Thursday, January 29, 2026

ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ်

ယမန် (ဖေဖော်ဝါရီလ ၁၇ ရက်) ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး ဘန်းယဉ်ကျေးရွာအခြေစိုက် ခမရ ၄၂၅၊ ၄၂၆ အနီးတွင် လက်နက်ကြီးပစ်ခတ်သံ ၂ ချက်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာကြောင်း ဘန်းယဉ်ကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ည ၈ နာရီလောက်စပြီးတော့ လက်နက်ကြီးသံ ဒုန်းဒုန်း ၂ ချက် ကြားရတာပဲ။ ခဏငြိမ်းသွားပြီး ၉ နာရီလောက်ပြန်စပြီး သေနတ်သံတွေ ဆက်တိုက်ထွက် လာတော့တာပဲ။ အခုကြားရတာက စစ်တပ်စခန်းဘက်ကကြားရတာ။ ထင်ကတော့ အဲ့ကနေအရှေ့ဘက်ကို ပစ်နေတာ” ဟု ၎င်းကပြောသည်။

ပစ်ခတ်သံများသည် တစ်ဘက်တည်းတွင် ကြားနေရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်ခြင်း တိုက်ပွဲမဟုတ်ကြောင်း ဒေသခံအချို့က ပြောကြသည်။

“ကျနော်တွေ့တာတော့ ဒရုန်း၂စင်းတက်သွားတာတွေ့တယ်။ အဲ့ဒရုန်းကို လက်နက်ငယ်နဲ့ လှမ်းပစ်တာထင်တယ်။ ပစ်တာတော့ တစ်ဖက်ဘဲ ကြားတယ်” ဟု ​မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဉီးကပြောသည်။

ထိုကဲ့သို့ ပစ်ခတ်သံများထွက်လာသောကြောင့် ဘန်းယဉ်ကျေးရွာရှိ ဒေသခံများသည် ကြိုတင် ပြင်ဆင်နိုင်ခြင်းမရှိဘဲ အရေးပေါ် ထွက်ပြေးနေရကြောင်း ဆိုသည်။

“ရုတ်တရက်ကြီးဖြစ်လာတော့ ကားစီးပြီး ပြေးတဲ့သူကပြေး၊ ဆိုင်ကယ်စီးပြီး ပြေးတဲ့သူကပြေးနဲ့ ပြေးနေကြတာပဲ။ ဘယ်သူမှကြိုတင်မပြင်ဆင်ထားတော့ ရရာဆွဲပြီး ပြေးကြတာ” ဟု ဘန်းယဉ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆီဆိုင်မြို့ထဲသို့ တန်ပြန်ထိုး စစ်ဆင်ဖို့အတွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ဆိုက်ခေါင်-ဘန်းယဉ်-နောင်မွန်-ဟိုပုံး တို့တွင် စစ်အင်အားဖြည့်တင်းနေပြီး ယင်းကျေးရွာများ၏ အရှေ့ဘက်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် စစ်ရေးတင်းမာနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...