Tuesday, April 23, 2024

လားရှိုးမြို့ အမျိုးသမီး ၂ဦးစီးလာသည့်ဆိုင်ကယ်ကို ဝင်တိုက်ပြီး လုယက်မှုဖြစ်ပွား

Must read

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့ MCC လမ်းကြားတွင် ယမန်နေ့ (ဖေဖော်ဝါရီ ၃)ရက် နေ့လည် ၁နာရီခွဲဝန်းကျင်၌ အမျိုးသမီး (၂) ဦး စီးလာသည့် ဆိုင်ကယ်ကို အမျိုးသား (၂) ဦးက ဆိုင်ကယ်ဖြင့် ဝင်တိုက်ပြီး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လားရှိုးမြို့

ဖေဖော်ဝါရီ ၂ ရက် နေ့လည် ၁ နာရီခွဲ ဝန်းကျင်တွင် အမျိုးသမီး(၂) ဦး စီးလာသည့် ဆိုင်ကယ်ကို အမျိုးသား (၂)ဦး၏ ဆိုင်ကယ်က နောက်ကနေ ဝင်တိုက်ပြီး အမျိုးသမီးထံ ပစ္စည်းလုပြီး ထွက်ပြေးသွားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေ့ခင်းပိုင်း လူသွားလာချိန် အမျိုးသမီး ဆိုင်ကယ်ကို ဝင်တိုက်ပြီး ပစ္စည်းလုယူသွားတာ တော်တော်ဆိုးတယ်။ ပိုက်ဆံ ၅သိန်းလောက်ပါသွားတယ်။ အမျိုးသမီး ၂ ယောက်က ထိခိုက်မှုတော့ အနည်းငယ်ရှိတယ်။ နေ့ချိန်လည်း လုယက်နေတော့ ပြောစရာ စကားတောင်မရှိတော့ဘူး” ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လားရှိုးမြို့တွင် နေ့စဥ်နှင့် အမျှ လုယက်မှု ဖြစ်ပွားပြီး နေ့ခင်း လူသွားလူလာများသည့်အချိန်တွင်လည်း လုယက်မှု ပြုလုပ်နေသဖြင့် ဒေသခံများ လုံခြုံမှုမရှိကြောင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း တကြိမ်တခါမျှ ဖမ်းဆီးရခြင်းမရှိကြောင်း လားရှိုးမြို့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

” လုယက်မှုတွေကိုကြည့်ရင် အမျိုးသမီးတွေ ပိုခံရတယ်။ ပိုပြီး ဦးတည်လုသလိုပဲ။ တခါတလေ ရဲတွေ သက်ဆိုင်ရာတွေက တမြင်သက်သက်လွှတ်ထားတဲ့သဘောပဲ” ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တဝှမ်းတွင် လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်ခြင်း၊ မူးယစ်ဆေးများလည်း အလွန်တကူ ဝယ်ယူရရှိသဖြင့် ယခုကဲ့သို့ လုယက်မှုများလာခြင်းဖြစ်သည် ဟု လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article