စစ်ကောင်စီတပ်မှ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) နယ်မြေရှိတပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်နိုင်ပြီဟု သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ People Media တယ်လီဂရမ်ချယ်နယ်က ဇူလိုင် ၃၀ ရက်နေ့မှာ ဖြန့်ချိခဲ့ပြီး (ရမခ) စစ်ဌာနချုပ်နယ်မြေရှိ လက်လွတ်လိုက်ရသော တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်လိုက်နိုင်ပြီဟု ဗီဒီယိုဖိုင်နဲ့ပြောဆိုထားပါတယ်။ ၁ မိနစ် ၁၈ စက္ကန့်ကြာ ဗီဒီယိုဖိုင်ထဲတွင် ကျော်စိုးဦးဆိုသူက “ဒီကနေ့ (ဇူလိုင် ၃၀ ရက်) မွန်းလွဲပိုင်းမှာ တိုက်စီး ၄ ပြန်လည်သိမ်းပိုက် ရရှိခဲ့တယ်။ ထပရ (၆၂၆) ၊ ပြီးတော့ ဆက်သွယ်ရေးတပ်၊ ပြီးရင် ခလရ ၆၈၊ ပြီးရင် ဝန်တင်တပ်ရင်းပေါ့။ အားလုံးတပ်ရင်း ၅ ရင်းကို ဒီကနေ့ကျနော်တို့ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါကျနော်တို့ ရပခနယ်မြေအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တပ်မတော်အားလုံးက၊ ကျနော်တို့အားလုံးက ဘုရင့်နော်တွေဘဲ” လို့(မူရင်း) ပြောဆိုခဲ့တာပါ။ အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၆၅,၀၀၀ ကျော်ရှိပြီး People Media တယ်လီဂရမ်ချယ်နယ်အပြင် အခြားစစ်တပ်လော်ဘီ တယ်လီဂရမ်ချယ်နယ်များကလည်း ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/42V6J သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားပြောဆိုထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။ သျှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) အနီးတွင် ယမန့်နေ့ ဇူလိုင် ၃၀ရက်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာနဲ့အခြားမီဒီယားတွေက ဖော်ပြထားတာမရှိသလို၊ ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတဲ့ တပ်စခန်းဓာတ်ပုံတွေလည်း မတွေ့ရသေးပါဘူး။ ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့တွင် လားရှိုးမြို့ရှိ မန်ဆူရှမ်းကျောင်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ထပ်မံ ရှင်းလင်းနိုင်ဟု MNDAA အသိပေး ဆိုတဲ့ People’s Spring သတင်းဌာက တင်ဆက်ထားတဲ့ သတင်းအပြည့် အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ လင့်ခ် - https://shorturl.at/Pr4II ၂၀၂၄ ဇူလိုင် ၃၀ ရက်နေ့က ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၈၊ ၉ နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ)ဘက်မှာ ထိတွေ့တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံတချို့ ပိတ်မိကာ ဒဏ်ရာရသူနဲ့ ကောက်လို့ မရသေးတဲ့ အလောင်းတွေလည်း ကျန်ရှိနေသေးတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ် ဆိုပြီး Shwe Phee Myay News Agency က သတင်းတင်ဆက်ထားတဲ့သတင်းအပြည့်အစုံကို ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ရွှေဖီမြေကဖော်ပြထားတဲ့သတင်းကို ဒီမှာကြည့်ပါ - https://shorturl.at/en9kn အလားတူ လားရှိုးမြို့ကို စစ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကိုလည်း ယမန်နေ့ ဇူလိုင် ၃၀ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က လားရှိုးမြို့နယ် မန်ပန်နဲ့ ဟိုကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတယ်လို့ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုထားပါတယ်။ ဆက်စက်ဖတ်ရှု့ရန် - https://shorturl.at/B9FH0 စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တန့်ယန်းကနေ နမ့်ပေါင်ကို အင်အားဖြည့်ဖို့ သွားတဲ့ စစ်ကောင်စီတပ်ကို ကိုးကန့်တပ်နဲ့ PDF က ဖြတ်တိုက်တာ။ ဝမ်ပန်ရွာနားမှာ မနက် ၃ နာရီလောက်ကတည်းက စောင့်ပြီး တိုက်တာ။ ဘယ်အချိန်ထိ ပစ်ကြလဲတော့ မသိဘူး။ ကား ၈ စီးနဲ့ အင်အား ၄၀၀ လောက်လာတာ၊ ဗမာစစ်သား ၅၀ ကျော် သေပြီး ၈၀ ကျော် ဒဏ်ရာရတယ်” လို့ သျှမ်းသံတော်ဆင့်ကို ပြောပါတယ်။ သုံးသပ်ချက် အထက်ပါ အကြောင်းအရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ နယ်မြေမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာ မှန်ကန်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ကြားထဲ စစ်ကောင်စီလက်လွတ်လိုက်ရတဲ့ ရမခ စစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း ၅ ရင်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တပ်လော်ဘီများက ဖြန့်ချိမှု သတင်းပါ အကြောင်းအရာမှားယွင်းပြီး ချဲကားဝါဒဖြန့်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ ကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်နိုင်ခဲ့ပြီဟု ထုတ်ပြန်လာတဲ့အချိန်တည်းမှာဘဲ စစ်တပ်လော်ဘီတယ်လီဂရမ်ချယ်တွေက ဓာတ်ပုံဟောင်းကိုအသုံးပြုပြီးအဆိုပါစစ်ဌာချုပ်မကျသေးဟု သတင်းအမှားဖြန့်ခဲ့ပါတယ်။ လင့်ခ် - https://burmese.shannews.org/archives/42985 သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့်သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ Web – https://myanmarfactcheckingnetwork.org/ Fb – https://www.facebook.com/myanmarfactcheckingnetwork #FactCheck #MFCN
KNDF၊ IPDF နဲ့ ပျားစစ်ကြောင်း PDF ပူးပေါင်းပြီး ညောင်ရွှေမြို့နယ် ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူနေတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က ဖြန့်ချိထားပြီး ဦးနေမျိုးဇင်၊ KNDF, IPDF နှင့် ပျားစစ်ကြောင်း PDF တပ်ဖွဲ့ဝင်တို့ ဓာတ်ပုံတွေကိုအသုံးပြုပြီး နေအိမ်ဖောက်ထွင်းခံရတဲ့ ပုံတွေကိုဖော်ပြထားပါတယ်။ စစ်ကောင်စီ ဝါဒဖြန့် Mawshan Myay Media တယ်လီဂရမ်ချယ်နယ်က “စစ်ဖြစ်မှာကြောက်ပြီး တိမ်းရှောင်သွားလို့ ဒေသခံတွေမရှိတော့သည့် ညောင်ရွှေမြို့နယ်ထဲက ဆည်ခေါင်း၊ စံကား၊ ဟူးရန်နှင့် ထီးဟန်တား ကျေးရွာတွေမှာ ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့က ဗိုလ်ပြုတ်နေမျိုးဇင်နှင့် သားသခင်တို့ပါဝင်တဲ့ KNDF၊ IPDF ၊ပျားစစ်ကြောင်း PDF ပူးပေါင်အကြမ်းဖက်အဖွဲ့မှပြည်သူလူထု၏ နေအိမ်များကို ဖောက်ထွင်ပြီး တန်ဖိုးကြီး ပစ္စည်းများနှင့် စားသောက်စရာများကို ခိုးယူသွားတယ်” လို့ (မူရင်းအတိုင်း) ရေးသားထားတာပါ။ အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၃၉၀၀၀ ကျော်ရှိပြီး တယ်လီဂရမ်ချယ်နယ်တွေအပြင် ဖေ့စ်ဘွတ်အကောင့်တုတွေကပါ ဖြန့်ဝေထားကြပါတယ်။ မူရင်းလင့်ခ် - https://archive.ph/B7cRU အဆိုပါသတင်းနှင့် ပတ်သက်ပြီး ရှာဖွေကြည့်တဲ့အခါမှာ ဇူလိုင် ၂၀ ရက်နေ့ကတည်းက ကကြိုး မာန် အကောင့်မှ (ဗိုလ်ပြုတ် နေမျိုးဇင်နှင့် KNDF/IPDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က ဇူလိုင်လ ၁၉ ရက်နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်စံကားနှင့် ဆည်ခေါင်းကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။) ဆိုပြီးတင်ထားပါတယ်။ ကကြိုးမာန် - https://shorturl.at/VrWVv သတင်း စစ်ဆေးခြင်း Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။ သတင်းအမှားဖြန့်သူတွေက ဇူလိုင် ၁၈၊ ၁၉ နဲ့ ၂၀ ရက်နေ့မှာ ဦးနေမျိုးဇင်နဲ့ သားသခင်တို့ပါဝင်တဲ့ ပျားစစ်ကြောင်းလို့ ဖော်ပြထားတဲ့ ဓာတ်ပုံဟာ ဓာတ်ပုံအဟောင်းသာဖြစ်ပါတယ်။ ဦးနေမျိုးဇင်နဲ့ သားခင်တို့ ပါဝင်တဲ့ ပျားစစ်ကြောင်းဟာ ဇွန်လ ၂၃ ရက်က ညောင်ရွှေမြို့နယ် စစ်တပ်စခန်းဗျူဟာတစ်ခုရဲ့အနီးကပ် တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပျားစစ်ကြောင်းစစ်အခြေခံ လေ့ကျင့်ရေးသင်တန်း အပတ်စဉ် - ၂ သင်တန်းကဓာတ်ပုံသာ ဖြစ်ပါတယ်။ မူရင်းဓာတ်ပုံ - https://rb.gy/jwfvz6 ညောင်ရွှေမြို့နယ်ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီဗျူဟာစခန်းနဲ့ အနီးဆုံးနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ပျားစစ်ကြောင်းမှုး ကိုလင်းကိုကိုးအားပြီး မဲခေါင်သတင်းက ဖော်ပြထားပါတယ်။ ဒီနေရာမှာကြည့်ပါ - https://shorturl.at/NhpVA ဆက်စပ်ပြီး ကကြိုး မာန် အကောင့်မှ တင်ထားသည့် ပုံတွေကို စစ်ဆေးကြည့်သည့်အခါမှာလည်း အချက်အလက် စစ်ဆေးသည့်ဌာနတခုဖြစ်သည့် Boom Myanmar က သတင်းမှားဖြစ်ကြောင်းကို အချက်အလက်စစ်ဆေးထားပါတယ်။ ၂၁ ဇူလိုင် ၂၀၂၄ရက်နေက စိစစ်ထားသည့် သတင်းကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ လင့်ခ် - https://shorturl.at/KW3tn နေအိမ်တွေကို ဖောက်ထွင်းနေသူလို့ စွတ်စွဲခံရတဲ့ ဦးနေမျိုးဇင်ကိုယ်တိုင်ကလည်း “နေရာအနှံ့မှာ ရှုံးနိမ့်လာတဲ့ ဖက်ဆစ်တပ်ဟာကြံရာမရဖြစ်လာပြီး တိုင်းရင်းသား လူမျိုးများကြားမှာ သွေးခွဲရန်တိုက်ဖို့ နည်းလမ်းစုံ သုံးလာပါတယ်” ဇူလိုင် ၁၇ ရက်က ၎င်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြထားပါတယ်။ မူရင်းလင့်ခ် - https://shorturl.at/W7r4P Mawshan Myay Media ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အခြားသော မတူညီတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး ညောင်ရွှေမြို့နယ်ထဲက အိမ်တွေဆိုပြီး ရေးသားဖြန့်ဝေထားပါတယ်။ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ စစ်ဆေးထားတဲ့Mawshan Myay Media တယ်လီဂရမ် ချန်နယ်မှ သတင်းမှားတွေကို ဒီလင့်ခ် (၁) ဒီလင့်ခ် (၂) တွေမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ လင့်ခ် (၁) - https://shorturl.at/HOnqb လင့်ခ် (၂) - https://shorturl.at/oxkcc သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။ သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ Web...
စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကွတ်ခိုင်မြို့မဈေး အားလုံးနီးပါး မီးလောင်
SHAN -
သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဆိုင်ခန်းပေါင်းအားလုံးနီးပါး မီးလောင်သွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၅)ရက် ညနေပိုင်း ၃နာရီကျော်တွင် ကွတ်ခိုင်မြို့ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၅ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ ကွတ်ခိုင်မြို့မစျေးရှိ ဆိုင်ခန်းပေါင်း...
လားရှိုးမြို့ တွင်းသို့ ၁၃ မျဉ်းစောင်း လရန မှတ်ပုံတင် ကိုင်ဆောင်သူများသာပေးဝင်
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်းကို ၁၃ မျဉ်းစောင်း လရန နိုင်ငံသားစိစစ်ရေး မှတ်ပုံတင် ကိုင်ဆောင် ထားသော ဒေသခံများသာ ဝင်ရောက်နိုင်ကြောင်း သတင်းရရှိသည်။ သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများ နီးစပ်ရာမြို့နှင့် ဆွေမျိုးစီသို့...
ဆီဆိုင် ဒေသခံများ ဘေးလွတ်ရာ ထပ်မံတိမ်းရှောင်နေရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွားသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်ထွက်ပြေး တိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ လွယ်သွဝ်ရွာနှင့် လွယ်ထွယ်ရွာ တို့တွင် ယနေ့ (သြဂုတ် ၆) မနက်ပိုင်းမှစပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နှင့် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) တို့...
စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က MNDAA ကို ဆန္ဒပြ
SHAN -
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ဆန့်ကျင်ဆန္ဒပြကြရန် ပြည်သူများကိုစေခိုင်းခဲ့သည်။ ယနေ့ သြဂုတ် ၆ ရက် နံနက်ပိုင်း ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းဆန္ဒပြပွဲကို စစ်တပ်ထောက်ခံသူများ၊ မဘသ...
ဒီးမော့ဆို စစ်ရှောင်စခန်း ရေဝင်၊ စာသင်ကျောင်းပိတ်ထားရ
SHAN -
ကရင်နီပြည်၊ ဒီးမော့ဆို့မြို့နယ်အရှေ့ဖက်ခြမ်း တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပွန်ချောင်းမှာ ရေမြင့်တက်လာပြီး ပွန်ချောင်းအနီးတဝိုက်ရှိ (အမှတ်၆) စစ်ရှောင် စာသင်ကျောင်းနှင့် စစ်ဘေးရှောင် အဆောင်းအချို့ ရေနစ်မြှုပ်ကြောင်း စုံစမ်းသိရသည်။ ထိုစာသင်ကျောင်း ရေဝင်မှုကြောင့် ယာယီပိတ်ထားရပြီး၊ အချို့စစ်ရှောင်များသည် ရေလွတ်ရာသို့ ထပ်မံ ပြောင်းရွှေ့နေထိုင်ရကြောင်း စစ်ရှောင်ကူညီသူအမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့် ကို...
ကွတ်ခိုင်မြို့ ဗုံးကြဲခံရ အရပ်သား ၁၀ ခန့်ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးလာရောက် ကြဲချခဲ့ပြီး နေအိမ်များမီးလောင်ကာ၊ ထိခိုက် ဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၅ ရက်)နေ့လည် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ ရပ်ကွက်...
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွတ်ခိုင်မြို့ ဗုံးကြဲခံရ
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံး ၃ လုံးလာရောက် ကြဲချကြောင်း TNLA က ယနေ့ သြဂုတ် ၅ ရက်နေ့မှာ ထုတ်ပြန်ထားသည်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၅ ၊ ဈေးဘက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဗုံး ၃...
အမြင်မတူမှုများကို နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖြေရှင်းကြရန် မိုင်းလားအဖွဲ့တိုက်တွန်း
လက်ရှိ ပြည်တွင်း၊ ပြည်ပ၏ အခြေအနေ အရပ်ရပ်အောက်တွင် မိုင်းလားအဖွဲ့ NDAA အနေဖြင့် ဘက်မလိုက်သည့် နိုင်ငံရေး ရပ်တည်ချက်ကို ဆုပ်ကိုင်ထားပြီး အမြင်မတူမှုများကို နိုင်ငံရေးနွေးပွဲများမှ တစ်ဆင့် ဖြေရှင်းကြရန် တိုက်တွန်းလိုက်ကြောင်း ပြောသည်။ သျှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) အဖြစ် သိကြသည့် မိုင်းလားတွင်...





