Tuesday, May 7, 2024

CATEGORY

နိုင်ငံရေး

သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မေလမတိုင်မှီ ကျင်းပမည်ဟု RCSS/SSA ပြော

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်တွင်ပါ၀င်နိုင်ရေးအတွက် သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေလမတိုင်ခင် ကျင်းပနိုင်ရန်စီစဉ်နေကြောင်း RCSS/SSA ကပြောဆိုလိုက်သည်။ “သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ဖို့က စစ်တပ်ကိုရော၊ အစိုးရဘက်ကိုရောဆွေးနွေးမယ်။ တဖက်ကလည်း RCSS အနေနဲ့ ပါတီကိုရော တခြားအဖွဲ့အစည်းတွေ၊လူမှုအဖွဲ့အစည်းတွေနဲ့ဆွေးနွေးမယ်။ အဆင်ပြေလွယ်ကူအောင်ဘယ်လိုလုပ်ဆောင်သွားမလဲ ၊ အလုပ်ဖြစ်အောင်ဘယ်လိုလုပ်မလဲ ဆိုတာပေါ့။ အစီအစဉ်ထပ်ချဦးမယ်။ ရှိတဲ့အချိန် ၂ လအတွင်းမှာအထမြောက်အောင်မြင်အောင်...

၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ်   မေလလယ်တွင်ကျင်းပရန် JICM ၇ ကြိမ်မြောက်အစည်းအဝေးတွင် ဆုံးဖြတ်

စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ ရာစုပင်လုံညီလာခံ တတိယအကြိမ် ကို JICM ၇ ကြိမ်မြောက်အစည်းအဝေးဆုံးဖြတ်ချက်အရ မေလတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရပါ သည်။ RCSS/SSA သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ၏ အတွင်းရေးမှူး ၃ ၊ UPDJC အတွင်း ရေးမှူးများအဖွဲ့ဝင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြီးခဲ့သည့်...

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် နှင့် EAO’s PPWT တို့ ရန်ကုန်တွင်တွေ့ဆုံ

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ အသိသက်သေ အဖြစ် တက်ရောက်လာသည့် တရုတ်နိုင်ငံ အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စ တာဆွန်ကော်ရှန်အား NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆိုင်ရာအလုပ်အဖွဲ့...

NCA လက်မှတ်ထိုးသည့်တိုင်းရင်းသား ၁၀ ဖွဲ့ နယ်စပ်တွင်တွေ့ဆုံမည်

NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၀ ဖွဲ့ ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်း ထိုင်းနယ်စပ်တနေရာတွင်တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။ ဟုတ်ပါတယ်။ တွေ့ဆုံဖို့ရှိပါတယ်။ ဒါပေမယ့် ဘယ်နေ့ရက်မှာဆုံမယ် ဘယ်မှာဆုံကြမယ် ဆိုတာတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။ ရှေ့ဆက်မှာဘယ်လိုလက်တွဲ သွားမလဲ။ အနာဂတ်နိုင်ငံရေး စစ်ရေးတွေမှာ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကွန်းဆက်တွေ မူဘောင်တွေဘယ်လိုရှိသလဲဆိုတာ ဆွေးနွေးဖို့အတွက်ဖြစ်ပါတယ် - ဟု...

မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ NCA လက်မှတ်ရေးထိုး

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ယနေ့ မွန်းလွဲပိုင်းက မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ၂ ဖွဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ နေပြည်တော်ရှိ MICC 2 ခန်းမတွင် လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပရာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးထင်ကျော်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊...

သမိုင်းဝင်ပင်လုံတွင် NLD လူငယ်များ ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဦးဆောင်ကျင်းပမည်ဟူသည့် အပေါ် အိမ်ရှင်လူငယ်များအား အသိပေးအကြောင်းကြားခြင်းမရှိသေးဟုဆို

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ပြည်ထောင်စုသန္ဓေတည်ရာ ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်တွင် NLD လူငယ် ၇ သောင်းက ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့ ဦးဆောင်ကျင်းပမည်ဟူသည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ် ဒေသခံများအား တရားဝင်အကြောင်းကြားခြင်းမရှိသေးကြောင်း ပင်လုံဒေသခံများကပြောသည်။ ဂျန္နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်ရှိ ဒုတိယအကြိမ် ညီလာညီလာခံကျင်းပရေး ဗဟိုကော်မရှင်၊...

CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပပြီးစီး အလှည့်ကျဥက္ကဌတာဝန်အား ကျားဖြူပါတီသို့ ပေးအပ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်းရှိ RCSS/SSA ဌာနချုပ်လွယ်တိုင်းလျန်းတွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးကျင်းပရာ အလှည့်ကျဥက္ကဌအဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) အား ပေးအပ်လိုက်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ နှင့် ၂ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေးတွင် ဥက္ကဌတာဝန် လွဲပြောင်းပေးအပ်လိုက်ခြင်းဖြစ်ပြီး အချက်...

ပြည်ထောင်စု တိုင်းရင်းသား ဒုတိယဝန်ကြီးရာထူးအတွက် အစိုးရကမ်းလှမ်းမှု SNLD ထပ်မံငြင်းဆို

ပြည်ထောင်စု အစိုးရ တိုင်းရင်းသားရေးရာဝန်ကြီးအား ဝိုင်းရံအလုပ်ကူနိုင်မည့် ဒုတိယဝန်ကြီး တိုးချဲ့ခန့်အပ်ရေးအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တဦးဦးမှ လက်ခံရယူရန် အစိုးရကမ်းလှမ်းလာမှုအား သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကငြင်းဆိုလိုက်သည်ဟုသိရသည်။ အဆိုပါရာထူးအတွက် သမ္မတရုံးဝန်ကြီးဌာန မှ အဆင့်မြင့်အရာရှိကြီးတဦးက သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ထံ ဖုန်းဖြင့်ဆက်သွယ်လာကြောင်း၊ ထိုရာထူးအတွက် မည်သို့ဆန္ဒရှိသည်...

CSSU ဥက္ကဌ ရာထူးလက်ခံမည့် ကျားဖြူပါတီဥက္ကဌ နှစ်ပတ်လည် အစည်းအဝေးတက်ရောက်မည်မဟုတ်ဟုဆို

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ်လွယ်တိုင်းတွင် ကျင်းပ ရန်စီစဉ်ထားသည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU နှစ်ပတ်လည်အစည်းအဝေးတွင် အလှည့်ကျ ဥက္ကဌရာထူးတာဝန်ယူရမည့် SNDP ကျားဖြူပါတီဥက္ကဌ အစည်းအဝေးတက်ရောက်နိုင်မည်မဟုတ်ဟုသိရသည်။ “အစက လွယ်တိုင်းလျန်းမှာအစည်းအဝေးသွားတက်ဖို့ စီစဉ်ထားတယ်။ နောက်တော့ ကျနော် စင်္ကာပူမှာ နှလုံးသွားခွဲ ရတယ်။ နှလုံးခုန် မမှန်ဘူး။ သွေးတိုးရောဂါလည်း...

လာမည့်ကြားဖြတ်ရွေးကောက်ပွဲ SNLD မှ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ပြုလုပ်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်း၏နေရာနှင့် ယခု ဂျန္နဝါရီလဆန်းက ကွယ်လွန်သွားသော မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဇော၏ နေရာတွင်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြိ့နယ်...

Latest news