တရုတ်နှစ်သစ်ကူး ‘ပန်းတိုင်းပွင့်ပါစေ’ သီချင်းဖြင့် မင်းအောင်လှိုင် အကြီးအကျယ် ဆင်နွှဲ

ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားရုံ၌ ရွှေနဂါးတရုတ်နှစ်သစ်ကူး ပွဲတော်ကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) က ကျင်းပရာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြီးအကျယ် တက်ရောက် ဆင်နွှဲ ခဲ့သည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားသို့ စစ်ခေါင်းဆောင်နှင့် အတူ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်လည်း တက်ရောက်ခဲ့ပြီး ‘ပန်းတိုင်းပွင့်ပါစေ’ သီချင်း သံပြိုင် သီဆို ဆင်နွှဲခဲ့သည်ဟု ဆိုသည်။

အခမ်းအနားတွင် ပျူခေတ်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ အဆိုပါ အချက်ကြောင့် ပျူခေတ် မတိုင်မီကတည်းက တရုတ်-မြန်မာ ဆက်ဆံရေး ခိုင်မာခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။

ထို့အပြင် နိုင်ငံတကာ စာမျက်နှာ၌ တရုတ်နိုင်ငံ၏ ကူညီရပ်တည်မှုများ အတွက် အမွှန်းတင် ပြောဆိုလိုက်ပြီး အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် တရားမဝင် လုပ်ငန်းများ နှိမ်နင်းရေး တရုတ်နှင့်တက်ကြွစွာ ပူးပေါင်းနေကြောင်း ထည့်သွင်းပြောဆိုသည်။

တရုတ် သမ္မတ ရှီကျင့်ဖျင်၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (Global Security Initiative– GSI) အောင်မြင်စွာ အကောင်အထည် ဖော်နိုင်မှုများကို မြန်မာနိုင်ငံက အစောဆုံး ထောက်ခံပေးခဲ့ကြောင်း၊ ရံဖန်ရံခါ တွေ့ကြုံရသည့် ပဋိပက္ခအချို့ကို နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖြေရှင်းခဲ့ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။

တရုတ်နှစ်သစ်ကူးကာလ တရုတ်နိုင်ငံ၌ ပြည်သူများ စိတ်အေးချမ်းသာစွာ ပျော်ရွှင်နေသည်ကို မြင်တွေ့ရ၍ ဝမ်းသာကြည်နူးမိပါကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အကူအညီ ပေးရန်လည်း ၄င်းက တောင်းဆိုခဲ့သည်။

ပြီးခဲ့လပိုင်းက စစ်တပ် ထောက်ခံသူများ ပြည်တွင်းရေး ဝင်မစွက်ရန် ရန်ကုန် တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...