“၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းမရှိဘူး”

စစ်အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၂၅ အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)မှ တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာပြီး စစ်ကောင်စီ ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအပ်နှင်း အုပ်ချုပ်စေမှု ထပ်မံ သက်တမ်းတိုး အုပ်ချုပ်စေခဲ့ပါတယ်။

စိုင်းလိတ်

နိုင်ငံရေး မှတ်ပုံတင်ခြင်း ဥပဒေ အသစ်ရဲ့ တင်းကြပ်မှု အခြေအနေ အပါအဝင် ကာ/လုံမှ အုပ်ချုပ်မှု သက်တမ်းတိုးလိုက်တာတွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ် ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ် မေးမြန်းထား ပါတယ်။

မေး ။ ။ ကာ/လုံရဲ့ ဆုံးဖြတ်ချက်အရ စစ်တပ် အာဏာထိန်းမှုကို စစ်ကောင်စီဘက်ကနေ နောက်ထပ် ၆ လ သက်တမ်း ထပ်တိုး တဲ့ပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အနေနဲ့ ဘယ်လိုမြင်မိပါသလဲရှင့်။

ဖြေ ။ ။ ကာ/လုံ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ကောင်စီကနေပြီးတော့မှ နောက်ထပ် ၆ လ အာဏာ ဆက်ယူ လိုက်တယ်။ ဒီ အတောအတွင်းမှာ သူတို့အနေနဲ့ အကြောင်းပြချက်ကတော့ ရိုးရိုးပေးတာပေ့ါဗျာ၊ ပြည်တွင်းမှာ တည်ငြိမ်အေးချမ်းမှုတွေ မရှိသေးဘူး၊ အဖျက်အမှောင့်တွေ ရှိတယ်၊ ရွေးကောက်ပွဲ လုပ်ဖို့အတွက် လူစာရင်းတွေ ကောက်ရအုံးမယ်၊ မဲစာရင်းတွေ အတွက် သန်းခေါင်စာရင်းတွေ ကောက်ယူရအုံးမယ် စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ နောက်ဆုံးတော့ ပုဒ်မ ၄၂၅ နဲ့ ပြန်ပြီးတော့ အာဏာသိမ်းယူထားတာ၊ ဒါဟာ စစ်ကောင်စီကနေ ဆက်ပြီး အာဏာယူလိုက်ပြီ ဆိုကတည်းက ဒီမိုကရေစီနဲ့တော့ ပိုပြီးတော့မှ အလှမ်းဝေးသွား တဲ့ အနေအထားလို့ ယေဘုယျ အားဖြင့် သုံးသပ်လို့ ရတာပေါ့။

မေး ။ ။ တဖက်မှာကလည်း ရွေးကောက်ပွဲ လုပ်ဖြစ်မယ်ဆိုတဲ့ ပြောဆိုသံတွေ ကြားနေရတော့ ဒီရွေးကောက်ပွဲက ကျင်းပနိုင်ခြေရှိမယ်လို့ ထင်လားရှင့်၊ ဒီအပေါ်မှာ ဘယ်လိုမြင်မိလဲရှင့်။

ဖြေ ။ ။ ဒီ ၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်မိပါတယ်။ သူတို့ရဲ့ အကြောင်းပြချက်ထဲမှာ (၁) အချက်ကတော့ မဲစာရင်း တိကျခိုင်မာမှုအတွက် သန်းခေါင်စာရင်းကို ဆက်ပြီး ကောက်ရမယ်ပေါ့နော်၊ သန်းခေါင်စာရင်း ကောက်ယူဖို့ဆိုရင်လည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းမှု ရှိရမယ်။ သန်းခေါင်စားရင်းကောက်တဲ့သူတွေ အေးအေးချမ်းချမ်းနဲ့ ကောက်လို့ရအောင် အဲ့အခြေအနေမျိုး တစ်ခု တည်ဆောက်ဖို့ လိုအပ်တယ်လို့ သူတို့ပြောတယ်၊ သန်းခေါင် စာရင်းကောက်တာက ခါတိုင်းလုပ်နေကျက အောက်တိုဘာလလောက်ကျတယ်၊ ကျနော်အမှတ်မမှားဘူးရင် အဲ့လိုပဲ ။ တကယ်လို့သာ ၂၀၂၃ အောက်တိုဘာ လ ကျမှ သန်းခေါင်စာရင်းကောက်မယ်ဆိုလို့ရှိရင် ဒါက မဲစာရင်းရဖို့က မသေချာဘူး။ ဒါက တစ်ချက်ပေါ့နော်။

နောက်တစ်ချက်ကတော့ လွှတ်တော်အစည်းအဝေးတွေ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ် ဆိုလို့ရှိရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ် နဲ့ တိုင်းလွှတ်တော် အသီးသီးမှာ အနည်းဆုံးမှာ လူဦးရေ တစ်ဝက် ရရှိမှသာလျှင် လွှတ်တော်အစည်းအဝေးမှာ အထမြောက်မယ်။ အဲ့လို အထမြောက်နိုင်ဖို့အတွက် အနည်းဆုံး မြို့နယ်ရဲ့ ထက်ဝက်ပေါ့ဗျာ၊ အနည်းဆုံး သူတို့ ရွေးကောက်ပွဲ ဖြစ်အောင်ကြိုးပမ်းရမယ်။ အဲ့လိုဖြစ်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့က လုံးဝ လိုအပ်နေတယ်။ ဒါကြောင့်မို့ ဒီ ၂၀၂၃ ထဲမှာတော့ ရွေးကောက်ပွဲ ဖြစ်နိုင်ချေက မရှိဘူး။ သန်းခေါင် စာရင်းကောက်ပြီရင် ဆိုရင်တောင်မှပဲ ၂၀၂၄ ရဲ့ ဟိုဘက်ကျမှ ဒီရွေးကောက်ပွဲကို ကျင်းပနိုင်ချေရှိတယ်။

မေး။ ။ အခု ပြဌာန်း လိုက်တဲ့ နိုင်ငံရေးပါတီများ ဆိုင်ရာ ဥပဒေ သတ်မှတ် စည်းကမ်းချက်တွေက အရမ်းများတဲ့ အပေါ်မှာရော အင်အားကြီးမားတဲ့ SNLD ပါတီ အနေနဲ့ ဖြစ်သင့်တယ်လို့ မြင်မိလားရှင့်။

ဖြေ ။ ။ အခု ၂၀၂၃ ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ပြဌာန်းချက်ဟာ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကို ပြည်နယ်ထဲမှာပဲ အခြေစိုက်မယ့် ပါတီတွေကတော့ သူ့မှာ တော်တော်လေးပဲ လျော့လျော့ရဲရဲ ခွင့်ပြု ထားတဲ့ သဘောလို့ ယူဆလို့ ရပေမယ့် နိုင်ငံတဝန်းလုံးမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပါတီ အနေအထားကတော့ တအားကြီး တင်းကြပ်ထားတယ်လို့ ယူဆလို့ရတယ်။ အထူးသဖြင့်ကတော့ ပါတီဝင် တစ်သိန်း ရှိရမှာတို့ နောက်ပြီးတော့ မြို့နယ်ပေါင်း ၁၆၅ မြို့ကို အနည်းဆုံး ပါတီရုံးဖွင့်နိုင်ရမယ်။

နောက်ဆုံးတစ်ချက်က လွှတ်တော်အသီးသီးရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ၆၀၀ နီးပါးလောက် ယှဥ်ပြိုင်နိုင်ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကတော့ ဘယ်လိုမှကို ခေတ်ကာလနဲ့ အပ်စပ်တဲ့ အနေအထားမျိုး မဟုတ်ဘူး။ ဖြစ်သင့်တဲ့ ဥပဒေ မဟုတ်ဘူးလို့ ကျနော်တို့ကတော့ ဒီလိုပဲ သုံးသပ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် အဆင့်မှာ ပြဌာန်းထားတဲ့ အချက်အလက် နဲ့ ပြည်ထောင်စု အဆင့်မှ ပြဌာန်းထားတဲ့ အချက်အလက်တွေက ဘယ်လိုမှ သဟဇာတ ရှိမနေဘူး။

တစ်ဖက်မှာ တအားတင်းကြပ်ထားပြီးတော့ တစ်ဖက်မှာကျ တအားလျှော့ပေါ့နေတဲ့ အနေအထား ဖြစ်နေတယ်ပေါ့နော်။ ဥပမာ တိုင်း နဲ့ ပြည်နယ်မှာဆိုရင် လွှတ်တော်ကိုယ်စားလှယ် တစ်နေရာတည်းပဲ ဝင်ရောက် ယှဥ်ပြိုင်နိုင်ရုံနဲ့ အဆင်ပြေတယ် ဆိုတာမျိုးက သူတို့က ပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၀၀ လောက်ယှဥ်ပြိုင်မယ့် အနေအထားဆိုတာ တအားကို ကွာဟနေတယ်။ ပြီးတော့ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ယေဘုယျအားဖြင့် သုံးသပ်လို့ရပါတယ်။

မေး ။ ။ တကယ်လို့ပေါ့နော် ဒီရွေးကောက်ပွဲ သာ ကျင်းပဖြစ်လာနိုင်မယ် ဆိုလို့ရှိရင်ကော် မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေး အခင်းအကျင်းက ဘယ်လို တိုးတက်ပြောင်းလဲ လာနိုင်မလဲရှင့်။

ဖြေ ။ ။ အခုချိန်မှာ ရွေးကောက်ပွဲဖြစ်မယ် မဖြစ်ဘူးဆိုတာက ဘယ်သူကမှ ကံသေကံကျ ပြောလို့ မရသေးဘူး။ စစ်ကောင်စီ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကိုတော့ လုပ်ချင်တယ်၊ ဘယ်တော့ ဘယ်အချိန် ကျင်းပမယ် လွှတ်တော် ဘယ်တော့ ခေါ်မယ် ဆိုတာကျတော့ သူတို့ဘက်က အတိအကျ မပြောသေးဘူး။ သူတို့ ကိုယ်တိုင်မှ အပ်ကျ မှတ်ကျ မပြောနိုင်သေးတဲ့ ကိစ္စကို ကျနော်တို့ကလည်း ကြိုတင်ပြီးတော့ မျှော်လင့်လို့ မရသေးဘူးလို့ ပြောချင်တယ်။

မေး ။ ။ စစ်ကောင်စီ ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနဲ့ပတ်သက်ပြီးတော့ SNLD အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

ဖြေ ။ ။ နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့က လောလောဆယ် ထွက်ထားတယ်၊တစ်ပတ်လောက်ပဲ ရှိသေးတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း မှတ်ပုံတင် တင်သင့်သလား၊ မတင်သင့်ဘူးလား ဆိုတဲ့ ဒီကိစ္စတွေကို မဆွေးနွေးရသေးဘူး။
တကယ်လို့ ကျနော်တို့ဘက်က မှတ်ပုံတင်ဖို့ အဆင်သင့် မဖြစ်နိုင်သေးဘူးဆိုရင်လည်း နိုင်ငံရေး ဆိုတာ တခြား နည်းလမ်းတစ်ခုခုနဲ့တော့ စုပေါင်း အဖြေရှာရမှာပေါ့ဗျာ။ ဒါမှမဟုတ် တရားဝင် နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရပ်တည်ဖို့ လိုအပ်တယ်။ အဲ့လိုမှ မဟုတ်ရင် နိုင်ငံရေး ပလက်ဖောင်းပျောက်သွားလိမ့်မယ် ဆိုတဲ့ အကြံပြုတဲ့ ပုဂ္ဂိုလ်တွေ သဘောထားရှိကြတဲ့ ပုဂ္ဂိုလ်တွေ များလာကြတယ်ဆိုရင်လည်း ဒါ တမျိုးစဥ်းစားရသေးတာပေါ့။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိတော့ ဘာမှမဆုံးဖြတ်သေးဘူး။

မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မမေးမိတဲ့ အထဲက ထပ်ပြီးဖြည့်စွက်ပြောချင်တာများ ရှိရင်လည်း ပြောပေးပါအုံးရှင့်

ဖြေ ။ ။ မရှိတော့ပါဘူး။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...