ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ချိနေသည်။

Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ဒီရက်အတောအတွင်း ပထမအသုတ်အနေနဲ့ သစ်ပစ်ကြမယ်လို့ သိရတယ်” ဟုဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/1IgDX

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၄,၀၀၀ ကျော်ရှိသည်။

ထို့အပြင် MNDAA သည် ကိုးကန့်နှင့် ဗမာလူမျိုးရေး ပြသာနာဖြစ်ပွားရန် အကြမ်းဖက်နေပြီး ၁၀၂၇ ပထမလှိုင်းတွင် ဗမာလူမျိုး ၅၀၀ ကို ဖမ်းဆီးလက်စဖျောက်သကဲ့သို့ ယခုဒုတိယလှိုင်းတွင်လည်း ဗမာအယောက် ၂၀ ကျော်ကို လားရှိုးတွင်ဖမ်းဆီးထားပြီး အချို့ကိုသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် “Kyaw Swar” ချန်နယ်ကလည်း ဖြန့်ချိထားသည်။

ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/exfEF

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေးသူ (ဒလန်) ဟု ယူဆရသည့် လူအယောက် ၂၀ ကျော်နှင့်အထက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က အောက်တိုဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် သေဒဏ်ပေးခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/HcvnN

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းက “ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေး ၂၀ ကျော်ကို MNDAA ကဖမ်းဆီးထားပြီး သေဒဏ်ပေးခြင်း မရှိကြောင်း” MNDAA နှင့်နီးစပ်သူတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် – https://www.facebook.com/share/p/PsQ67WLg6LgvU5Cm/
ထို့အတူ သတင်းအမှားဖြန့်ချိသူတွေက “ ၁၀၂၇ ပထမလှိုင်းအတွင်း ဗမာလူမျိုး ၅၀၀ ကို MNDAA က ဖမ်းဆီးလက်စဖျောက်” ဆိုပြီးဖြန့်ချိထားသည့် အကြောင်းအရာလည်း မှားယွင်းနေသည်။

၁၀၂၇ ပထမလှိုင်းအတွင်း လောက်ကိုင်မြို့တွင် ရာနှင့်ချီဗမာလူမျိုးများ ဖမ်းခံခဲ့ရသည့်ဖြစ်စဉ် မှန်ကန်သော်လည်း ထိုဗမာလူမျိုးများကို ကိုးကန့်တပ်ဖွဲ့ MNDAA က လက်စဖျောက်ဆိုသည်မှာ မဟုတ်ပါ၊ သတင်းအမှားဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူများမှ သတင်းဌာနများကို ပြန်လည်ဖြေကြားထားမှုများ ရှိသည်။

သတင်းလင့်ခ် – https://archive.ph/iB1xA

သုံးသပ်ချက်

ထို့ကြောင့် လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများ စီရင်ခြင်းခံရတော့မည်၊ သတ်ဖြတ်ခံရပြီးဖြစ်ကြောင်း စသဖြင့် စစ်ကောင်စီဝါဒဖြန့်မှုကား မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက ကိုးကန့်နှင့် ဗမာလူမျိုးရေး ပြဿနာဖြစ်ပွားရန် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ MNDAA နှင့် TNLA တို့က လိုင်းဖြတ်ပြီး ပြည်သူများကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည်မှာ အယောက် ၅၀ ရှိသည်ဆိုပြီး သတင်းအမှား ဖြန့်ချိခဲ့ပါသည်။

ထိုအကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ စီစစ်ခဲ့သည်။ စစ်ဆေးတွေ့ရှိချက် – https://shorturl.at/o0o6V

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

မိုင်းလားတပ် (NDAA) က စစ်ကော်မရှင်နှင့် ပူးပေါင်း ပြီး တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မည်ဆိုသည့် သတင်းမှား

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတပ်ဖွဲ့ (NDAA) သည် စစ်ကော်မရှင်နှင့် စစ်ရေးအရ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အင်အားနှစ်သောင်းဖြင့် စစ်ပြင်နေပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း “နောင်ရိုး” အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက NDAA တပ်ဖွဲ့ဝင်များ လက်နက်ကိုင်ဆောင်ထားသည့် ဓာတ်ပုံများနှင့်အတူ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...