Thursday, January 29, 2026

ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများနှင့် ထိတွေတိုက်ပွဲ ပြင်းထန်မှုဖြစ်ပွားနေကြောင်း လဲလောင်းကျေရွာမှ ဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီလ ပထမအပတ်မှာ တိုက်ပွဲစဖြစ်တယ်။ လဲလောင်းနေရာကို အခြေစိုက်ပြီးတိုက်ကြတယ်။ ကျန်တဲ့ရွာတွေက လမ်းဘေးဖြစ်နေတယ်။ စစ်တပ်နဲ့ PNO တွေပေါင်းပြီး စစ်ထိုးကြတယ် PNOဘက်လည်း စစ်အင်အားတွေ နေတိုင်းဖြည့်နေတယ် ကားတွေနဲ့နေ့တိုင်းသွားတယ်” ဟု ၎င်းကပြောသည်။

ပင်လောင်းမြို့

ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာသည် ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီနှင့် တော်လှန်ရေး တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ ထပ်မံတိမ်းရှောင်နေရပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီနှင့် PNOဘက် အထိအခိုက်များကြောင်း တော်လှန်ရေးတပ်သား တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြီးခဲ့တဲ့ မတ်လတုန်းလည်း တိုက်ပွဲတွေဖြစ်လို့ ရွာက စစ်ရှောင်နေကြတယ်။ အခုဆို အကုန်ရှောင်ကုန်ပြီ ဘယ်သူမှ မနေရဲကြတောဘူး။ စစ်တပ်က ဗုံးလာကြဲချင်ရင် လာကြဲတယ်။ ပြည်သူတွေကိုပဲ ထိခိုက်တယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၇ရက်တွင်လည်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...