းခွဲမှစပြီး မြို့တော်ခန်းမထိ ပြည်ထောင်စုကားလမ်းမပေါ် တလျောက်တွင် လမ်းကြောင်းပိတ်ပြီး စစ်ဆေးတင်းကြပ်မှုတွေ ပြုလုပ်နေကြောင်း သိရသည်။

ယင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး မည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ကြောင်း မသိရသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article