သီပေါမြို့ စစ်ကောင်စီလေကြောင်းဗုံးကြဲ အရပ်သား ၅ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၅ဦးသေဆုံးပြီး၊ ၃ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ 

စစ်ကောင်စီသည် ယမန်နေ့ ( စက်တင်ဘာ ၂၃)ရက် နံနက်ပိုင်းတွင် သီပေါမြို့ ဘုရားကုန်း ရပ်ကွက်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အရပ်သားတစ်ဉီး သေဆုံးခဲ့ပြီး၊ ထိုနေ့ ညနေ (၃)နာရီခွဲဝန်းကျင်တွင် သီပေါမြို့ နားလွယ်လီဆူကျေးရွာအတွင်းသို့ ထပ်မံ​ဗုံးကြဲကာ အရပ်သား ၄ဦးသေဆုံးပြီး၊ ၃ဦး ဒဏ်ရာရရှိခဲကြောင့် သီပေါမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ  အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် သီပေါ အရပ်သားသေဆုံးမှု

“ မနေ့က မနက်ပိုင်းက ဘုရားကုန်ရပ်ကွက်ကို ဗုံးကြဲတာ ၁ ဦးသေတယ်။ ညနေပိုင်း ၃ နာရီခွဲဝန်းကျင်တုန်းလည်း ထပ်လာကြဲတယ်။ အဲအိမ်မှာရှိတဲ့ မြေးအဖွား ၄ ယောက်လုံး ပွဲချင်းဆုံးသွားတယ်။ ၃ ယောက်ဒဏ်ရာရသွားတယ်။ နေအိမ်တွေ အကုန်ပျက်စီးကုန်တယ် “ ဟု ၎င်းကပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်မှစပြီး ယမန်နေ့ (စက်တင်ဘာလ ၂၄) ရက်အတွင်း စစ်ကောင်စီတပ်နှင့် TNLA တို့တိုက်ပွဲ ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅)ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူ (၈)ဦး ရှိကြောင်း သီပေါဒေသခံ အမျိုးသားတစ်ဉီးက ပြောသည်။ 

သီပေါအိမ်အပျက်အစီး

“စစ်တပ်က နေ့တိုင်းလေယာဉ်နဲ့ ဗုံးလိုက်ကြဲတာ။ ထိခိုက်သေဆုံးရင် ပြည်သူတွေကိုပဲထိတာ။ သူတို့သာတကယ် ပစ်ချင်ရင် တပ်ဖွဲ့ရှိတဲ့နေရာကို သွားပစ်စေချင်တယ် ။ကျနော်တို့ ပြည်သူတွေ ခိုလုံတဲ့နေရာ လာမပစ်ကြပါနဲ့။ သေတဲ့သူလည်း တဖြေးဖြေးနဲ့များလာတယ်” ဟု ၎င်းကပြောသည်။ 

ထို့အပြင် နေအိမ်အဆောက်အဦး ပျက်စီးမှုများပြားပြီး ထိခိုက်သေဆုံးသွားသူများကို သီပေါ နယ်စည်းမခြား ပရဟိတအသင်းမှ သွားရောက်ကူညီပေးခဲ့သည်ဟု သိရသည်။ 

လက်ရှိ တိုက်ပွဲကြောင့်  စစ်ရှောင်များသည် သီပေါမြို့နှင့် တစ်မိုင်ခန့်ဝေးကွာသော လှိုဏ်ဂူအတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေကြပြီး၊ စားနပ်ရိက္ခာနှင့် အဝတ်ထည် ဆေးဝါးများ လိုအပ်လျက်ရှိသည်။ 

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...