Wednesday, January 28, 2026

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၃ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် မြန်မာတဝှမ်း စက်တင်ဘာလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးပြီး၊ ၆၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်သည်။

အဆိုပါ သေဆုံးသွားသည့်သူများသည် သျှမ်းပြည်နယ်အတွင်း ၂၁ဉီး ဖြစ်ပြီး အများဆုံးဖြစ်ကြောင်း လည်း BWU ၏ စက်တင်ဘာ ၄ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း သျှမ်းပြည် မြောက်ပိုင်း နောင်ချို၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ ဘက်မှာ စစ်ကောင်စီသည် အရပ်သားနေအိမ်အပါအဝင် နေရာအနှံ့ လေကြောင်းဖြင့် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း BWU ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) မဝေဝေ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

သိန္နီမြို့ စစ်ရှောင်

“ သေဆုံးမှုတွေ ပိုမြင့်တက်လာရခြင်းအကြောင်းအရင်းက အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲ မတရားလက်နက်အားကိုးနဲ့ အနိုင်ကျင့်လုယူထားတဲ့အာဏာကို လက်လွတ်ဆုံးရှုံးနေရတာကြောင့် ရယ် မတရားသိမ်းပိုက်ရယူဖို့ ကြိုးစားနေတဲ့အာဏာကို လက်လွှတ်ဆုံးရှုံးရမှာကြောက်တဲ့စိုးရိမ်စိတ်အကြောက်တရားတွေနဲ့ ပြည်သူလူထုကို အညှိုးထားပြီး ရက်ရက်စက်စက် နည်းမျိုးစုံနဲ့ အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားသည့် အမျိုးသမီးများသည်
မန္တလေးတိုင်းဒေသကြီးမှာ ၁၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။


BWU ၏ အမျိုးသမီးသေဆုံးမှုနှုန်းနှင့် ထိခိုက်ဒဏ်ရာရသည့် စာရင်းများသည် သျှမ်းပြည်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်ပြည်၊ တနင်္သာရီတိုင်း၊ကချင်ပြည် တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယခုလအတွင်း အမျိုးသမီး ၆ ဦးသည် မုဒိမ်းကျင့်ခံခဲ့ရကြောင်းရေးသားထားသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း စစ်ကောင်စီး၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ပြီး ၅၉ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

လက်ရှိသျှမ်းပြည်တဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ခိုက်မှုကြောင့် ပြည်သူ နေအိမ်၊ အဆောက်အအုံများနှင့် ထိခိုက်သေဆုံးသူ နေစဉ်နှင့်အမျှ များပြားလာနေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...