“ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်”

သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ထိန်းချုပ်ထားသည့် မြို့များကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သေဆုံးမှုအပြင် စာသင်ကျောင်းများ၊ ဘုရားစေတီများ၊ ဟော်တယ်များ၊ တက္ကသိုလ်များ အပါအဝင် အဆောက်အဦ (၄၅၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် သျှမ်းပြည်မြောက်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း ဆက်လက်နေထိုင်သည့် ဒေသခံများ၏ လေကြောင်းအန္တရာယ် စိုးရိမ်မှုအခြေအနေ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို သျှမ်းသံတော်ဆင့်မှ သတင်းထောက် စိုင်းဆိုင်အိုက်မှ SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်နှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ ၆ ပတ်အတွင်း စစ်တမ်းအရ ကောက်ထားတဲ့ သေဆုံးထိခိုက်မှုက ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ ကျမတို့ စစ်တမ်းကောက်ထားတဲ့ သေဆုံးမှုစာရင်းက စုစုပေါင်း ၅၅ ဦး ရှိတယ်။ ဒဏ်ရာရရှိသူက ၁၃၀ ကျော်ရှိတယ်။ ဒါကတော့ စာရင်းကောက်ထားတဲ့ မြို့နယ် ၆ မြို့နယ်ပေါ့နော်။ မြေပြင်မှာတော့ ဒီထက် များရင်များ နိုင်တယ်။

ဒါကတော့ ကျမတို့ မြေပြင်ကို မေးထားတဲ့ အချက်အလက်ဆိုတော့ ဒီထက် များရင် များနိုင်ပါတယ်။ သေဆုံးသူ ၅၅ ဦးထဲမှာ လက်နက်ကြီးထိတဲ့လူက ၁၀ ရာခိုင်နှုန်းပေါ့။ လေယာဉ်ဗုံးကြဲလို့ သေဆုံးတာကတော့ ၉၀ ရာခိုင်နှုန်းပါ။ ဒီသေဆုံးမှု ၅၅ ဦးထဲမှာမှ အမျိုးသမီးနဲ့ ကလေးတွေက ပိုများတယ်။

SHRF

မေး။ ။ “၁၀၂၇ စစ်ဆင်ရေး” မှာ စစ်ကောင်စီတပ်က သျှမ်းပြည်မြောက်ပိုင်းက မြို့ (၆) မြို့ကို အဓိက ထားပြီး လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့အပေါ် ပြည်သူလူထုတွေ ဘယ်လောက်ထိ စိုးရိမ်နေရလဲ။

ဖြေ ။ ။ အဓိကတော့ ပြည်သူတွေက“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ စဖြစ်တုန်းကတော့ တခြားမြို့ တခြားရွာတွေ တိမ်းရှောင်ကြတယ်။ ရေရှည်ဆိုတော့ ရောက်နေတဲ့မြို့မှာ နေဖို့မလွယ်တော့ ကိုယ့်မြို့ ကိုယ့်ရွာကိုပဲ ပြန်လာတယ်။ ဒေသခံတွေ ကိုယ့်မြို့ကိုယ့်ရွာကို ပြန်လာကြတော့ စစ်ကောင်စီက မြို့ထဲနဲ့ ပတ်ပတ်လည်က ပြည်သူတွေရှိတဲ့ နေရာတွေကို ဗုံးတွေကြဲတယ်။

ပြည်သူတွေက ပြေးစရာမရှိတော့ လည်စင်းခံပေးနေသလို ဖြစ်တယ်။ ပြေးရင်လည်း စစ်ရှောင် အနေနဲ့ကြတော့ ဒုက္ခရောက်တယ်။ စစ်ကောင်စီက စစ်ရှောင်တွေရှိနေတဲ့မြို့၊ တိုက်ပွဲတွေ ဖြစ်နေတဲ့မြို့ကိုမှ လေယာဉ်တွေနဲ့ ဗုံးကြဲတယ်။

စားနပ်ရိက္ခာတွေ ပိတ်ထားတာကော၊ သူတို့လမ်းတွေ တားဆီးထားတာကော ရှိတယ်။ သူတို့တွေကြတော့ စိုးရိမ်ကြတယ်။ မတတ်နိုင်လို့ မပြေးနိုင်လို့သာ နေနေကြရတာပေါ့။ တချို့တွေကြတော့ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတယ်ဆိုရင်‌တောင် ကိုယ်ဘယ်လို လုံခြုံအောင်နေရမလဲ၊ ဘယ်မှာ ပုန်းရမလဲဆိုတာလောက်ကိုပဲ တွေးကြတော့တာပေါ့။

မေး ။ ။ လက်ရှိ စစ်ကောင်စီအနေနဲ့ ကလေးနဲ့ အမျိုးသမီးတွေ အပေါ် ဘယ်လောက်ထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးရွားစွာ ကျူးလွန်နေလဲ။

ဖြေ ။ ။ ကျမတို့ ကောက်ယူထားတဲ့ စစ်တမ်းတွေ၊ လေ့လာသုံးသပ်ချက်တွေအရ ကလေးနဲ့ အမျိုးသမီးတွေက လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးမှုထဲမှာတော့ တော်တော်များတယ်။ တော်တော်လေးကို ဆိုးရွာစွာ ထိခိုက်တယ်။ သူတို့ကတော့ ရည်ရွယ်ချက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဗုံးကြဲလိုက်တဲ့အခါ တော်တော်လေးကို ထိခိုက်ကြတာပေါ့နော်။

လားရှိုး သေဆုံးသွားသည့်လူအလောင်း မီးရှို့နေစဥ်

မေး ။ ။ သျှမ်းပြည်အတွင်း စစ်ကောင်စီက အဓိက ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတဲ့ မြို့တွေက အခြေအနေ ဘယ်လိုရှိနေလဲ။ ပြည်သူလူထုတွေရဲ့ အခြေအနေကကော ဘယ်လို အခက်အခဲမျိုးတွေ ကြုံတွေ့နေရလဲ။

ဖြေ ။ ။ မြို့အတွင်းကတော့ စစ်ရှောင်စခန်းတွေမှာ နေတဲ့လူလည်း ရှိသလို အခုမှ မြို့ကနေ ထွက်ပြေးနေတာတွေလည်း ရှိတယ်။ မြို့ထဲမှာတော့ ပြည်သူကတော့ တဝက်လောက်ကတော့ ကျန်အုံးမှာပေါ့နော်။ အဓိကတော့ သီပေါမြို့မှာပေါ့။

လားရှိုးမှာကြတော့ ပြည်သူတွေ အဝင်အထွက် မမှန်တော့ အတိအကျ မပြောတတ်ဘူးရှင့်။ ပြည်သူတွေကြတော့ ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်အချိန် ကိုယ့်ခေါင်းပေါ်ကို ဗုံးလာကျမလဲ ဆိုတာကို တွေးပြီးမှပဲ ရှင်သန်နေကြရတာပေါ့။

မြို့တိုင်းလိုလိုကတော့ ဒေသခံတွေက ကျန်တယ်။ စားဝတ်နေရေး အတွက်က ခက်ခဲပေမဲ့ ဆေးဝါးတွေပေါ့။ စစ်ကောင်စီက အခြေခံဆေးဝါးတွေနဲ့ လောင်စာဆီတွေကိုပါ ဖြတ်တောက်ထားတယ်။ ပြည်သူတွေ အတွက်ကတော့ တော်တော်လေးကို ခက်ခက်ခဲခဲ နေကြရတာပေါ့။

မေး ။ ။ SHRF အနေနဲ့ လက်ရှိမှာ စစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်နေတာနဲ့ ပတ်သက်ပြီး ဘာများ ဆက်ဖြည့်ပြောချင်ပါသလဲ။

ဖြေ ။ ။ စစ်ကောင်စီဘက်ကနေ ရပ်တည်ပြီးတော့ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ‌မေးခွန်းပြန်ထုတ်ရမှာပေါ့‌နော်။

စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ လေယာဉ်နဲ့ ဗုံးကြဲ နေတာက စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ မတရားမှုကို သိရက်နဲ့ ဒီလေယာဉ်ဆီတွေ ဆက်ပြီးတင်သွင်းတာ၊ စစ်ကောင်စီကို ဆက်ပြီးပူးပေါင်းနေတာ၊ ထောက်ပံ့နေတာ ဆိုတာက မတရားမှုကို အတူတူ ကျူးလွန်တာ။ စစ်ကောင်စီနဲ့ အတူ လူအခွင့်အရေး ချိုးဖောက်တာနဲ့ အတူတူပဲလို့ ကျမပြောချင်တယ်။

စစ်ကောင်စီကို အခုချိန်မှာ ထောက်ပံ့ကူညီနေတဲ့ တရုတ်နိုင်ငံပေါ့။ ကျမတို့ မှတ်တမ်းမှာလည်း ရှင်းရှင်းလင်းလင်း ပြထားပါတယ်။ စစ်ကောင်စီ ဗုံးကြဲတဲ့ နေရာတွေလည်း တရုတ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေက တော်တော်ကျနေတယ်ပေါ့နော်။
သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ စီမံကိန်းတွေကို ထိခိုက်အောင်လုပ်နေတဲ့ စစ်ကောင်စီကို ဆက်ပြီး တရုတ်ကိုယ်တိုင်ကလည်း သူတို့ကို ဆက်လက်မကူညီဖို့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်ရှင့်။ ဒါတွေက ထုတ်ပြန်ချက်ထဲ မပါပဲ ထည့်ပြောချင်တဲ့ အရာပေါ့နော်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

ပင်လောင်း #PNO #တိုက်ပွဲ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...