သျှမ်းလူထုကို သွားရောက်တွေ့ဆုံသည့် RCSS ဥက္ကဌ

သျှမ်းပြည် မိုင်းပန်မြို့နယ်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ပြီး မိုင်းပန်မြို့နယ် နားမွန်(ၼႃးဝွၼ်) ကျေးရွာတွင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း၏ ပေါ်လစီများကို ရှင်းပြခဲ့ကာ ဒေသခံပြည်သူ ၁၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်း မိုင်းပန်ဒေသခံများက ပြောသည်။

“ဒီကာလအတွင်းမှာ ပြည်သူတွေလည်း ဒုက္ခရောက်နေတဲ့အချိန် လူထုတွေ့ဆုံမှုတွေ လုပ်သွားပြီး သူတို့ရဲ့ ပေါ်လစီတွေကို ရှင်းပြသွားမယ်လို့ ပြောတယ်။ သျှမ်းမြောက်က စစ်ဘေးရှောင်တွေ မိုင်းပန်ဘက်ကို ရောက်လာရင် အလုပ်အကိုင်နဲ့ နေရာထိုင်ခင်း ပေးမယ်ပေါ့။ မိုင်းပန်မှာလည်း ရွာဟောင်း ၂၀၀ ကျော်ရှိတော့ အဲ့ဒါတွေကို ပြန်လည်ထူထောင်ပေးချင်တာလည်း ပါတာပေါ့”ဟု ၎င်းလူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် မိုင်းပန်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းပန်မြို့နယ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲတွင် RCSS ဥက္ကဋ္ဌမှ လက်ရှိနိုင်ငံရေးအခြေအနေ၊ သျှမ်းအမျိုးသား သွေးစည်းညီညွတ်ရေး၊ သျှမ်းပြည်တပ်မတော်၏ ပေါ်လစီနှင့် အုပ်ချုပ်ရေး အခြေအနေများကို ရှင်းပြခဲ့ပြီး ဒေသခံပြည်သူများက ၎င်းတို့၏ အခက်အခဲများကို မေးမြန်းတင်ပြခဲ့ကြောင်း Tai Freedom မီဒီယာမှ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

“သျှမ်းမြောက်နဲ့ ဆီဆိုင်လိုမျိုးဆိုရင် စစ်ဖြစ်လာတိုင်း စစ်ဘေးရှောင်ရတယ်ပေါ့။ ပြည်သူတွေက အဲ့လိုမြင်ကြတော့ RCSS အနေနဲ့ စစ်မျက်နှာဖွင့်ရင်လည်း နောက်ဆုံးမှာ ပြည်သူတွေပဲ ထွက်ပြေးရဦးမှာ။ သွားစရာ မြေမရှိ ဖြစ်မှာပေါ့၊ ပြည်သူတွေပဲ ဒုက္ခရောက်ကြမှာ”ဟု လူထုတွေ့ဆုံပွဲသို့ တက်ရောက်နားထောင်ခဲ့သည့် မိုင်းပန်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၃ ဇန်နဝါရီလအတွင်းက RCSS တပ်ဖွဲ့မှ ဦးဆောင်ပြီး မိုင်းပန်မြို့ နားမွန်(ၼႃးဝွၼ်) ကျေးရွာတွင် သျှမ်းပြည်အမျိုးသားနေ့ကို ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ရာ စစ်ကောင်စီတပ်က လာရောက်တားမြစ်ခဲ့ဖူးကြောင်း မိုင်းပန်ဒေသခံများထံမှ သိရသည်။

“ဒီတခေါက် ဗိုလ်ချုပ်ကြီး ယွက်စစ် လာတာလည်း NCA အတိုင်းဆိုရင် ဘာမှ ကျူးလွန်တာမရှိဘူး။ RCSS အနေနဲ့လည်း မတရားအသင်း မဟုတ်ဘူး၊ အကြမ်းဖက် အဖွဲ့အစည်းလည်း မဟုတ်ဘူးဆိုတော့ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်လို့ ပြောရမှာပေါ့။ လောလောဆယ်တော့ လင်းခေးခရိုင်မှာပဲ လှုပ်ရှားနေတာ တွေ့တယ်”ဟု မိုင်းပန်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် NCA လမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ (NSPNC)နှင့်လည်း ပုံမှန် တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဆက်ဖြေရှင်းမည်ဟု ဇန်နဝါရီလ ၂၉ ရက်က ထုတ်ပြန်ကြေညာထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

မိုင်းပန်-မိုင်းတုံကြား သံလွင်တံတားသစ်(တာဆန်း)ကို စစ်ခေါင်းဆောင် လာရောက်ဖွင့်လှစ်

0
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၀ ရက်) နံနက် ၁၁ နာရီခွဲတွင် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြားရှိ သံလွင်မြစ်ပေါ်တွင် အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား(တာဆန်း) ကို...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။