ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုအတွင်း ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ်

ယမန် (ဖေဖော်ဝါရီလ ၁၇ ရက်) ညပိုင်း ၈ နာရီဝန်းကျင်မှစပြီး ဘန်းယဉ်ကျေးရွာအခြေစိုက် ခမရ ၄၂၅၊ ၄၂၆ အနီးတွင် လက်နက်ကြီးပစ်ခတ်သံ ၂ ချက်ကြားရပြီးနောက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာကြောင်း ဘန်းယဉ်ကျေးရွာဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ည ၈ နာရီလောက်စပြီးတော့ လက်နက်ကြီးသံ ဒုန်းဒုန်း ၂ ချက် ကြားရတာပဲ။ ခဏငြိမ်းသွားပြီး ၉ နာရီလောက်ပြန်စပြီး သေနတ်သံတွေ ဆက်တိုက်ထွက် လာတော့တာပဲ။ အခုကြားရတာက စစ်တပ်စခန်းဘက်ကကြားရတာ။ ထင်ကတော့ အဲ့ကနေအရှေ့ဘက်ကို ပစ်နေတာ” ဟု ၎င်းကပြောသည်။

ပစ်ခတ်သံများသည် တစ်ဘက်တည်းတွင် ကြားနေရပြီး နှစ်ဖက်တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်ခြင်း တိုက်ပွဲမဟုတ်ကြောင်း ဒေသခံအချို့က ပြောကြသည်။

“ကျနော်တွေ့တာတော့ ဒရုန်း၂စင်းတက်သွားတာတွေ့တယ်။ အဲ့ဒရုန်းကို လက်နက်ငယ်နဲ့ လှမ်းပစ်တာထင်တယ်။ ပစ်တာတော့ တစ်ဖက်ဘဲ ကြားတယ်” ဟု ​မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဉီးကပြောသည်။

ထိုကဲ့သို့ ပစ်ခတ်သံများထွက်လာသောကြောင့် ဘန်းယဉ်ကျေးရွာရှိ ဒေသခံများသည် ကြိုတင် ပြင်ဆင်နိုင်ခြင်းမရှိဘဲ အရေးပေါ် ထွက်ပြေးနေရကြောင်း ဆိုသည်။

“ရုတ်တရက်ကြီးဖြစ်လာတော့ ကားစီးပြီး ပြေးတဲ့သူကပြေး၊ ဆိုင်ကယ်စီးပြီး ပြေးတဲ့သူကပြေးနဲ့ ပြေးနေကြတာပဲ။ ဘယ်သူမှကြိုတင်မပြင်ဆင်ထားတော့ ရရာဆွဲပြီး ပြေးကြတာ” ဟု ဘန်းယဉ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆီဆိုင်မြို့ထဲသို့ တန်ပြန်ထိုး စစ်ဆင်ဖို့အတွက် ပြည်ထောင်စုလမ်းမပေါ်ရှိ ဆိုက်ခေါင်-ဘန်းယဉ်-နောင်မွန်-ဟိုပုံး တို့တွင် စစ်အင်အားဖြည့်တင်းနေပြီး ယင်းကျေးရွာများ၏ အရှေ့ဘက်ရှိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAနှင့် စစ်ရေးတင်းမာနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...