သျှမ်းပြည်အမျိုးသားနေ့ကို သျှမ်းတပ် ၂ တပ် ဌာနချုပ် တွင် ကျင်းပ

ယနေ့ (ဖေဖော်ဝါရီ ၇) ရက် သျှမ်းပြည်အမျိုးသားနေ့ (၇၆) နှစ်ပြည့် ကို သျှမ်းပြည်အတွင်းရှိ သျှမ်းတပ် ၂ တပ် သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်( SSPP/SSA )တို့၏ ဌာနချုပ်များတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

SSPP

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ ဝမ်ဟိုင်း ဌာနချုပ်တွင် ကျင်းပပြုလုပ်သည့် သျှမ်းပြည် အမျိုးသားနေ့ အခမ်းအနားကို လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့်ကို ပြောသည်။

” တပ်သားတွေနဲ့ ပြည်သူတွေရော တက်ရောက်လာတဲ့သူတွေ ၃ ထောင်ဝန်းကျင်လောက်ရှိတယ်။ တပ်သားတွေကတော့ ၁ ထောင်လောက်တက်ရောက်တယ်။ ဒီနေ့ အစီစဉ်ကတော့ ကျနော်တို့ ဗိုလ်ချုပ်ကြီး ဆေထျဲန်က မိန့်ခွန်ပြောကြားတယ်။ နိုင်ငံရေးပါတီတွေက ပေးပို့လာတဲ့ သံဝဏ်လွှာတွေကို ဖတ်ကြားတယ်။ ပြီးတော့ သျှမ်းပြည်အလံ နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုတာတွေပဲ ပြုလုပ်ခဲ့တယ်” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

SSPP

ဝမ်းဟိုင်ဌာနချုပ်တွင် သျှမ်းပြည်အမျိုးသားနေ့ကို နံနက် ၈ နာရီမှ ၁၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုအပြင် SSPP/SSA တပ်ဖွဲ့အနေဖြင့် သျှမ်းအမျိုးသားနေ့အတွက် စစ်ကောင်စီတပ်ဘက်ကို ဖိတ်ကြားခြင်းမရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော်သည် RCSS/SSA သည်လည်း လွိုင်တိုင်းလျန်းတွင် သျှမ်းပြည်အမျိုးသားနေ့ကို နံနက် ၇ နာရီမှ အစီစဉ်ကို စတင်ကျင်းပခဲ့ကြောင်းသိရသည်။

RCSS

RCSS/SSA ဌာနချုပ်တွင် ပြုလုပ်သည့် သျှမ်းပြည်အမျိုးသားနေ့ကို EAOs အဖွဲ့အစည်းများ ၊ PPSTအဖွဲ့ဝင်များ နှင့် စစ်ကောင်စီတပ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ဒုဗိုလ်ချုပ်ကြီး အေးဝင်းဦးဆောင်ပြီး ၊ ကျိုင်းတုံမြို့ တြိဂံဒေသ ဒုတိုင်းမှူး ၊ အရှေ့အလယ်ပိုင်း ခိုလမ် ဒုတိုင်းမှူး နှင့် PPST အဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်( ALP) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်( PNLO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က တက်ရောက်ခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

” စစ်ကောင်စီဘက်ကတော့ ဒုဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်ပြီးတော့လာတယ်။ ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်ထဲကတော့ ALP၊ LDU၊ PNLO၊ ABSDF တို့ တက်ရောက်ခဲ့တယ်။ တစ်ချို့ အမည်မဖော်ပဲ တက်ရောက်ခဲ့တာရှိတယ်။ တက်ရောက်တဲ့သူတွေကတော့ ၁ ထောင်ကျော်လောက်ရှိပါတယ်” ဟု ဗိုလ်မှူး စိုင်းခမ်းစံက ပြောသည်။

ယနေ့ သျှမ်းပြည်အမျိုးသားနေ့ကို ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင် ပင်လုံညီလာခံမှာ စော်ဘွားကိုယ်စားလှယ် ၇ ပါး ၊ လူထုကိုယ်စားလှယ် ၇ ဉီး တန်းတူထိုင်ပြီး လွတ်လပ်ရေးအတူတကွ ရယူရန် သျှမ်းပြည်ကောင်စီကို သဘောတူ ဖွဲ့စည်းခဲ့သောကြောင့် ထိုနေ့ကို သျှမ်းပြည်အမျိုးသားနေ့အဖြစ် သတ်မှတ်ထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...