မူဆယ်စာအုပ်အနီ ပြုလုပ်သူများ အခက်ကြုံ၊ မာရှယ်လော အကျုံးမဝင်

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တရုတ်နယ်စပ် ဖြတ်သန်းခွင့်စာအုပ် ပြုလုပ်သူများအတွက် လူဝင်မှုကြီးကြပ်ရေး လဝက အရာရှိများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်က မူဆယ် ခရိုင်လဝကရုံးမှ တရုတ်နယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (စာအုပ်အနီ) ကိုင်ဆောင်ပြီး ဇန်နဝါရီနှင့် ဖေဖော်ဝါရီလကုန်တွင် ၁ နှစ်သက်တမ်း ကုန်ဆုံးမည့် မူဆယ်၊ နမ့်ခမ်း (၂)မြို့နယ်လုံးမှ ဒေသခံများအတွက်က လျှောက်လွှာလက်ခံရက်ကို အသိပေးကြေညာခဲ့ရာ တစ်ရက်တည်းသာ လက်ခံပေးခဲ့ခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“အခုပြဿနာတက်နေတာက သက်တမ်းတိုးတဲ့နေရာမှာ ဖြစ်နေတာ။ သူတို့လဝက စီမံခန့်ခွဲမှု ညံ့တယ် ပြောရမှာပေါ့။ နှစ်မြို့နယ်လုံးကို ဇန်နဝါရီ၊ ဖေဖော်ဝါရီ သက်တမ်းကုန်တာ တစ်ရက်ထဲ လက်ခံပေးတယ်ဆိုတော့ စဉ်းစားကြည့်လေ၊ လူထောင်ချီ စုပြုံတိုးကြရတာ။ ကြေညာထားတာက ရှင်းသလိုလိုနဲ့ တကယ်တမ်း လုပ်ပေးနေတဲ့ပုံစံက တော်တော်ဒုက္ခရောက်တယ်”ဟု မူဆယ်မြို့မှ စာအုပ်အနီ ကိုယ်တိုင်ပြုလုပ်နေသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်နှင့် နမ့်ခမ်းမြို့နယ်မှ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကိုင်ဆောင်သူများမှာ သောင်းနှင့်ချီ၍ စာရင်းရှိနိုင်သည်ဟု ဒေသခံများက ပြောဆိုသည်။

နမ့်ခမ်းမှ လဝက အရာရှိများလည်း မူဆယ်တွင် စုပေါင်းရောက်ရှိနေပြီး ၎င်းတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် သက်တမ်းတိုးပြုလုပ်ရန် အချိန်ကြန့်ကြာလျက်ရှိကာ စာအုပ်ရရှိရန် တစ်ဦးလျှင် တရုတ်ယွမ် ၁၀၀၀ ကျော် (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၅ သိန်းမှ ၈ သိန်း)အထိ ကုန်ကျကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“သူတို့ လဝကနဲ့ မကင်းနိုင်ဘူးဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ၊ ထိန်းမရတော့အောင်ကို ဖြစ်နေတာ။ အခုက လျှောက်လွှာတင်လည်း ပေးရ၊ စာအုပ်ထုတ်လည်း ပေးရဖြစ်နေတယ်။ အဝင်အထွက်တုံး တစ်ခါထုတာ တရုတ်ယွမ် ၁၀၀၊ မြန်မာငွေဆို ငါးသောင်းနီးပါးရှိပြီ။ တကယ်တမ်းဆိုရင် မြန်မာငွေ ၁၀၀၀ ပဲ ကုန်ကျရမှာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် နယ်စပ်ဖြတ်သန်းခွင့် စာအုပ်သက်တမ်းတိုးရန် လျှောက်လွှာဖြည့်သွင်းသည့် အဆင့်ထိသာ ရောက်ရှိသေးသော်လည်း ခရိုင်လဝကရုံးမှ ရဟတ်ယာဉ်ကွင်းအထိ ဒေသခံ ထောင်နှင့်ချီ၍ အလုအယက် စုပြုံတိုးဝှေ့ကာ တုံကင်နံပါတ် ရရှိရန် ညအိပ်စောင့်ဆိုင်းပြီး ပြုလုပ်နေရကြောင်း မူဆယ်ဒေသခံများထံမှ သိရသည်။

“မူဆယ်မှာ စာအုပ်အနီ လုပ်တဲ့လူတွေ မာရှယ်လောလည်း အကျုံးမဝင်ဘူး။ ရုံးပေါ်ကို ထိုင်ခုံတွေ ပစ်ပေါက်ကြပြီး ဆန္ဒပြ သလိုတောင် ဖြစ်တယ်။ လူများလွန်းတော့ မစားရ မအိပ်ရတဲ့လူတွေ သတိလစ် မူးလဲကြတာ ဆယ်ချီရှိတယ်။ အရင်ည ပြဿနာဖြစ်တာ ပြည်သူ့စစ်တွေ လာပြီးတော့ ထိန်းပေးရတယ်”ဟု မူဆယ်မြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များ၌ တိုက်ပွဲငြိမ်သက်နေသော်လည်း တရုတ်နှစ်သစ်ကူးပြီးနောက် တိုက်ပွဲစိုးရိမ်မှုနှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် တရုတ်နိုင်ငံသို့ သွားရောက်၍ အလုပ် လုပ်ကိုင်နိုင်ရန် ၁ နှစ်သက်တမ်းရှိ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ကို အလုအယက် တိုးဝှေ့လုပ်ဆောင်နေကြခြင်း ဖြစ်နိုင်ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...