CATEGORY

နိုင်ငံရေး

နောင်ချိုမြို့နယ် တောင်ခမ်းဒေသ တိုက်ပွဲပြင်းထန်နေပြီး အမြောက်တပ် တပ်ရင်းမှူး ထွက်ပြေးဟု သတင်းထွက်

သျှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေရာ စစ်ကောင်စီဘက်က လေကြောင်းနှင့် တာဝေးပစ် အမြောက် ပစ်ကူများ အသုံးပြု ခုခံနေသဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေး...

အွန်လိုင်း ကနေ တရားမဝင် မြေကွက်ရောင်းချနေမှုကို ထွေအုပ်ရုံးမှ အသိပေးတားမြစ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် အတွင်းတွင် အွန်လိုင်းမှတဆင့် တရားမဝင်မြေကွက် ရောင်းချနေသူများကို ထွေအုပ်ရုံးမှ အသိပေးစာထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်ကတည်း တောင်ကြီးခရိုင် ကျောက်တစ်လုံးကြီးမြို့ နောင်ကား၊ နောင်ရွေးဖက်တွင် မြေကွက်များကို ဈေးသက်သာစွာဖြင့် အွန်လိုင်းကနေရောင်းချနေသူများကို မြေယာဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိရေး တင်ပြဆောင်ရွက်ကြရန်နှင့် ထိုသို့ မလိုက်နာသည့်သူများကို တည်ဆဲဥပဒေအရ...

ခရမ်းချဉ်သီးဈေးကျ၊ စိုက်ပျိုးသူများအရှုံးပေါ်

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နှင့် အင်းလေးဒေသတွင် ခရမ်းချဉ်သီးဈေးကျ သဖြင့် စိုက်ပျိုးသူများ အရှုံးပေါ်နေသည်ဟု စုံစမ်းသိရသည်။ ဇူလိုင်လတုန်းက ခရမ်းချဉ်သီး ၁ပိဿာ (၂၀၀၀)ကျပ်နှင့် (၂၅၀၀) ကျပ်သာရှိပြီး ယခု (ဩဂုတ်လ)တွင် တစ်ပိဿာဈေးနှုန်း (၃၀၀) ကျပ်ဈေးဖြင့် ရောင်းချနေရကြောင်း အရှုံးများစွာပေါ်နေသည်ဟု ပင်လောင်းဒေသခံ ခရမ်းချဉ်သီးစိုက်ပျိုးသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ပင်လောင်းစစ်ရှောင်ပြည်သူများအတွက်ပါ...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...

ကျောက်မဲမြို့ စာသင်ကျောင်းထဲ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်က အထက(၂) စာသင်ကျောင်းထဲသို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စာသင်ဆောင်များ ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) ည ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂)...

သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကိုသုံးပြီး ကိုးကန့်တပ်ဖွဲ့က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား

ကိုးကန့်တပ်ဖွဲ့ MNDAA က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှုကို ပြုလုပ်နေတယ်ဆိုပြီး သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကို သုံးကာ ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် ဟန်ငြိမ်းဦးချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ လူသစ်မစုပါဘူး၊ ဘာညာဆိုပြီး ကတိတွေပေး၊ တစ်ဖက်လှည့်နဲ့ လူသစ်စုနေတာ ဖြစ်ပါတယ်။ ဘယ်လူငယ်ကမှ သူတို့သူပုန်ဘဝ ထဲကိုမဝင်ချင်ကြဘူး” လို့ (မူရင်းအတိုင်း)...

မူဆယ်မြို့ တရုတ်စစ်တပ် ကျူးကျော်မှု ကာကွယ်ရန်ဟုဆိုကာ မြို့မ ပြည်သူ့စစ် ခံစစ်ပြင်

သျှမ်းမြောက်၊ တရုတ်-မြန်မာနယ်စပ်၊ တရုတ်နိုင်ငံဘက် ရွှေလီတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်-PLA စစ်ရေးလေ့ကျင့်နေစဥ် မူဆယ်မြို့၌ စစ်ကောင်စီ လက်အောက်ခံ နမ့်ခမ်းမြို့မ ပြည်သူ့စစ်က ခံစစ် ပြင်နေသည်ဟု နယ်စပ် စစ်ရေးလေ့လာ စောင့်ကြည့်နေသူ တစ်ဦးက ယနေ့ (သြဂုတ်လ ၂၈ ရက်) တွင် ပြောသည်။ တရုတ်...

သီပေါ စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် အရပ်သား ၁၉ ဦးသေဆုံး SHRF ထုတ်ပြန်

သျှမ်းပြည် သီပေါမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၉) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ထုတ်ပြန်လိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်ကို သြဂုတ်လ ၂၆ရက်တွင်ထုတ်ပြန်ခဲ့ပြီး SHRF ၏ ဇူလိုင်လ ၁၉ ရက်မှ သြဂုတ်လ ၁၉...

ကြီးငယ်၊ ကျား-မ မရွေး စစ်တပ်ထဲသွင်းမည့်အစီအစဉ် စစ်ကောင်စီကြိုးပမ်းနေ

နိုင်ငံအနှံ့ တိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့် စစ်အင်အားလျော့ပါးနေသည့် စစ်ကောင်စီသည် ကြီးငယ်၊ ကျား-မ မရွေး ပြည်သူများကို စစ်တပ်ထဲသွင်းမည့်အစီအစဥ်အား ကြိုးပမ်းနေသည်။ သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ဟု စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင်...

တောင်ကြီးမြို့နယ် စစ်ကောင်စီ စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံနေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာစုတွင် စစ်ကောင်စီတို့က စစ်မှုထမ်းအတွက် ငွေကြေးကောက်ခံနေကြောင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှ စပြီး စစ်ကောင်စီတပ်မှ တစ်အိမ်လျှင် ကျပ်ငွေ( ၅သောင်း) ကောက်ခံနေကာ စစ်မှုထမ်းရန်အတွက် ဒေသခံများကို ခေါ်ယူစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်တပ်ကလည်းလာကောက်တယ်။ စစ်မှုထမ်းအတွက်လည်း လူပေးနေရတယ်။ နောက်ကျရင် ပအိုဝ်းပြည်သူ့စစ် (PNO)...

Latest news