Tuesday, February 10, 2026

CATEGORY

နိုင်ငံရေး

ဘဏ်များပိတ်ဆိုင်း Kpayထုတ်ရခက် စစ်ရှောင်ကူညီရန်အခက်အခဲကြုံနေရ

“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းစတင်လာပြီးနောက် သျှမ်းပြည်မြောက်ပိုင်း မြို့အချို့တွင် ဘဏ်များပိတ်ထားကြပြီး KPay ဖြင့် ငွေသားထုတ်ယူ၍မရသဖြင့် စစ်ဘေးရှောင်များကို ကူညီရန်ခက်ခဲနေကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။ ဇွန်လ ၂၅ ရက်မှစပြီး နောက်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီနှင့် လားရှိုးမြို့တို့တွင် တိုက်ပွဲဖြစ်ပွား လာပြီးနောက် ထိုမြို့ရှိဘဏ်များအားလုံး...

မိုင်းရယ် MNDAA တွင် စစ်ရှောင် မှတ်ပုံတင်၊ဖုန်းများစစ်ဆေး ဖမ်းဆီးမှုရှိနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးရေးဂိတ်တွင် လားရှိုးမြို့မှ စစ်ဘေးတိမ်းရှောင် လာသော စစ်ဘေးရှောင်များကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများကို မိုင်းရယ်မြို့နယ် ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ ကိုးကန့်...

သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာ အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့ သည် ယနေ့ (ဇူလိုင် ၂၆)ရက် နေ့လည်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အဆိုပါ သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာအတွင်း အရှေ့မြောက်ပိုင်းတိုင်စစ်ဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ၏ အမှတ် (၁၄၇) ခြေလျင်တပ်ရင်းသည် တည်ရှိသည့်နေရာဖြစ်သည်။ “...

စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက် ရိက္ခာ အကူညီလိုအပ်နေ

သျှမ်းပြည် တောင်ပိုင်းဘက်သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင် မိဘမဲ့ကလေးငယ် ၂၀၀ ကျော်အတွက်စားနပ်ရိက္ခာ နှင့် အဝတ်အထည်များ အကူညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဇူလိုင်လ ဒုတိယအပတ်တွင် ကျေးသီးမြို့နယ် ဝမ်စိမ်းကျေးရွာသို့ ရောက်ရှိလာကြောင်း...

မိုးမိတ် စစ်ကောင်စီလက်ကျန်တပ်စခန်း ဗျူဟာကုန်းကို TNLA နှင့် PLA ပူးပေါင်းတပ် ဆက်လက်ထိုးစစ်ဆင်

သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ဗျူဟာကုန်း တပ်စခန်းကို TNLA နှင့် PLA ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၂၅ ရက်)တွင် မိုးမိတ်မြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းဖြစ်သည့် ဗျူဟာကုန်းကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...

လားရှိုးမြို့တွင်းတိုက်ပွဲဖြစ်၊ ပြည်သူများ လုံခြုံရေး အထူးသတိပြုသင့်

သျှမ်းမြောက်၊ လားရှိုးမြို့တွင်း တိုက်ပွဲများ ယမန်နေ့ (ဇူလိုင်လ ၂၆ ရက်) ညပိုင်းက စတင်ဖြစ်ပွားနေပြီဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၆)ရက် နံနက်ပိုင်းမှ စတင်ကာ လားရှိုးမြို့ကို စိုးမိုးထားသည့် အမြင့်ပိုင်းနေရာများတွင် ကိုးကန့်တပ် နေရာယူထားကြောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်- ရမခ အနီးရှိ...

လားရှိုး ရမခ အခြေအနေ ရှုပ်ထွေးနေဆဲ

သျှမ်းမြောက်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်-ရမခကို ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက်ပိုင်းက ဝင်ရောက် သိမ်းပိုက်ခဲ့သည်ဟု နံနက် ၁၁ နာရီတွင် ကိုးကန့်တပ်-MNDAA ကထုတ်ပြန်သည်။ သို့သော် ရမခ အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ကိုးကန့်ပူးပေါင်းတပ်များ ထိုးဖောက်ဝင်ရောက်ဆဲဖြစ်ရာ ယနေ့ ညနေ...

သိန္နီမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားသည့် သိန္နီမြို့ကို စစ်ကောင်စီက  ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ စတင်ကာ လေကြောင်းဖြင့် ဗုံးကြဲနေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ သည် ယနေ့ (ဇူလိုင် ၂၅)ရက် ညနေ ၅နာရီခွဲမှ လက်ရှိ သတင်းရေးသားချိန်ထိ လေကြောင်းဖြင့် ဗုံးကြဲခြင်း နှင့် စက်သေနတ်ပစ်ခြင်းတို့ ပြုလုပ်နေကြောင်း သိန္နီမြို့ တွင်း ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အခု လေကြောင်းနဲ့ ဗုံးကြဲတဲ့အပြင် စစ်သေနတ်နဲ့ပါပစ်နေတာ။ ဗုံးက ၅လုံးလောက်ရှိပြီး၊ သိန္နီဟော်တယ်နားနဲ့ ရဲစခန်းနားကို ပစ်နေတာ။ ဟော်နန်း နဲ့လည်း နီးတယ်။ အပျက်အစီးတော့ရှိတယ်။ လူထိခိုက်မှုတော့မသိသေးဘူး။  ဘယ်သူမှ အပြင်ထွက်မကြည့်ရဲဘူး” ဟု သိန္နီမြို့ခံ က ဆိုပြန်သည်။ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇူလိုင် ၁၈ရက် ညနေ ၄နာရီတွင်လည်း သိန္နီမြို့ရှိ မြို့မစျေးကို  လေကြောင်းဖြင့် ဗုံးကြဲမှုခဲ့ပြီး လူအသေအပျောက် (၁၀)ဦးခန့်ရှိပြီး ဒဏ်ရာရရှိသူ (၂၀)ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိုရက်မှ စတင်ပြီး စစ်ကောင်စီသည် သိန္နီမြို့ပေါ်သို့ ရက်ဆက်တိုက် လေကြောင်းဖြင့် ပျံ့ဝဲပြီး၊ ယမန်နေ့ (ဇူလိုင် ၂၄)ရက်တွင်လည်းလေကြောင်းဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သည်။ “ ကျမ တို့ အခု သိန္နီမြို့ အနီးပတ်ဝန်းကျင်က ရွာကိုရှောင်လာတယ်။ ဒီကနေ့ သူတို့ လေယာဥ်ဝဲနေတာ ဗုံးချနေတာမြင်ရတယ်။ အပျက်အစီးကိုတော့ ဘယ်သူမှ မကြည့်ရဲသေးဘူး။ နေ့တိုင်း လေကြောင်းလာတော့ စိုးရိမ်မှုတော့ ရှိရတယ်။ ဘယ်ကို ပြေးလို့ ပြေးရမှန်းမသိဘူး” ဟု သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီ လဆန်းပိုင်းတွင် သိန္နီမြို့ကို MNDAA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ပူးပေါင်းတပ်ဖွဲ့တို့မှ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်ဘေးရှောင်များ နေရပ်ပြန်ရန် MNDAA က ပြန်လည်ခေါ်ယူခဲ့သည်။ စစ်ဘေးရှောင်များ နေရပ်မပြန်ပါက MNDAA မှ သိမ်းဆည်းသွားမည်ဆိုသည့်သတင်းကြောင့် အများအပြား နေအိမ်ပြန်နေထိုင်ကြကာ ယခုကဲ့သို့လေကြောင်းဖြင့် ထပ်မံဗုံးကြဲခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် MNDAA အနေဖြင့် လားရှိုးမြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ – (၄၁)၊ (၆၈) နှင့် ခြေမြန်တပ်ရင်း ခမရ – (၅၀၇) တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ ကိုလည်း ယနေ့ (ဇူလိုင် ၂၅)ရက် နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု မီဒီယာများက ရေးသားဖော်ပြထားသည်။

သီပေါမြို့နယ် MNDAA လုံခြုံရေးယူထားစဉ် ဖုန်းဆိုင် ဖောက်ထွင်းခံရ

သျှမ်းပြည် သီပေါမြို့နယ် ဆောင်ကြဲကျေးရွာအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်နေထိုင်ပြီး လုံခြုံရေး ယူထားချိန် ဖုန်းဆိုင်တစ်ဆိုင် ဝင်ရောက် ဖောက်ထွင်းခိုးယူခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက် သီ‌ပေါမြို့နယ် ဆောင်ကြဲကျေးရွာတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ ( MNDAA) တို့...

ဓာတ်ပုံအဟောင်းကို အသုံးပြုပြီး လားရှိုးအရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မကျသေးဟု သတင်းအမှားဖြန့်

လက်ရှိအချိန်တွင် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) က မကျသေးဘဲ လုံခြုံရေးဂိတ်မှာ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးလုပ်နေသေးတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် နေပြည်တော် တယ်လီဂရမ်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး လုံခြုံရေးဂိတ်စောင့်နေတဲ့ စစ်သားပုံနဲ့အတူ ဖော်ပြထားပါတယ်။ ၎င်းက “ရမခတိုင်းနားသီနိုင်ဖို့ အဝေးကြီး၊ အမှတ် ၂ ရဲစခန်းနားထောင်...

Latest news