ပြည်ထောင်စုအဆင့်ထိ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မည်ဟု ကျားဖြူပါတီပြော

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီသည် ၂၀၂၃ ရွေးကောက်ပွဲအတွင်း သျှမ်းပြည် အပါအဝင် ပြည်ထောင်စု အဆင့်ထိ ရွေးကောက်ဝင် ယှဥ်ပြိုင်မည်ဟု သိရသည်။

ကျားဖြူပါတီ

သျှမ်းပြည် နှင့်အတူ တိုင်းနှင့် ပြည်နယ် ၆ ခုကို ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ရန်အတွက် လျာထားပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း နှင့် သျှမ်းပြည်တို့ ဖြစ်ကြကြောင်း ကျားဖြူပါတီ ဥက္ကဌ လုံးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုင်း ၅ တိုင်း နဲ့ ပြည်နယ် ၁ ခုပေါ့၊ အရင်က ကချင်ပြည်မှာပါ ဝင်ဖို့ လျာထားတယ်၊ ဒါပေမယ့် ကိုယ်စားလှယ်လောင်းတွေ စည်းရုံးရေးဆင်းဖို့ ပြင်နေတဲ့အချိန် ကချင် ခေါ်သတိပေးခြင်းခံရတယ်၊ အဲ့ကြောင့် သူတို့လည်း ကြောက်ပြီး ဆက်မလုပ်ရဲတော့ဘူး၊ အခြေအနေကောင်းရင်တော့ ကချင်ကိုလည်းဝင်ပြိုင်မယ်” ဟု လုံးစိုင်းအိုက်ပေါင်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကချင်ပြည်နယ်ကိုပါ ဝင်ရောက်ယှဥ်ပြိုင်ရန် လျာထားသော်လည်း ကချင်ပြည်နယ်အတွင်းရှိ SNDP ကိုယ်စားလှယ်လောင်းများကို KIO/KIA တပ်ဖွဲ့မှ ခေါ်ယူသတိပေးသည့်အတွက် နောက်ဆုတ်လိုက်ရကြောင်း လုံးစိုင်းအိုက်ပေါင်းက ဆက်ပြောသည်။

ကျားဖြူပါတီ

လက်ရှိတွင် ကျားဖြူပါတီဝင် အင်အား တစ်သိန်းကျော်ရှိနေပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ရန်အတွက် ပြင်ဆင်နေ လျက်ရှိသော်လည်း ငွေကြေးအခက်အခဲ ရှိနေသည့်အကြောင်း လုံးစိုင်းအိုက်ပေါင်း ကပြောသည်။

“ရွေးကောက်ပွဲဝင်ဖို့ ပါတီဝင် အင်အားအတွက်တော့ အဆင်သင့်ဖြစ်နေပါပြီ၊ ဒါပေမဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ အတွက် ပိုက်ဆံ သိန်း ၁,၀၀၀ ကျပ် အတွက် ဆိုတာကျတော့ နည်းနည်းခက်ခဲနေတယ်၊ အဲ့လောက်ပိုက်ဆံ အများကြီးကို ဘယ်လို ရှာနိုင်မလဲပေါ့၊ လောပန်းတွေကို ကျားဖြူပါတီကို လာကူဖို့ ပြောချင်တယ်” ဟု လုံးစိုင်းအိုက်ပေါင်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အာဏာသိမ်း ၂ နှစ်ကျော်ကြာလာပြီးနောက် ပြည်ထောင်စု အဆင့် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း မည်သည့်နေရာ မည်သည့်အချိန်တွင် ကျင်းပပြုလုပ်မည်ကို ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

လက်ရှိ ၂၀၂၃ ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ကျားဖြူပါတီသည် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် အမတ် တစ်နေရာတည်းသာ အနိုင်ရ ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...
After Election_China

တရုတ်အလိုကျ အစိုးရသစ်ဆီသို့ စစ်အာဏာရှင်အရွေ့က လူထုအတွက် ဗလာနတ္ထိ

0
အာဏာသိမ်းစစ်တပ် ဉီးစီးကျင်းပပြီးသည့် ရွေးကောက်ပွဲရလဒ်များကို အခြေခံ၍ လာမည့်လပိုင်းအတွင်း စစ်ကောင်စီ အသွင်ပြောင်း "အစိုးရသစ်" တစ်ရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်နေသည်။ သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးမှာ တရုတ်နိုင်ငံ အလိုကျ ဖန်တီးထားသည့် စစ်အာဏာရှင် သက်တမ်းတိုး အရွေ့တစ်ခုသာဖြစ်ပြီး ပြည်သူလူထုအတွက်မူ အနှစ်သာရ ကင်းမဲ့သော "ဗလာနတ္ထိ" အချိုးအကွေ့တစ်ခုသာ ဖြစ်နေသည်ကို...