Thursday, April 25, 2024

ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် RCSS ခေါင်းဆောင် နေပြည်တော်သို့ ခရီးထွက်

Must read

ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန် အတွက် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် နှင့် အဖွဲ့သားများက နေပြည်တော်သို့ ခရီးထွက်ခွာသွားကြောင်း သတင်းရရှိသည်။

RCSS ဗိုလ်ချုပ်ကြီး ယွက်စစ်

ယနေ့ (ဖေဖော်ဝါရီ ၁၁) ရက် မွန်းလွဲပိုင်းအချိန်တွင် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သည့် အဖွဲ့သားများက တာချီလိတ်မြို့ လေကြောင်းကနေ တစ်ဆင့် နေပြည်တော်သို့ ခရီးစဥ် စတင်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
ယခုနှစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့သည် ၇၆ ကြိမ်မြောက်လည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ နှောင်းပိုင်းတွင်လည်း ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့်အတူ RCSS ကိုယ်စားလှယ်အဖွဲ့များအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒုတိယ ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟို ဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူးနန်းစံဖောင်းတို့နှင့် အထောက်အကူပြုများ က နေပြည်တော်သို့ သွားရောက်ခဲ့သေးသည်။

RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်သည် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် မှ ချီးမြှင့်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိထားသူတစ်ဦးဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article