TSU အလုပ်အမှုဆောင်တစ်ဦးနှင့် အခြားလူငယ် ၄ ဦးကို MNDAA မှ အဓမ္မ ဖမ်းဆီးခံရ
သျှမ်းပြည် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသော သျှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် တစ်ဦးနှင့်အတူ အခြားလူငယ် ၄ ဦးတို့သည် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ အဓမ္မ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် လောက်ကိုင်မြို့သို့ ခေတ္တရောက်ရှိနေသည့် သျှမ်းကျောင်းသားသမဂ္ဂ (TSU) အလုပ်အမှုဆောင်အဖွဲ့ဝင်...
ဆီဆိုင်မြို့အတွင်း သုံးရက်သာ ပစ္စည်းပြန်ယူခွင့်ပြု သတင်းမှား
တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့တွင် ယာယီအပစ်ခတ်ရပ်ပြီး ဒေသခံများကို သုံးရက်သာ ပစ္စည်းပြန်သယ်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှားဖြစ်သည်။ ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း နှစ်ဖက်တပ်ဖွဲ့တို့သည် ယာယီအပစ်ခတ်ရပ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၀ ရက်) အထိ သုံးရက်သာ ဒေသခံများကို ပစ္စည်းပြန်သယ်ယူခွင့်ပြုပေးမည်ဆိုပြီး...
တရုတ်နှစ်သစ်ကူး ‘ပန်းတိုင်းပွင့်ပါစေ’ သီချင်းဖြင့် မင်းအောင်လှိုင် အကြီးအကျယ် ဆင်နွှဲ
SHAN -
ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံ၌ ရွှေနဂါးတရုတ်နှစ်သစ်ကူး ပွဲတော်ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) က ကျင်းပရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြီးအကျယ် တက်ရောက် ဆင်နွှဲ ခဲ့သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။ အဆိုပါ အခမ်းအနားသို့ စစ်ခေါင်းဆောင်နှင့် အတူ တရုတ်နိုင်ငံ...
ဆီဆိုင်မြို့နယ် ဒေသခံ ၁၅ ဦးထက်မနည်း လက်နက်ကြီးထိမှန်
သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီး၊ လက်နက်ငယ်များကြောင့် ဒေသခံ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၉ ရက်) နံနက် ၆ နာရီခွဲဝန်းကျင်တွင် စစ်ရှောင်များ ဆီဆိုင်မြို့သို့ နေရပ်ပြန်ပြီး...
တာချီလိတ်မြို့ ရှိ ကုန်စုံဆိုင်တစ်ခု ဓားပြတိုက်ခံရ
မြန်မာ - ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လက်နက်ကိုင်တစ်စု ကုန်စုံဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။ မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဟောင်လိတ်အုပ်စုတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈) ရက် ညနေ ၄ နာရီခွဲခန့် ဝမ်ခမ်း ကုန်စုံဆိုင်ကို...
နိုင်ငံခြားသို့ တိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာကို သိမ်းဆည်းမည်ဟု RCSS ထုတ်ပြန်
သျှမ်းပြည်အတွင်း နေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကို သိမ်းဆည်းသွားမည်ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထုတ်ပြန်လာကြောင်း စုံစမ်းသိရသည်။ စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်အတွင်း နေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ...
တောင်ကြီးမြို့ ဘားဆိုင် အတွင်း စစ်ကောင်စီ က လူငယ် ၂ ဦးဖမ်း ပိုက်ဆံဖြင့် ပြန်ရွေးထုတ်ခိုင်း
သျှမ်းပြည် တောင်ကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ လူငယ်များရှိရာ Bar ဆိုင်နှင့် နေအိမ် အတွင်းသို့ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး လူငယ် ၂ ဦးဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညပိုင်းတွင် စစ်ကောင်စီက တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် အတွင်းသို့ ရှောင်တခင်ဧည့်စာရင်း...
“စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။”
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA)၏ ယာဉ်ကြောင်းကို ပိတ်ဆို့ ဟန့်တားခြင်းကြောင့် စစ်ကောင်စီ စစ်တပ်နှင့်ပူးပေါင်းထားသော အသွင်ပြောင်းပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ထို့နောက် PNLO ဗဟိုဌာနချုပ်ရှိရာ ဆီဆိုင်မြို့နယ်ထဲသို့ စစ်ကောင်စီက...
မူဆယ် M2 ဟိုတယ်ရှေ့ လင်မယားနှစ်ဦး သေနတ်ပစ်ခံရ၊ အမျိုးသားသေဆုံးပြီး အမျိုးသမီး ဒဏ်ရာရ
သျှမ်းပြည် မူဆယ်မြို့ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူများမှ သေနတ်ပစ်ခတ်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၇ ရက်) မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ M2 ဟိုတယ်ရှေ့တွင် လင်မယားနှစ်ဦးကို ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ သေနတ်ကိုင်ဆောင်သူနှစ်ဦးမှ...
ပုံးအင်း ဒေသ အမျိုးသားတစ်ဦး အသတ်ခံရသည့် အလောင်းတွေ့
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသတွင် အမျိုးသားတစ်ဦး သေဆုံးနေသည့် အလောင်းကို ဒေသခံများက ရွာအနီး တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဖိုင်လင်းကျေးရွာရှိ စာသင်ကျောင်းအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) နံနက်ပိုင်း၌ အမျိုးသားတစ်ဦး ညိုမည်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အလောင်းကို ဒေသခံများက...





