ဆီဆိုင်မြို့အတွင်း သုံးရက်သာ ပစ္စည်းပြန်ယူခွင့်ပြု သတင်းမှား

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့တွင် ယာယီအပစ်ခတ်ရပ်ပြီး ဒေသခံများကို သုံးရက်သာ ပစ္စည်းပြန်သယ်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှားဖြစ်သည်။

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း နှစ်ဖက်တပ်ဖွဲ့တို့သည် ယာယီအပစ်ခတ်ရပ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၀ ရက်) အထိ သုံးရက်သာ ဒေသခံများကို ပစ္စည်းပြန်သယ်ယူခွင့်ပြုပေးမည်ဆိုပြီး ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားဖြန့်ချိနေသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါ အကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းမှာသတင်းမှားဖြစ်နေကြောင်း တွေ့ရသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပြည်သူများအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်သွားလာခွင့် မပြုသေးပေ။

အဆိုပါဆီဆိုင်မြို့ဝင်ရောက်နိုင်ကြောင်းဆိုသည့် သတင်းကြောင့် ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နံနက်ပိုင်းအတွင်း ဆီဆိုင်မြို့သို့ ဝင်ရောက်ပြီး ပစ္စည်းသယ်သူကြသူများ မွေတော်ဘုရားအရှေ့ဘက် ဝါးတောရွာမြောက်ဘက်တွင် လက်နက်ကြီး ထိမှန်ကာ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားသည်။

ထို့အတူ ဆီဆိုင်မြို့အတွင်း ပစ္စည်းပြန်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှာ မဟုတ်မမှန်မကန်ကြောင်း၊ စစ်ကောင်စီ၏ ထောက်ချောက်အကြံအစည်သာ ဖြစ်ကြောင်းလည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ခွန်ဝေထူးက မဲခေါင်သတင်းကို ဖြေကြားထားသည်။

မူရင်းလင့် – https://www.facebook.com/MeKongNewsMM/posts/422129193506864

ထို့ကြောင့် ဆီဆိုင်မြို့ တိုက်ပွဲကို ယာယီအပစ်ခတ်ရပ်စဲပြီး ဒေသခံများကို သုံးရက်သာ နေရပ်ပြန်ခွင့်ပြုပြီး ပစ္စည်းသယ်ယူခိုင်းမယ်ဆိုသည့် လှုမှုကွန်ရက်စာမျက်နှာပေါ်မှ သတင်းမှာ အမှားဖြစ်ပြီး အချက်အလက်များကို သေချာမစီစစ်ကာ ဒေသခံများကို အထင်မြင်လွှဲမှားစေရန် သတင်းအမှား ဖြန့်ချိနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ်များတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်၏ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ရိုက်ပြီး ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ဆီဆိုင် ယာယီမြို့မဈေး မိုးကြီးတိုင်း ရေကြီးရေလျှံဖြစ်

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ရှိ ယာယီမြို့မဈေးတွင် ရေထွက်ပေါက်စနစ် စနစ်တကျမရှိသဖြင့် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ဈေးအတွင်း ရေဝပ်နေကြောင်း စုံစမ်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၀ ရက်) ဆီဆိုင်မြို့ ဈေးနေ့ကျရောက်သည့် နေ့ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယာယီမြို့မဈေးအတွင်း ရေများဝင်ရောက်ကာ ရေဝပ်နေကြောင်း ဆီဆိုင်မြို့နေ ဒေသခံအမျိုးသားတစ်ဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...