လူငယ် ၂၀၀ လျှင် ၁ ဦး စစ်မှုထမ်းရမည်၊ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံ

၂၀၁၉ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ် ၁၄ သန်းနီးပါးရှိပြီး ယခုနှစ် လူငယ် ၂၀၀ လျှင် ဦးနှုန်း စစ်မှုထမ်းရန် ခေါ်ယူမည်ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) ညပိုင်းက စစ်တပ်ပိုင် မြဝတီ ရုပ်သံမှ တစ်ဆင့် ပြောဆိုလိုက်သည်။

ကြားဖြတ် သန်းခေါင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပဒေနှင့် အကျုံးဝင်သူ လူငယ် ၁၄ သန်းဝန်းကျင်ရှိပြီး ပထမ အဆင့် ယင်းလူဦးရေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည့် လူငယ် ၆၅,၀၀၀ ဝန်းကျင်ကို ယခုနှစ် ခေါ်ယူမည်ဖြစ်ရာ အချိုးကျ တွက်ချက်ပါက လူငယ် ၂၀၀ လျှင် ၁ ဦး စစ်မှုထမ်းရမည်ဟု ၄င်းက တွက်ချက် ပြောဆိုသည်။

“ဒီနိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်တာဟာ မိမိကိုယ်လည်း ကောင်းစေနိုင်မှာဖြစ်တယ်။ မိမိအဖွဲ့အစည်းကိုလည်း ကောင်းစေလာမှာ ဖြစ်တယ်။ တိုင်းပြည်ကိုလည်း ကောင်းစေလာမှာ ဖြစ်တယ် ဆိုတာကို အလေးအနက် ယုံကြည် သဘောပေါက်ဖို့ လိုအပ်ပါတယ်” ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် နိုင်ငံတဝှမ်း လူငယ်လူရွယ်များကို ဖမ်းဆီးနေသည့် ကိစ္စနှင့် ပတ်သက်၍ ဧည့်စာရင်းစစ် ဖမ်းဆီးမှုများ ရှိနေသည်ဟု ဝန်ခံလိုက်ပြီး အထောက်အထား ခိုင်လုံသူများကို ပြန်လွှတ်ပေးသည်ဟု ဆိုသည်။

“လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတို့ လိုအပ်တဲ့ စစ်ဆေးမှုများ ပြုလုပ်ခြင်းကို မြို့ရွာတွေမှာ ဆောင်ရွက်လျက် ရှိတယ်” ဟု စစ်ကောင်စီ ပြောခွင့်ရက ပြောဆိုသည်။

ယင်းသို့ စစ်ဆေးရခြင်းသည် ၄င်းက အကြမ်းဖက်ဟု ရည်ညွှန်းသည့် တော်လှန်ရေးတပ်ဖွဲ့များ မြို့ရွာအတွင်း စိမ့်ဝင့်မှုကို ကာကွယ်ရန်ဟု ပြောဆိုပြီး ဧည့်စာရင်း မတိုင်သူ၊ အိမ်ထောင်စုစာရင်း အတွင်း မပါဝင်သူများ၊ အိမ်ထောင်စု စာရင်းမပြနိုင်သူများကို ခေါ်ယူစစ်ဆေး အရေးယူနေသကဲ့သို့ အကျိုးအကြောင်း ဆီလျော်သူများကို ပြန်လွှတ်ပေးနေသည်ဟု ဆိုသည်။

လက်ရှိ နိုင်ငံတဝန်း စစ်ကောင်စီတပ်က လူငယ်များကို အဓမ္မ ဖမ်းဆီးပြီး တပ်သားသစ် အဖြစ် စုဆောင်းနေသည် ဆိုသည့် လွပ်လပ်သည့် မီဒီယာများက ဖော်ပြနေသည့် သတင်းများနှင့် ပတ်သက်၍ ၄င်းက ရှင်းလင်း ပြောဆိုခြင်း ဖြစ်ပြီး ဖမ်းဆီးခံရသူများအား မည်သို့ အရေးယူသည် ဆိုသည့် အချက်ကိုမူ ရှင်းရှင်းလင်းမသိရသေးပေ။

စစ်ရှုံးနေသည့် စစ်ကောင်စီက စစ်မှုထမ်းရန် အတွက် ပြည်သူများကို ရွေးချယ်ခေါ်ယူမည့် ပြည်သူ့စစ်မှုထမ်း ဗဟိုအဖွဲ့ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖွဲ့စည်းလိုက်ပြီး ပြည်နယ်နှင့် တိုင်း အဆင့်ကို ယမန်နေ့က ဆောလျင်စွာ ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းမှုနှင့် အတူ စစ်မှုထမ်းရန်အတွက် စတင်ဆင့်ခေါ် လူသစ်စုဆောင်းမှုကို သင်္ကြန်ကာလ ရုံးပိတ်ရက် အပြီး ဧပြီလအတွင်း စတင်မည်ဖြစ်ကာ တကြိမ် လူ ၅၀၀၀ ဖြင့် တစ်နှစ် ၄ ကြိမ် လူ ၂၀၀၀၀ ခေါ်ယူမည်ဟု BBC သတင်းဌာနကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သေည်လည်း ယခု တစ်နှစ် လူငယ် ၆၅၀၀၀ အထိ စစ်မှုထမ်းရမည်ဟု ထပ်မံ ပြောဆိုခြင်း ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၁၀ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး လက်ရှိ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စတင်အသက်သွင်းခြင်း ဖြစ်သည်။

ယင်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

ထို့အပြင် ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများ အနေဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်၊ အမျိုးသမီးများ အနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် တာဝန်ရှိမည် ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ်အထိ ချနိုင်ကြောင်းလည်း ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

ယခု ပြဌာန်းလိုက်သည့် ဥပဒေ၏ နောက်ဆက်တွဲ အဖြစ် စစ်မှုမထမ်းလိုသူများထံမှ ငွေညှစ်မှုများ၊ စစ်ဗိုလ်ချုပ်များ၏ လဒ်စားမှုများ ပေါ်ပေါက်လာမည်ဖြစ်ပြီး စစ်ကောင်စီ အနေဖြင့် ပြည်သူလူထု၏ နာကျည်းမှုကို ပိုမိုခံစားရမည်ဟု အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာမီမီဝင်းဘတ်က VOA သတင်းဌာနကို ပြောဆိုထားသည်။

စစ်ကောင်စီ အနေဖြင့် အင်အားနည်းနေပြီး ကာကွယ်နိုင်စွမ်း လျော့နည်းနေသည့် အတွက် ယခုလို လူသစ်စုဆောင်းခြင်းပြီး စစ်ကောင်စီကို မထောက်ခံသူများ တပ်တွင်း ဝင်ရောက်ခြင်းဖြင့် တပ်တွင်း အချင်းချင်း ပစ်ခတ်မှုများ ပုန်ကန်မှုများ ပိုများလာမညည်ဟု KNDF ဥက္က ခွန်းဘီထူးက BBC သတင်းဌာနသို့ သုံးသပ် ပြောဆိုသည်။

စစ်စည်းရုံးသည့် ဥပဒေများ ဆက်တိုက်ထုတ်ပြန်နေသဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထု စိုးရိမ်မှု မြင့်တက်နေပြီး လူငယ်များ နိုင်ငံပြင်ပ ထွက်ခွာရန် အပူတပြင်း ကြိုးစားနေမှုကြောင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများတွင် လူငယ်များ ကြိတ်ကြိတ်တိုးနေပြီး ထိုင်းသံရုံး အနေဖြင့် တရက် အလည် ဗီဇာ ၄၀၀ သာ ထုတ်ပေးတော့မည်ဟု ကန့်သတ် ကြေညာခဲ့ရသည် အထိ လျှောက်ထားသူ များပြားနေသည်ကို တွေ့ရသည်။။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...