လားရှိုးမြို့ ယနေ့ညနေပိုင်း စစ်ကောင်စီ ဗုံးကြဲ၊ ဆိုင်ကယ်မောင်းနေသည့် အရပ်သား သေဆုံး

သျှမ်းမြောက်၊ လားရှိုးမြို့ကို ယနေ့ (အောက်တိုဘာလ ၁၄ ရက်) ည ၆ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲခဲ့သဖြင့် အရပ်သား ထိခိုက် သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

ကိုးကန့်တပ်-MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ရှိ အရပ်ဘက် ပစ်မှတ်များကို စစ်ကောင်စီက နေ့စဥ် ဗုံးကြဲ တိုက်ခိုက်နေရာ ယနေ့ညနေ ဗုံးကြဲမှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသည်ဟု ကနဦး သိရှိရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“နားမခေါ် ကားကြီးကွင်းနားက ရွှေတောင်ကြားဘက် ဗုံး ၃ လုံးကျတယ် ကြားတယ်။ ဆိုင်ကယ်စီးလာတာ ဗုံးထိလို့ တစ်ယောက်သေတယ်၊ တစ်ယောက် ဒဏ်ရာပြင်းတယ် ကြားတယ်။ လေယာဉ် ထပ်လာအုံးမလား မသိဘူး” ဟု ၎င်းကဆိုသည်။

လေကြောင်းမှ ဗုံး ၃ လုံးကြဲချရာ ပေါက်ကွဲမှု ပြင်းထန်သဖြင့် ပေါင် ၅၀၀ ဗုံးဟု ယူဆကြောင်း၊ ထိခိုက်ပျက်စီးမှုများ ရှိသော်လည်းအတိအကျ မသိရှိရသေးကြောင်း ၎င်းကဆက်ပြောသည်။

ယနေ့ နံနက် အစောပိုင်းက လားရှိုးမြို့နယ်၊ အီနိုင်းကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်ရာ ဒေသခံ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

လားရှိုးအနောက်ဘက် အီနိုင်းရွာကို ဗုံး ၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၂၀ ကျော်၊ ဆေးခန်း၊ ဘုရား ရှိခိုးကျောင်းနှင့် အဆောက်အဉီးများ ထိခိုက်ပျက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီ နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေရာ အရပ်သား အများအပြား သေဆုံး၊ ထိခိုက်ဒဏ်ရာရနေပြီး မြို့မဈေး အပါအဝင် အဆောက်အဉီးများစွာ ပျက်စီးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...