စစ်ကောင်စီရွေးကောက်ပွဲ ထောက်ခံသူများ စစ်ရာဇဝတ်မှု ဖုံးကွယ်ပေးထားသူများဟုဆို

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အားပေးထောက်ခံမှု ပြုသူများသည် စစ်ကောင်စီမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပေးထားရန် အသိအမှတ်ပြုသူများဟု မှတ်ယူမည်ဖြစ်ကြောင်း ချင်းမိုင်ရောက် မြန်မာပြည်သူများက ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲအတုအယောင်

အဆိုပါပြောဆိုမှုသည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သော စစ်တပ်မှ နိုင်ငံတော်အာဏာ သိမ်းယူနေ့တွင် ချင်းမိုင် တက္ကသိုလ်ရှိ ထိုင်းနှင့် မြန်မာကျောင်းသား ကျောင်းသူများ၊ ချင်းမိုင်ရောက် မြန်မာ ပြည်သူပြည်သားများ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး အခမ်းအနား ပြုလုပ်ခဲ့သည်။

“ဒီကနေ့မှာ ကျမတို့က ဒီစစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်၊ လုံးဝလက်မခံနိုင် ပါဘူး ဆိုတဲ့ Message ကို ကျမတို့ ပြောခဲ့ပြီးပြီ၊ အဲ့ဒီအပေါ်မှာ နိုင်ငံတကာနဲ့ အာဆီယံက ဒီအချက်ကို သိထား ရက်နဲ့ ဒီအကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို လက်ခံမယ်ဆိုရင်လည်း သူတို့တွေသည် အကြမ်းဖက် စစ်အုပ်စုရဲ့ ပြစ်မှုတွေကို ဖုံးကွယ်ပေးချင်လို့ အသိအမှတ်ပြုတယ်လို့ပဲ ကျမတို့က သတ်မှတ်လိုက်မယ်” ဟု မယုလှိုင်သင်းက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ နှင့် တခြား နိုင်ငံရေးတက်ကြွလှုပ်ရှား သူများကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းယူသည့် စစ်ကောင်စီမှ ကျင်းပသည့် ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အခမ်းအနားကို အဖွင့်အမှာစကားပြောကြားသူ Justice Movement For Community -Innlay မှ မယုလှိုင်သင်းက ပြောသည်။

အတုအယောင် ရွေးကောက်ပွဲ

“ကျမတို့ မြန်မာနိုင်ငံက အကြမ်းဖက် စစ်အုပ်စုတွေဟာ ရွာလုံးကျွတ်မီးရှို့မှု၊ လူတွေကို မတရား ဖမ်းဆီး ညှင်းဆဲ သတ်ဖြတ်မှုကို ပြုနေကြတယ်၊ ဒီလိုကိစ္စတွေကို သူတို့အများကြီး ကျူးလွန်ဖောက်ဖျက် နေကြတယ်၊ ပြီးတော့ သူ့အတိုက်အခံပါတီဝင်တွေကိုလည်း ဖမ်းဆီးပြီးတော့ ရွေးကောက်ပွဲကို အတင်းအကြပ်စီစဥ်နေတာ လုံးဝလက်မခံနိုင်ဘူး၊ ဒီ အတုအယောင် ရွေးကောက်ပွဲကို ကျမတို့က အာဆီယံ နဲ့ နိုင်ငံတကာကို ချပြဖို့ လိုအပ်လို့ ဒီ Campaign ကို လုပ်ခဲ့တာ” ဟု မယုလှိုင်သင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လှုပ်ရှားမှု Campaign တွင် ဓာတ်ပုံပြပွဲ၊ စစ်အာဏာရှင်တို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု မှတ်တမ်းဗွီဒီယို ပြသခြင်း နှင့် အတူ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ရပ်နှင့် အကျိုးဆက်တွေ အကြောင်း ဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြသည်။

ထို့အပြင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့်နေ့၌ ပြုလုပ်သည့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုသို့ ပေးပို့သော KNU, KNPP, WLB, GSC, DPNS, GSCN, ၈၈ မျိုးဆက်ကျောင်းသား နှင့် တခြားသော အဖွဲ့အစည်းများစွာက ထုတ်ပြန်ချက်၊ အသိအမှတ်ပြုလွှာများကို ထုတ်ဖော်ပြသမှုလည်းပြုလုပ်ခဲ့သည်။

ယင်းနောက်တွင် ထိုင်းကျောင်းသားများ အဖွဲ့၏ အနုပညာသရုပ်ဖော်တင်ဆက်မှု၊ ကမ္ဘာမကြေ သီချင်းကို သံပြိုင်သီဆိုမှု ပြုလုပ်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံ နှင့် ဗီဒီယိုများ ရိုက်ယူကာ အခမ်းအနားပြီးဆုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...