စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် တစ်လအတွင်း အမျိုးသမီး ၆၃ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုကြောင့် မြန်မာတဝှမ်း စက်တင်ဘာလအတွင်း အမျိုးသမီး ၆၃ဦး သေဆုံးပြီး၊ ၆၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ပြောဆိုလိုက်သည်။

အဆိုပါ သေဆုံးသွားသည့်သူများသည် သျှမ်းပြည်နယ်အတွင်း ၂၁ဉီး ဖြစ်ပြီး အများဆုံးဖြစ်ကြောင်း လည်း BWU ၏ စက်တင်ဘာ ၄ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလအတွင်း သျှမ်းပြည် မြောက်ပိုင်း နောင်ချို၊ နမ့်ခမ်း၊ လားရှိုး၊ သီပေါ ဘက်မှာ စစ်ကောင်စီသည် အရပ်သားနေအိမ်အပါအဝင် နေရာအနှံ့ လေကြောင်းဖြင့် ဗုံးကြဲ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း BWU ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) မဝေဝေ က သျှမ်းသံတော်ဆင့်ကိုပြောသည်။

သိန္နီမြို့ စစ်ရှောင်

“ သေဆုံးမှုတွေ ပိုမြင့်တက်လာရခြင်းအကြောင်းအရင်းက အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုရဲ့သဘောဆန္ဒမပါဘဲ မတရားလက်နက်အားကိုးနဲ့ အနိုင်ကျင့်လုယူထားတဲ့အာဏာကို လက်လွတ်ဆုံးရှုံးနေရတာကြောင့် ရယ် မတရားသိမ်းပိုက်ရယူဖို့ ကြိုးစားနေတဲ့အာဏာကို လက်လွှတ်ဆုံးရှုံးရမှာကြောက်တဲ့စိုးရိမ်စိတ်အကြောက်တရားတွေနဲ့ ပြည်သူလူထုကို အညှိုးထားပြီး ရက်ရက်စက်စက် နည်းမျိုးစုံနဲ့ အကြမ်းဖက်သတ်ဖြတ်နေတဲ့အတွက်ကြောင့်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသွားသည့် အမျိုးသမီးများသည်
မန္တလေးတိုင်းဒေသကြီးမှာ ၁၅ ဦး ရှိသည်ဟု ဖော်ပြထားသည်။


BWU ၏ အမျိုးသမီးသေဆုံးမှုနှုန်းနှင့် ထိခိုက်ဒဏ်ရာရသည့် စာရင်းများသည် သျှမ်းပြည်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်ပြည်၊ တနင်္သာရီတိုင်း၊ကချင်ပြည် တို့ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယခုလအတွင်း အမျိုးသမီး ၆ ဦးသည် မုဒိမ်းကျင့်ခံခဲ့ရကြောင်းရေးသားထားသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင်လည်း စစ်ကောင်စီး၏ တိုက်ခိုက်မှုကြောင့် နိုင်ငံတဝန်း အမျိုးသမီး ၇၀ ဦးသေဆုံးခဲ့ပြီး ၅၉ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။

လက်ရှိသျှမ်းပြည်တဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ခိုက်မှုကြောင့် ပြည်သူ နေအိမ်၊ အဆောက်အအုံများနှင့် ထိခိုက်သေဆုံးသူ နေစဉ်နှင့်အမျှ များပြားလာနေသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...