လားရှိုးမြို့ အမျိုးသမီး ၂ဦးစီးလာသည့်ဆိုင်ကယ်ကို ဝင်တိုက်ပြီး လုယက်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ MCC လမ်းကြားတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃)ရက် နေ့လည် ၁နာရီခွဲဝန်းကျင်၌ အမျိုးသမီး (၂) ဦး စီးလာသည့် ဆိုင်ကယ်ကို အမျိုးသား (၂) ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့

ဖေဖော်ဝါရီ ၂ ရက် နေ့လည် ၁ နာရီခွဲ ဝန်းကျင်တွင် အမျိုးသမီး(၂) ဦး စီးလာသည့် ဆိုင်ကယ်ကို အမျိုးသား (၂)ဦး၏ ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ပြီး အမျိုးသမီးထံ ပစ္စည်းလုပြီး ထွက်ပြေးသွားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့ခင်းပိုင်း လူသွားလာချိန် အမျိုးသမီး ဆိုင်ကယ်ကို ဝင်တိုက်ပြီး ပစ္စည်းလုယူသွားတာ တော်တော်ဆိုးတယ်။ ပိုက်ဆံ ၅သိန်းလောက်ပါသွားတယ်။ အမျိုးသမီး ၂ ယောက်က ထိခိုက်မှုတော့ အနည်းငယ်ရှိတယ်။ နေ့ချိန်လည်း လုယက်နေတော့ ပြောစရာ စကားတောင်မရှိတော့ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင် နေ့စဥ်နှင့် အမျှ လုယက်မှု ဖြစ်ပွားပြီး နေ့ခင်း လူသွားလူလာများသည့်အချိန်တွင်လည်း လုယက်မှု ပြုလုပ်နေသဖြင့် ဒေသခံများ လုံခြုံမှုမရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း တကြိမ်တခါမျှ ဖမ်းဆီးရခြင်းမရှိကြောင်း လားရှိုးမြို့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

” လုယက်မှုတွေကိုကြည့်ရင် အမျိုးသမီးတွေ ပိုခံရတယ်။ ပိုပြီး ဦးတည်လုသလိုပဲ။ တခါတလေ ရဲတွေ သက်ဆိုင်ရာတွေက တမြင်သက်သက်လွှတ်ထားတဲ့သဘောပဲ” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တဝှမ်းတွင် လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးများလည်း အလွန်တကူ ဝယ်ယူရရှိသဖြင့် ယခုကဲ့သို့ လုယက်မှုများလာခြင်းဖြစ်သည် ဟု လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...