နိုင်ငံခြားသို့ တိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာကို သိမ်းဆည်းမည်ဟု RCSS ထုတ်ပြန်

သျှမ်းပြည်အတွင်း နေထိုင်သည့် ဒေသခံပြည်သူများမှ နိုင်ငံခြားသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ပါက နေအိမ်ဥစ္စာများကို သိမ်းဆည်းသွားမည်ဟု သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ထုတ်ပြန်လာကြောင်း စုံစမ်းသိရသည်။

RCSS

စစ်ရေးပဋိပက္ခ ကာလအတွင်း သျှမ်းပြည်အတွင်း နေထိုင်ပြီး မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စစ်မှုထမ်းမူဝါဒနှင့် မြေယာမူဝါဒများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/SSA) က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်)တွင် ထုတ်ပြန်လာသည်။

“RCSS ဆီမှာ စစ်မှုထမ်းရင်တော့ ကင်းလွတ်ခွင့် ရမှာပါ။ စစ်ကောင်စီက ကောက်ယူတာလည်း သူတို့ရဲ့ ဥပဒေပဲလေ။ ပြည်မက လူတွေကိုပဲ စစ်သားကောက်မှာပေါ့။ သျှမ်းပြည်သားတွေနဲ့ မဆိုင်ဘူး၊ သျှမ်းပြည်သူတွေ အနေနဲ့ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်ဖို့ မလိုဘူး။ ပြည်သူတွေ ကိုယ့်သဘောဆန္ဒအရ ဆုံးဖြတ်ရမှာပေါ့”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုထုတ်ပြန်လာသည့် စစ်မှုထမ်းနှင့် မြေယာမူဝါဒသည် RCSS/SSA စတင်ဖွဲ့စည်းကတည်းက နဂိုရှိရင်းစွဲ မူဝါဒဖြစ်ပြီး အခြေအနေအရ ပြည်သူများ သိရှိနိုင်ရန် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“အဓိက ပြည်သူတွေ နေအိမ်ခြံဝင်း ရောင်းပြီး နိုင်ငံခြားသွားတာကို တားမြစ်နိုင်အောင်ပေါ့။ သူတို့တွေ ပြန်လာနေကြဖို့ပေါ့။ မြေယာမူဝါဒကတော့ RCSS ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းထဲ ပါတယ်။ အသက်မွေးဝမ်းကြောင်းမှုအရ ငွေရှာတာတော့ မတားမြစ်ဘူး၊ နေအိမ်နဲ့ တောင်ယာတွေကို မစွန့်ပစ်သွားကြဖို့ တားမြစ်ရတာ”ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

RCSS တပ်ဖွဲ့၏ စစ်မှုထမ်းမူဝါဒတွင် (၁) အသက်(၁၈)နှစ် ပြည့်လျှင် ၆ နှစ် စစ်မှုထမ်းရန်၊ (၂) တက္ကသိုလ်အဆင့် ပြီးမြောက်သူများ သင်ကြားရေးနှင့် ရုံးလုပ်ငန်း တာဝန်ထမ်းဆောင်ရန်၊ (၃) စက်မှုလက်မှု ကျွမ်းကျင်သူများ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းနှင့် ယာဉ်ထိန်းသိမ်းရေးတို့ လုပ်ဆောင်ရန်၊ (၄) နည်းပညာကျွမ်းကျင်သူများအနေဖြင့် ဒရုန်းတပ်ဖွဲ့၊ IT နှင့် Website ဆိုင်ရာ တာဝန်ထမ်းဆောင်ရန်၊ (၅) နိုင်ငံရေး၊ စည်းရုံးရေးနှင့် မှတ်တမ်းထိန်းသိမ်းရေး ကျွမ်းကျင်သူများ သက်ဆိုင်ရာအလိုက် တာဝန်ထမ်းဆောင်ရန် စသည်ဖြင့် ပါရှိသည်။

အလားတူ ထိုင်း၊ တရုတ်နှင့် လာအို စသည့် နိုင်ငံခြားသို့ ရောက်ရှိနေသူများလည်း RCSS တပ်ဖွဲ့ထံသို့ စစ်မှုထမ်းရန် စာရင်းပေးသွင်းကာ တာဝန်လာရောက် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့အပြင် မိသားစုလိုက် နိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်သူများ၏ နေအိမ်ဥစ္စာများ၊ ၃ နှစ်အထိ လုပ်ကိုင်ခြင်းမရှိသည့် တောင်ယာများကို ကျေးရွာပိုင်အဖြစ် RCSS တပ်ဖွဲ့မှ သိမ်းဆည်းမည်ဖြစ်ပြီး အိမ်ခံမြေ ရောင်းချခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် ရယူရန်လည်း RCSS တပ်ဖွဲ့၏ မြေယာမူဝါဒတွင် ဖော်ပြထားသည်။

RCSSသည် ယနေ့ချိန်ထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် (NCA) ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC)နှင့်လည်း ပုံမှန်တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

RCSS က နိုင်ငံခြားသွားသူများ၏ လယ်ယာမြေ သိမ်းဆည်းသွားမည်ဆိုသည့် ကြေညာချက် မထွက်ခင်တွင် စစ်ကောင်စီ၏ တယ်လီဂရမ် ဝါဒဖြန့်ချိရေးဖြစ်သည့် မှိုင်းဝေ၊ DGF21 News များတွင် “NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အချို့ကလည်း စစ်မှုထမ်း ဥပဒေအရ မြန်မာ့တပ်မတော်သို့ စစ်မှုထမ်းများ စေလွတ်မည်” ဆိုသည့် စာများကို ဖေဖော်ဝါရီ ၁၇ရက်တွင် ရေးသားထားသည်။

ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလာပြီးနောက် စစ်ကောင်စီနှင့် စစ်ရေး မပြုလုပ်သည့် သျှမ်းတပ် ၂ တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ပြီး အသီးသီး ဖိတ်ခေါ်မှု ပြုလုပ်နေသည်။

သျှမ်းတပ် (၂)တပ်လုံးသည် စစ်အာဏာရှင်တိုက်ခိုက်ရေးတွင် လက်ရှိအချိန်ထိ ပါဝင်လာခြင်းမရှိသေးပေ။

အခြားတစ်ဖက်တွင် စစ်ကောင်စီတပ်၏ စစ်မှုထမ်းဥပဒေကို ရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်ပါက ဥပဒေချိုးဖောက်ခြင်း ဖြစ်သည့်အတွက် အရေးယူခံရမည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများသို့ ဖြေကြားထားပြီး သျှမ်းပြည်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဧည့်စာရင်းနှင့် သန်းခေါင်စာရင်းများကို တင်းတင်းကျပ်ကျပ် ရှောင်တခင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဖယ်ခုံမြို့နယ် ဒေသခံများနှင့် စစ်ဘေးရှောင်များ ရာသီတုတ်ကွေးဖြစ်၊ ဆေးဝါးအကူအညီလိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများနှင့် စစ်ဘေးလာရောက်ရှောင်သူများသည် ရာသီတုတ်ကွေးဖြစ်ပွားနေကြပြီး ဆေးဝါးအကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ် မယ်စုံတောင်ကျေးရွာ ဒေသခံများ နှင့် ၎င်းကျေးရွာသို့ လာရောက်စစ်ဘေးရှောင်ကြသူ (၁၆၀)ကျော်သည် ရာသီတုတ်ကွေးဖြစ်ပွားကာ ဖျားနာနေကြပြီး ဆေးဝါးကုသ ပေးမည့်သူ နှင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...