Wednesday, January 28, 2026

လားရှိုးမြို့ အီနိုင်းရွာကို စစ်ကောင်စီဗုံးထပ်ကြဲ၍ လူ ၃ ဦးသေဆုံး

သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့် လူ ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၄ )ရက် ညသန်းခေါင်ကျော်အချိန်တွင် လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ ပေါင် (၅၀၀) ဗုံးဖြင့် ထပ်မံကြဲသောကြောင့် အမျိုးသား ၃ ဦးသေဆုံးကာ ကလေးနှင့်အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရှိ ခဲ့ကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ယနေ့ (အောက်တိုဘာလ ၁၄ )ရက်တွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ် ၅ လုံးထက်မနည်း ပျက်စီးသွားပြီး ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်း၊ ခန်းမတစ်ခနှင့် မူကြိုကျောင်း ၁ ကျောင်းလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်ပြီးသည့်နောက် ၎င်းတို့ထိန်းချုပ်ထားသော ဒေသများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်သည်မှာ ယခုတစ်ကြိမ်တော့မဟုတ်ပေ။

“စစ်ကောင်စီက ဗုံးလာကြဲလွန်းလို့ အခုနောက်ပိုင်း လေယာဉ်ပျံအသံကြားရင် တရုတ်နိုင်ငံကလေယာဉ်သံလား၊ မြန်မာပြည်က လေယာဉ်သံလားတောင် ကောင်းကောင်းခွဲခြားတတ်နေပြီ။ ခပ်နိမ့်နိမ့်ပျံဝဲလာတဲ့ လေယာဉ်သံဆိုရင်တော့ သတိထားနေရတယ်” ဟု လားရှိုးမြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၃ ရက်မှစတင်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အပါအဝင် လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် လားရှိုးမြို့နှင့် မြို့အနီးတဝိုက်ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ပြုလုပ်ခဲ့ရာ (၁၆) ကြိမ်တိတိရှိပြီဟု ကိုးကန့်တပ်ဖွဲ့ MNDAA ကဆိုထားသည်။

လားရှိုးမြို့ကို ယခုကဲ့သို့ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်နိုင်ခြင်းမှာ စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်”များကြောင့်ဖြစ်ပြီး၊ စစ်ကောင်စီသည် ဒေသခံများကို ပိုက်ဆံပေးကာ ကိုးကန့်တပ်ဖွဲ့နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ဝယ်ယူနေသဖြင့် စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်”များကို ကိုးကန့်တပ်ဖွဲ့မှ လိုက်လံရှာဖွေဖမ်းဆီးနေရသည်ဟုဆိုသည်။

စစ်ကောင်စီထံ သတင်းပေးသူ “ဒလန်း”များကို လက်ရှိအချိန်ထိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဖမ်းဆီးရမိသူ ၂၀ ရှိပြီး စစ်ဆေးမေးမြန်းနေကြောင်း၊ အပြစ်မရှိပါက ပြန်လွတ်ပေးမည်ဖြစ်ကာ အပြစ်ရှိပါက ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် သေဒဏ်ပေးသည့်အထိ ပြစ်ဒဏ်ချမှတ်တာမျိုးမရှိဘဲ ယာယီဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...