CATEGORY

နိုင်ငံရေး

နယ်စပ် ဆီထွက်ပို့ကုန် ဒေါ်လာငွေကြိုတင်ငွေလွှဲပေးမှ လိုင်စင်ခွင့်ပြု ထုတ်ပေးမည်

နယ်စပ်ကုန်သွယ်ရေး ပို့ကုန်တင်ပို့မည့် ဆီထွက်ကုန်ပစ္စည်းများကို ကြိုတင်ငွေလွှဲဝင်ပြီးမှသာ လိုင်စင်ခွင့်ပြု ထုတ်ပေးမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းးဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။ ဆီထွက်သီးနှံများဖြစ်သည် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆံများ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်ပြီး ပို့ကုန်ုတန်ဖိုးအား ကြိုတင်ငွေလွှဲစနစ် Advanced Telegraphic Tranfer (TT)...

SSPP တပ်စခန်းတွေ ဆုတ်ခွာဖို့ စစ်ကောင်စီ ဖိအားပေးနေ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့မှာ ဇူလိုင် (၁၄) ရက်နေ့က စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နဲ့ SSPP/SSA တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုမှာ မိုင်းရှူးမြို့နယ်ရှိ SSPP တပ်စခန်းများကို (၇) ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ခြင်း နဲ့ ပတ်သက်ပြီး...

SSPP/SSA တပ်စခန်းကို ၇ ရက်အတွင်းဆုတ်ခွာရန် စစ်ကောင်စီ ထပ်မံညွှန်ကြား

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့တွင် ပြုလုပ်သည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် SSPP တပ်စခန်းနေရာများကို ၇ ရက်အတွင်း ဆုတ်ခွာရန် ပြောဆိုခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့ မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ...

မြို့နယ်မှူးနေထိုင်သည့် ပင်းတယမြို့က ရဲစခန်းဟောင်း တိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ လုံခြုံရေးတပ်သားများစွာ ချထားသည့် မြို့နယ်မှူး နေထိုင်ရာ ပင်းတယရဲစခန်းဟောင်း တိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၁) ရက် ညနေ ၄ နာရီခွဲဝန်းကျင်တွင် ပင်းတယမြို့နယ်ရှိ ရဲစခန်းဟောင်းနေရာကို တိုက်ခိုက်ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပင်းတယမှာ ရဲစခန်းဝန်းနှစ်ခုရှိတာပေါ့နော်၊ အခုတိုက်ခိုက်ခံရတဲ့ ရွာသစ်ရပ်ကွက်၊မြို့တွင်းလမ်းမကြီးဘေး...

မိုးနဲမြို့နယ် ပြည်သူ့စစ်ရှိလာအောင် စစ်ကောင်စီက လုပ်ဆောင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျေးရွာဒေသများထဲတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ကာကွယ်ရေးဟု ဆိုကာ လူထု စာရင်းကောက်ယူနေလျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ်တွင် ယခုလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေး နှင့် ပြည်သူ့ကျန်းမာရေး ကြက်ခြေနီအဖွဲ့များဟုဆိုကာ လူထုနာမည်စာရင်းကောက်ထားပြီး အဖွဲ့ ဖွဲ့စည်းထားခိုင်းကြောင်း သိရသည်။ “မြို့ထဲမှာတော့ ကျနော်အသေးစိတ်မကြားရသေးဘူး။ ကျေးရွာဘက်မှာဆိုရင်တော့ အကုန်လုံးနာမည်စာရင်းတွေကိုကောက်နေတာ။...

မိုးမိတ်မြို့နယ် ပြည်သူများ ဗုံးခိုကျင်း တူးထားရ

သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်အတွင်းရှိ စစ်ရေးတင်းမာမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများရှိနေသဖြင့် ပြည်သူများ ဗုံးခိုကျင်း တူးထားရကြောင်း သတင်းသိရသည်။ မိုးမိတ်မြို့ ယမန်နေ့ (ဇူလိုင် ၁၀ ) ရက် နံနက်အစောပိုင်းမှ စတင်ပြီး နေ့ခင်းပိုင်းအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ပစ်ခတ်တိုက်ခိုက်နေကြစဥ်တွင် အနီးရှိပြည်သူများက ဗုံးခိုကျင်း အတွင်းသို့ ခိုအောင်းနေကြရကြောင်း ဒေသခံ...

နိုင်ငံရေးအကြပ်အတည်း ကျော်လွှားနိုင်ဖို့ PPST နဲ့ အာဆီယံ ကိုယ်စားလှယ် တွေ့ဆုံ

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO) တို့ ဇူလိုင် ၁ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲ့ဒီ တွေ့ဆုံဆွေးနွေးပွဲမှာ အာဆီယံ အထူးကိုယ်စားလှယ် H.E Park...

လားဟူ LDU တာဝန်ရှိသူများ စကစ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသွား

စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ရန် အတွက် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) မှ ကျားဆော်လမွန် ဦးဆောင်သော အဖွဲ့သားများသည် နေပြည်တော်သို့ စတင်ထွက်ခွာသွားကြောင်း သတင်းသိရသည်။ ယနေ့ ဇူလိုင်လ ၆ ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ တစ်ဆင့် တာချီလိတ်မြို့ အမှတ်...

နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် နမ့်ခမ်းမြို့နယ်ရှိ နောင်ခမ်းကျေးရွာ တစ်နှစ်နီးပါး မီးဖြတ်တောက်ခံရ

မြန်မာ - တရုတ် နယ်စပ်အငြင်းပွားမှု ပြဿနာများကြောင့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ နောင်ခမ်းကျေးရွာ အတွင်း ရှိ လျှပ်စစ်မီးများကို တရုတ်ဘက်မှ တစ်နှစ်နီးပါး ဖြတ်တောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ခမ်းဒေသမှ ဒေသခံ ပြည်သူများသည် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော...

စစ်ကောင်စီ ခန့်အပ်သည့် UEC နဲ့ SNLD တွေ့ဆုံ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့ ဇွန် ၃၀ ရက် မှ ဇူလိုင် ၂ ရက်နေ့ထိ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုတွေ့ဆုံမှုတွင် SNLD ၏ ပါတီဝင် အင်အား နှင့် ငွေကြေး...

Latest news