Tuesday, February 10, 2026

CATEGORY

နိုင်ငံရေး

သီပေါ အဝင်လမ်း၊ တံတားများပျက်စီး ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်မှုရှိလာနိုင်

သျှမ်းပြည် သီပေါမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများ ပျက်စီးမှုကြောင့် ဒေသခံများအတွက် စားနပ်ရိက္ခာ ပြတ်လပ်လာနိုင်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သီပေါ နှင့် ကျောက်မဲ ကြားရှိ ကျင်သီတံတားသည် စစ်ကောင်စီနှင့် ညီနောက်မဟာမိတ်တို့သည် “၁၀၂၇ စစ်ဆင်ရေး”တိုက်ပွဲများကြောင့် ပြီးသည့် ၂၀၂၃ နိုဝင်ဘာလ ၁၂ ရက်တွင် ဗုံးခွဲဖျက်ဆီးခဲ့ကြပြီး၊ဇွန်လ...

လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာခြေထောက် ကျည်ဖောက်ထွက်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦး စနိုက်ပါပစ်ခံရပြီး ညာဘက်ခြေထောက်ကို ကျည်ဖောက်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၈ နာရီကျော်တွင် လားရှိုးမြို့ပေါ်ရှိ ရွှေသံလွင် ပရဟိတ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးဖြစ်သည့် ကိုစိုင်း(လားရှိုး)သည် ကူညီရေးလုပ်ဆောင်နေစဉ် စနိုက်ပါပစ်ခတ်ခံရပြီး ညာဘက်ခြေထောက်...

ပင်လောင်း စစ်ဆေးရေးဂိတ် ထောက်ခံစာမပြလျှင် သယ်ဆောင်လာသည့် စားနိပ်ရိက္ခာသိမ်းဆည်း

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ စစ်‌ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထောက်ခံစာမပါသည့် လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်များကို သိမ်းဆည်းမှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လမှ စတင်ပြီး ပင်းလောင်းမြို့နယ် စစ်ကောင်စီ၏ ရင်းမှီး စစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာသည့် ဒေသခံများ တင်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများ၊စားသုံးကုန်ပစ္စည်းများ အတွက် ထောက်ခံစာ မပြနိုင်ပါက သိမ်းဆည်းမှု...

ကျောက်မဲမြို့ တိုက်ပွဲကြား မသယ်ထုတ်နိုင်သည့် အရပ်သားအလောင်းများ ပုပ်ပွနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု ထုတ်ယူသင်္ဂြိုလ်ရန် ခက်ခဲနေသဖြင့် အလောင်းပုပ်ပွနေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်...

မိုင်းယောင်းမြို့အနီးတဝိုက်ကို NDAA က ဝင်ရောက်နေရာယူ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်ခရိုင် မိုင်းယောင်းမြို့ အနီးတဝိုက်ရှိ ကျေးရွာများကို မိုင်းလားတပ်ဖွဲ့ဖြစ်သည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်( NDAA) က အင်အားရာချီသုံးပြီး ဝင်ရောက်နေရာယူထားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အခုသူတို့ဘာကြောင့်လာတာလဲတော့ အသေးစိတ်မသိရဘူး။ ဝမ့်တုံ့ဘုန်းကြီးကျောင်းမှာ ရောက်နေတာ။ ရွာသားတွေလည်းကို လက်မှတ်ထိုးခိုင်းတယ်။ ဘာကြောင့်ထိုးခိုင်းတာလဲတော့ မသိဘူး” ဟု၎င်းက ပြောသည်။ လက်ရှိ မိုင်းယောင်းမြို့...

မိုင်းပျဉ်းတောင် တစ်လကျော်ကြာ‌ ယာဉ်ရာနှင့်ချီ နေ့စဉ်ပိတ်ဆို့မှု ဖြစ်နေ

သျှမ်းပြည် အရှေ့ပိုင်း မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းမှုကြောင့် တောင်များပြိုပြီး လမ်းပျက်စီးသဖြင့် တစ်လကျော်ကြာ တွဲကားကြီးများနှင့် ယာဉ်ငယ်များ ရာနှင့်ချီ နေ့စဉ်ပိတ်မိနေကြောင်း စုံစမ်းသိရသည်။ ဇွန်လဆန်းမှ စတင်ပြီး ယခုဇူလိုင်လ တတိယပတ်အထိ ကျိုင်းတုံမြို့သို့ သွားသည့် ပြည်ထောင်စု လမ်းပိုင်းရှိ မိုင်းပျဉ်းတောင်တွင် မိုးရွာသွန်းမှုကြောင့် တောင်ပြိုပြီး လမ်းချော်မှု ဖြစ်ပွားနေသဖြင့်...

MNDAA ထံ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၀၀ ကျော် လက်နက်ချအလင်းဝင်

သျှမ်းပြည်မြောက်ပိုင်း အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အခြေစိုက် လားရှိုးမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိုးကန့်တပ်ဖွဲ့ MNDAA ထံ စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီး ၅ ဦးနှင့် တပ်သား ၃၀၀ ကျော် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း The Kokang မီဒီယာမှ ရုပ်သံနှင့်တကွ ထုတ်ပြန်လာသည်။ ဇူလိုင်လ ၂၁...

ရပ်စောက် SSPP နှင့် RCSS နှစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်ပွား၊ မိခင်နှင့်ကလေး အပါအဝင် ၄ ဦးဒဏ်ရာရ

သျှမ်းပြည် ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA )နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA) တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မိခင်နှင့် ကလေး အပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၂ ရက်) နံနက်...

ညောင်‌ရွှေမြို့ရောက် စစ်ရှောင်တစ်ထောင်ကျော် အလှူရှင်မရှိ၊ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

သျှမ်းပြည် ညောင်ရွှေမြို့နယ်သို့ တစ်လခန့်အကြာ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၁ ထောင်ကျော်သည် အလှူရှင် မရှိသည့်အတွက် စားနပ်ရိက္ခာများ ပြတ်လပ်ကာ အကူအညီ အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ စစ်ဘေးရှောင်များသည့် ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့များကြောင့်...

လောက်ကိုင်မြို့ ပြည်သူများအိပ်မောကျချိန် စစ်ကောင်စီတပ် လေကြောင်း ထပ်မံဗုံးကြဲ၊ အပျက်အစီးများ

သျှမ်းပြည် လောက်ကိုင်မြို့ရှိ တုံချိန်ရပ်ကွက်တွင် ပြည်သူများ အိပ်မောကျနေစဉ် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၃ ရက်) နံနက် ၁ နာရီခွဲကျော်တွင် လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ဟိုတယ်နှင့်...

Latest news