Tuesday, January 27, 2026

ဆီဆိုင်မြို့အတွင်း သုံးရက်သာ ပစ္စည်းပြန်ယူခွင့်ပြု သတင်းမှား

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့တွင် ယာယီအပစ်ခတ်ရပ်ပြီး ဒေသခံများကို သုံးရက်သာ ပစ္စည်းပြန်သယ်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှားဖြစ်သည်။

ဆီဆိုင်မြို့နယ်

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း နှစ်ဖက်တပ်ဖွဲ့တို့သည် ယာယီအပစ်ခတ်ရပ်ပြီး (ဖေဖော်ဝါရီ ၁၈ ရက်မှ ဇန်နဝါရီ ၂၀ ရက်) အထိ သုံးရက်သာ ဒေသခံများကို ပစ္စည်းပြန်သယ်ယူခွင့်ပြုပေးမည်ဆိုပြီး ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားဖြန့်ချိနေသည်။

သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါ အကြောင်းအရာကို စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ယင်းမှာသတင်းမှားဖြစ်နေကြောင်း တွေ့ရသည်။

လက်ရှိတွင် ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA၊ ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ပြည်သူများအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်သွားလာခွင့် မပြုသေးပေ။

အဆိုပါဆီဆိုင်မြို့ဝင်ရောက်နိုင်ကြောင်းဆိုသည့် သတင်းကြောင့် ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) နံနက်ပိုင်းအတွင်း ဆီဆိုင်မြို့သို့ ဝင်ရောက်ပြီး ပစ္စည်းသယ်သူကြသူများ မွေတော်ဘုရားအရှေ့ဘက် ဝါးတောရွာမြောက်ဘက်တွင် လက်နက်ကြီး ထိမှန်ကာ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရထားသည်။

ထို့အတူ ဆီဆိုင်မြို့အတွင်း ပစ္စည်းပြန်ယူခွင့်ပြုမည်ဆိုသည့် သတင်းမှာ မဟုတ်မမှန်မကန်ကြောင်း၊ စစ်ကောင်စီ၏ ထောက်ချောက်အကြံအစည်သာ ဖြစ်ကြောင်းလည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး ခွန်ဝေထူးက မဲခေါင်သတင်းကို ဖြေကြားထားသည်။

မူရင်းလင့် – https://www.facebook.com/MeKongNewsMM/posts/422129193506864

ထို့ကြောင့် ဆီဆိုင်မြို့ တိုက်ပွဲကို ယာယီအပစ်ခတ်ရပ်စဲပြီး ဒေသခံများကို သုံးရက်သာ နေရပ်ပြန်ခွင့်ပြုပြီး ပစ္စည်းသယ်ယူခိုင်းမယ်ဆိုသည့် လှုမှုကွန်ရက်စာမျက်နှာပေါ်မှ သတင်းမှာ အမှားဖြစ်ပြီး အချက်အလက်များကို သေချာမစီစစ်ကာ ဒေသခံများကို အထင်မြင်လွှဲမှားစေရန် သတင်းအမှား ဖြန့်ချိနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာပေါ်များတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်၏ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ရိုက်ပြီး ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...