ဝိဝါဒ ကွဲပြားမှုများနဲ့ သမိုင်းတွင်လာတဲ့ ဖေဖော်ဝါရီ ၇ ရက်

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းပြည်အမျိုးသားနေ့ဟာ ၇၆ နှစ်တိုင်ခဲ့ပါပြီ။

သျှမ်းပြည်အမျိုးသားနေ့

လွန်ခဲ့တဲ့ ၁၉၄၇ခုနစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ “ပဒေသရာဇ် သျှမ်းကောင်စီ” ကို ဖျက်သိမ်းလိုက်ပြီးတဲ့ နောက် အုပ်ချုပ်သူစော်ဘွားတွေနဲ့ လူထု ကိုယ်စားပြုတဲ့ သျှမ်းအမျိုးသား ခေါင်းဆောင်တွေ စုပေါင်းပြီး သျှမ်းအမျိုးသားများ စုပေါင်းညီညွှတ်စွာ၊ အခွင့်အရေး တန်းတူညီမျှစွာဖြင့် သျှမ်းပြည်ထောင်စုကို တည်ထောင်ဖို့ရန်အတွက် သံဓိဌာန် ချမှတ်ခဲ့တဲ့နေ့ရက် ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် ကနေ ၁၂ ရက်နေ့ အထိ ကျင်းပခဲ့တဲ့ ပင်လုံညီလာခံမှာ သျှမ်းအမျိုးသား သီချင်းနဲ့အတူ ဝါ ၊စိမ်း၊ နီ သျှမ်းအမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်ကိုတော့ သျှမ်းပြည်အမျိုးသားနေ့ ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ အဖြစ် ပြဌာန်း သတ်မှတ်ခဲ့ပါတယ်။

အဲ့ခေတ်ခါက သျှမ်းပြည်အမျိုးသားများနေ့ နဲ့ သျှမ်းပြည်အလံတော်တို့တွေဟာ သျှမ်းပြည်အတွင်း အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသားများအားလုံးကနေ ကိုယ့်ပြည်နယ် ကိုယ့်ဒေသ ကိုယ့်သျှမ်းပြည်ရဲ့ တစ်မျိုးသားလုံးကို လွှမ်းခြုံတဲ့ အလံတစ်ခုလို အားလုံးက သတ်မှတ်ပြီး ဦးညွှတ်ခဲ့ဖူးတဲ့အကြောင်း ဝါရင့် သျှမ်းနိုင်ငံရေးသမားဖြစ်သူ SNLD (ကျားခေါင်းပါတီ) ရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က အခုလို ပြောပါတယ်။

သျှမ်းပြည်အမျိုးသားနေ့

“ဒီသျှမ်းပြည် အမျိုးသားများနေ့ သို့မဟုတ် သျှမ်းအမျိုးသာအလံဟာ ကျနော်တို့တွေ သျှမ်းပြည်ထဲမှာ နေထိုင် ကြတဲ့ တိုင်းရင်းသားတွေ အကုန်လုံး နဲ့ သက်ဆိုင်တဲ့ အကုန်လုံးအတွက် အရေးကြီးတဲ့ အဖြစ်အဲ့အချိန်တုန်းက သတ်မှတ် ယူဆခဲ့ကြတယ်။ ယုံကြည်သက်ဝင်ခဲ့ကြတယ်။ သို့သော် အချိန် ကာလ ကြာလာတာနဲ့အမျှ သံဓိဌာန် ချခဲ့တဲ့ တန်းတူညီမျှပြီး လူမျိုးတိုင်းအတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမယ့် ပြည်ထောင်စု သျှမ်းပြည်အဖြစ် ကျနော်တို့ မဖော်ဆောင် နိုင်ခဲ့ဘူး။ အမျိုးမျိုး အနှောင့်အယှက် ပေးနေတဲ့ မူဝါဒတွေ အုပ်စုတွေ ရှိခဲ့တယ်၊ အဲ့ဒီလို အားမလို အားမရ ဖြစ်ကြတဲ့အခါ အာရုံပျက်လာကြတယ်။ ဒီအပေါ်မှာလည်းပဲ အာနိသင် မရှိလောက် တော့ဘူးလို့ ယူဆတဲ့သူကကြတော့ ယူဆလာကြတာပေါ့” လို့ စိုင်းလိတ်က ပြောပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို အရင်က သျှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြပေမယ့် နောက်ပိုင်း မှာ သျှမ်းပြည်နယ်နေ့လို့ ခေါ်ဝေါ် သတ်မှတ်တာကို ယခုခေတ် ပညာတတ် လူငယ်နဲ့ တခြားတိုင်းရင်းသားတွေ အကြား ဝိဝါဒ ကွဲပြားခဲ့ကြပါတယ် ။

အဲ့ဒီအခေါ်အဝေါ် ဝိဝါဒများ ကွဲပြားခြားနားမှုတွေနဲ့ ပတ်သက်ပြီး သျှမ်းပြည်လို့ ပြောပေမဲ့ တခြား တိုင်းရင်းသား မြောက်များစွာလည်း နေထိုင်တဲ့ ဒေသတစ်ခု ပြည်နယ်တစ်ခု ဖြစ်တဲ့အတွက် သျှမ်းပြည်နယ်နေ့ (သို့) သျှမ်းအမျိုးသားများနေ့ဟာ သျှမ်းနာမည် တစ်ခုတည်းနဲ့ သတ်မှတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ကြောင်း ပအိုဝ်းစာပေယဥ်ကျေးမှု ဗဟို ဥက္ကဌ ခွန်ဝင်းကိုက ပြောပါတယ်။

“ဒီသျှမ်းပြည်နယ်နေ့မှာ ဒီသျှမ်းပြည်မှာ နေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးရဲ့ ရက်တစ်ရက် နေ့တစ်နေ့ မင်္ဂလာ အချိန်အခါလို့ပဲ ကျနော်မြင်တယ်၊ ကျနော်တို့ တိုင်းရင်းသားလူမျိုးတို့ရဲ့ နေ့တစ်နေ့ လို့တော့ မမြင်ပါဘူး။ လက်ရှိ ပကတိ အနေအထားကို ကြည့်မယ်ဆိုရင် သျှမ်းပြည်လို့ ပြောပေမဲ့ တခြား တိုင်းရင်းသား ညီအစ်ကိုမြောက်များစွာလည်း နေထိုင်တဲ့ ဒေသတစ်ခု ပြည်နယ်တစ်ခု ဖြစ်တဲ့အတွက် ဒီသျှမ်းပြည်နယ်နေ့က သျှမ်းနာမည် တစ်ခုတည်းနဲ့ သတ်မှတ်ထားတဲ့အတွက် တခြားသောတွေက ဒါကို သျှမ်းလူမျိုးပြည်နယ်နေ့ ဆိုပြီးတော့ မြင်တာလို့ ထင်တယ်” လို့ ခွန်ဝင်းကို က ပြောပါတယ်။

သျှမ်းပြည်အတွင်း သျှမ်းနဲ့ အတူနေ တိုင်းရင်းသားလူမျိုးဖြစ်ကြတဲ့ တအာင်း စာပေ / ယဥ်ကျေးမှုအသင်း ဗဟိုဥက္ကဌ ကမူ မြန်မာပြည် လွတ်လပ်ရေးမရခင်ကတည်းကပင် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို သျှမ်းပြည် အမျိုးသားများနေ့ အဖြစ် မဟုတ်ဘဲ သျှမ်းပြည်နယ်နေ့ အဖြစ်သာ သိရှိရတာဖြစ်တယ်လို့ ပြောပါတယ်။

“သျှမ်းပြည်အမျိုးသားနေ့ မဟုတ်ပါဘူး၊ သျှမ်းပြည်နယ်နေ့ပဲဖြစ်ပါတယ်။ ကျနော်တို့ လွတ်လပ်ရေးမရခင် သျှမ်းပြည်စော်ဘွားများကောင်စီကို ဖျက်သိမ်းပြီး သျှမ်းပြည်နယ်နေ့လို့ ယူခဲ့တာလေ။ လွတ်လပ်ရေးမရခင် တစ်နှစ်စောပြီး ဖြစ်ခဲ့ကတည်းက သျှမ်းပြည်နယ်နေ့ လို့ပဲ သိခဲ့ကြတယ်။ သျှမ်းပြည်နယ်နေ့ ဆိုရင်တော့ ကျနော်တို့ အနေနဲ့တော့ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဒီကနေ သျှမ်းပြည်အမျိုးသားများနေ့ဆိုပြီးဖြစ်ရင်တော့ တခြားတိုင်းရင်းသားတွေရဲ့ သဘောထားက လက်ခံနိုင်မလားပေါ့ “ လို့ တအာင်း စာပေ / ယဥ်ကျေးမှုအသင်းဗဟို ဥက္ကဌက ပြောပါတယ်။

သမိုင်းကြောင်းအရ ၁၉၄၇ မတိုင်ခင် ကာလတချို့မှာ သျှမ်း အမျိုးသားနေ့အဖြစ် စက်တင်ဘာလ ၇ ရက် ကို သတ်မှတ်ခဲ့ဖူးပြီး အဲဒီနေ့ဟာ အင်္ဂလိပ်လက်အောက်မှာ စော်ဘွားတွေအနေနဲ့ အင်္ဂလိပ် အစိုးရ အစည်းအဝေး သွားတက်ခွင့်ရခဲ့တဲ့နေ့ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် လည်း ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်ဟာ နှစ်ပေါင်း ရာနဲ့ချီတဲ့ကာလအတွင်း သျှမ်းပြည်သူလူထု ပထမဆုံးအကြိမ် စုစည်းကြတဲ့ နေ့လည်း ဖြစ်နေတဲ့အပြင် သျှမ်းစော်ဘွားကြီးတွေနဲ့ လူထုကိုယ်စားလှယ်တွေ တိုင်ပင်ခဲ့ပြီး တခါမှ မဆန့်ကျင်ခဲ့ဖူးတဲ့ အင်္ဂလိပ် ဘုရင်ခံ အမိန့်ကို ဆန့်ကျင်တဲ့ ဖေဖော်ဝါရီလ ၇ ရက်ကို သျှမ်းပြည်အမျိုးသားနေ့ အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တအာင်းပလောင်နယ် စော်ဘွားဖြစ်တဲ့ တောင်ပိုင်စော်ဘွား ခွန်ပန်းစိန်ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြု ပေးခဲ့တဲ့ သျှမ်းအမျိုးသားနေ့အလံနဲ့ အမျိုးသားသီချင်းကိုလည်း ဖေဖော်ဝါရီလ ၁၁ ရက်မှာ အတည်ပြုခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းပါ အပါအဝင် အလေးပြုခဲ့ကြတယ်လို့ သမိုင်းတွေအရ သိခဲ့ရပါတယ်။

သျှမ်းအမျိုးသားများနေ့ဟာ သျှမ်းလူမျိုး နှင့် သက်ဆိုင်သော်ငြားလည်း သျှမ်းပြည်အမျိုးသားများနေ့ရဲ့ သံဓိဌာန် ဖြစ်တဲ့ ပြည်ထောင်စု သျှမ်းပြည် တည်ထောင်ရေး နဲ့ သျှမ်းအပါအဝင် သျှမ်းနဲ့အတူ စုပေါင်းနေထိုင်လာကြတဲ့ ဘယ်လူမျိုးမဆို ကိုယ့်ရဲ့ စာပေယဥ်ကျေးမှု ကိုယ့်ရဲ့နိုင်ငံရေး အတွေးအခေါ် အစသဖြင့် လွတ်လပ်စွာ ဖော်ထုတ် နိုင်ခွင့် ရှိနိုင်တဲ့အကြောင်း SNLD အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က ဆက်ပြောပါတယ်။

“သျှမ်းပြည် အမျိုးသားများနေ့လို့ ပြောကတည်းက သျှမ်းလူမျိုးက အဓိကကျပါတယ်။ သျှမ်းလူမျိုးက အဓိက ကျတယ် လို့ပြောပေမယ့် တခြားလူမျိုးက အရေးမပါဘူးလို့ ပြောတာ မဟုတ်ဘူး၊ သျှမ်းအပါအဝင် သျှမ်းနဲ့ အတူ စုပေါင်းနေထိုင်လာကြတဲ့ ဘယ်လူမျိုးမဆို ကိုယ့်ရဲ့ စာပေယဥ်ကျေးမှု ကိုယ့်ရဲ့ နိုင်ငံရေး အတွေးအခေါ် အစသဖြင့် လွတ်လပ်စွာ ဖော်ထုတ်နိုင်ခွင့် ရှိရပါလိမ့်မယ်။ အဲ့လိုမျိုးကိုယ်စီ ကိုယ်စီ ဖော်ထုတ်နိုင်တဲ့ လွတ်လွတ် လပ်လပ်လုပ်ဆောင်နိုင်ခွင့် ရှိတဲ့အခါ ကျနော်တို့ သျှမ်းလူမျိုးကို ပစ်ပယ်စရာ မရှိသလို ကျနော်တို့ သျှမ်းလူမျိုးတွေ ကလည်း တခြား လူမျိုးများအပေါ်မှာ ဘယ်လိုမှ ပစ်ပယ်စရာ လွမ်းမိုးစရာ မရှိဘူး” လို့ စိုင်းလိတ်က ပြောပါတယ်။

သျှမ်းအမျိုးသားများနေ့ (သို့) သျှမ်းပြည်နယ်နေ့ နှင့် ပတ်သက်ပြီး သျှမ်းပြည်အတွင်း အတူတကွ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများစွာက ကိုယ်အယူအဆနဲ့ ကိုယ် ခိုင်လုံတဲ့ အကြောင်းပြချက်များတွေနဲ့ ရှိနေကြပါတယ်။

အချိန်ကာလ နဲ့ အခြေအနေ အရပ်ရပ်အရ သျှမ်းပြည်အမျိုးသားများနေ့ တစ်ဖြစ်လဲ သျှမ်းပြည်နယ်နေ့ ဟာ ဆိုရင် သမိုင်းဝင် ပင်လုံအစည်းအဝေးကနေ အခြေပြု ပေါ်ပေါက်လာခဲ့တဲ့ သမိုင်းဝင်နေ့ရက်ရဲ့ မူလတန်ဖိုးနဲ့ သံဓိဌာန် ချမှတ်ချက် တွေကတော့ ဖက်ဒရယ်နဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒီမိုကရေစီတို့လို ကိစ္စရပ်တွေအပေါ် အခြေခံခဲ့တာ ဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်အက်ကွဲရေးမှ ပြည်ထောင်စုကြီးပြိုကွဲရေးသို့ …. သတိမူဖို့

0
လွန်ခဲ့တဲ့ ၇၉ နှစ်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ တောင်တန်းနဲ့ မြေပြန့် စုစည်းပြီး ပြည်ထောင်စု အိပ်မက်ကို အတူတူ အစပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ မေ့ထားလို့မရတာက အဲဒီအိပ်မက်ရဲ့ မိခင်ရင်းဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက သန္ဓေတည်ခဲ့တဲ့ "သျှမ်းအမျိုးသားနေ့" ရဲ့ စည်းလုံး ညီညွတ်မှုပဲ...

သျှမ်းအမျိုးသားနေ့ (သို့မဟုတ်) သျှမ်းပြည်နယ်နေ့

0
ဖေဖော်ဝါရီ ၇ ရက်သည် မြန်မာ့လွတ်လပ်ရေးသမိုင်းအတွင်း မေ့လျော့လို့မရသည့် အရေးပါသောနေ့တစ်နေ့ဖြစ်သည်။ ယနေ့ကို မူလအားဖြင့် “သျှမ်းအမျိုးသားနေ့” ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် “သျှမ်းပြည်နယ်နေ့” ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်လာကြသော်လည်း အခြေခံအနှစ်သာရမှာတော့ သျှမ်းကုန်းပြင်မြင့်၏ လွတ်လပ်ရေး၊ တန်းတူရေးနှင့် စည်းလုံးညီညွတ်မှု စိတ်ဓာတ် ကို သင်္ကေတပြုထားခြင်းပင် ဖြစ်သည်။ သမိုင်းအရ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။