Thursday, May 2, 2024

တာချီလိတ်မြို့ ရှိ ကုန်စုံဆိုင်တစ်ခု ဓားပြတိုက်ခံရ

Must read

မြန်မာ – ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လက်နက်ကိုင်တစ်စု ကုန်စုံဆိုင်ကို ဝင်ရောက် ဓားပြတိုက်ခဲ့ကြောင်းစုံစမ်းသိရသည်။

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဟောင်လိတ်အုပ်စုတွင် ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈) ရက် ညနေ ၄ နာရီခွဲခန့် ဝမ်ခမ်း ကုန်စုံဆိုင်ကို လူတစ်စုက ဝင်ရောက် ဓားပြတိုက်ခဲ့ပြီး ပစ္စည်းအချို့နှင့် ပိုက်ဆံများကို ယူဆောင်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးင သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အဲ့ဆိုင်က ဘုန်းကျောင်းအဝင်နားမှာ။အဲ့ဆိုင်ထဲကို ဝင်တာကတော့ သေနတ်အရှည်တွေတော့မပါဘူး။ အတို တွေတော့ပါ ရင်ပါလောက်တယ်။ ဆိုင်ကပိုင်ဆံတွေဘာတွေနဲ့ ဆေးပ်တွေ ဘာတွေတော့ ယူသွားတယ်။တာချီလိတ်မှာကတော့ ဖြစ်ချင်တိုင်းကိုဖြစ်နေတာ အခုက ဆိုင်ကယ်နဲ့ တစ်ယောက် ထဲသွားရင်ကြောင်းတောင်ကြောက်နေရတယ်။” ဟု ဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သူခိုး၊ ဓားပြများကို သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူဆောင်ရွက်ခြင်း ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ပြည်သူများ လုံခြုံရေးကင်းမဲ့နေပြီး စိုးရိမ်နေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကိုပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article