Tuesday, January 27, 2026

ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု သတင်းအမှားဖြန့်

ကိုးကန့်တပ်ဖွဲ့ MNDAA က ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးထားသူများကို ပထမအသုတ်အနေဖြင့် စီရင်သတ်ဖြတ်တော့မည်ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ချိနေသည်။

Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ ဒီရက်အတောအတွင်း ပထမအသုတ်အနေနဲ့ သစ်ပစ်ကြမယ်လို့ သိရတယ်” ဟုဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။

မူရင်းလင့်ခ် – https://archive.ph/1IgDX

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၄,၀၀၀ ကျော်ရှိသည်။

ထို့အပြင် MNDAA သည် ကိုးကန့်နှင့် ဗမာလူမျိုးရေး ပြသာနာဖြစ်ပွားရန် အကြမ်းဖက်နေပြီး ၁၀၂၇ ပထမလှိုင်းတွင် ဗမာလူမျိုး ၅၀၀ ကို ဖမ်းဆီးလက်စဖျောက်သကဲ့သို့ ယခုဒုတိယလှိုင်းတွင်လည်း ဗမာအယောက် ၂၀ ကျော်ကို လားရှိုးတွင်ဖမ်းဆီးထားပြီး အချို့ကိုသတ်ဖြတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် “Kyaw Swar” ချန်နယ်ကလည်း ဖြန့်ချိထားသည်။

ဆက်စပ်သတင်းမှားလင့်ခ် – https://archive.ph/exfEF

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် ဝါဒဖြန့်သတင်းအမှားဖြစ်သည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေးသူ (ဒလန်) ဟု ယူဆရသည့် လူအယောက် ၂၀ ကျော်နှင့်အထက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကိုးကန့်တပ်ဖွဲ့ MNDAA က အောက်တိုဘာလ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် သေဒဏ်ပေးခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ထုတ်ပြန်ချက်လင့်ခ် – https://shorturl.at/HcvnN

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းက “ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေး ၂၀ ကျော်ကို MNDAA ကဖမ်းဆီးထားပြီး သေဒဏ်ပေးခြင်း မရှိကြောင်း” MNDAA နှင့်နီးစပ်သူတစ်ဦးကို ကိုးကားပြီး သတင်းဖော်ပြထားသည်။

သတင်းလင့်ခ် – https://www.facebook.com/share/p/PsQ67WLg6LgvU5Cm/
ထို့အတူ သတင်းအမှားဖြန့်ချိသူတွေက “ ၁၀၂၇ ပထမလှိုင်းအတွင်း ဗမာလူမျိုး ၅၀၀ ကို MNDAA က ဖမ်းဆီးလက်စဖျောက်” ဆိုပြီးဖြန့်ချိထားသည့် အကြောင်းအရာလည်း မှားယွင်းနေသည်။

၁၀၂၇ ပထမလှိုင်းအတွင်း လောက်ကိုင်မြို့တွင် ရာနှင့်ချီဗမာလူမျိုးများ ဖမ်းခံခဲ့ရသည့်ဖြစ်စဉ် မှန်ကန်သော်လည်း ထိုဗမာလူမျိုးများကို ကိုးကန့်တပ်ဖွဲ့ MNDAA က လက်စဖျောက်ဆိုသည်မှာ မဟုတ်ပါ၊ သတင်းအမှားဖြစ်သည်။

ပြန်လည်လွတ်မြောက်လာသူများမှ သတင်းဌာနများကို ပြန်လည်ဖြေကြားထားမှုများ ရှိသည်။

သတင်းလင့်ခ် – https://archive.ph/iB1xA

သုံးသပ်ချက်

ထို့ကြောင့် လားရှိုးမြို့တွင် စစ်ကောင်စီသတင်းပေးသည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများ စီရင်ခြင်းခံရတော့မည်၊ သတ်ဖြတ်ခံရပြီးဖြစ်ကြောင်း စသဖြင့် စစ်ကောင်စီဝါဒဖြန့်မှုကား မှားယွင်းနေသည်။

သတင်းအမှားဖြန့်ချိသူတွေက ကိုးကန့်နှင့် ဗမာလူမျိုးရေး ပြဿနာဖြစ်ပွားရန် သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များမှ MNDAA နှင့် TNLA တို့က လိုင်းဖြတ်ပြီး ပြည်သူများကို ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည်မှာ အယောက် ၅၀ ရှိသည်ဆိုပြီး သတင်းအမှား ဖြန့်ချိခဲ့ပါသည်။

ထိုအကြောင်းအရာကို သျှမ်းသံတော်ဆင့်မှ စီစစ်ခဲ့သည်။ စစ်ဆေးတွေ့ရှိချက် – https://shorturl.at/o0o6V

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

MNDAA တပ်သားများက သီပေါမြို့နယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို ရိုက်နှက်

0
သျှမ်းပြည် သီပေါမြို့နယ်တွင် လှုပ်ရှားနေသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA)တပ်သားများသည် နမ့်မကျေးရွာနေ အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ ခြံသွားသည့် အမျိုးသားတစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နမ့်မကျေးရွာမှ ကြံစိုက်ခင်းသို့ သွားသည့် အမျိုးသားတစ်ဉီးကို MNDAA...