တော်လှန်ရေး အင်အားစု
ပင်လောင်းမြို့နယ် PNO နှင့်စစ်ကောင်စီအင်အားဖြည့် တိုက်ပွဲပြင်းထန်နေ
SHAN -
သျှမ်းပြည် ပင်လောင်းမြို့နယ် လဲလောင်းကျေးရွာအတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ပအိုဝ်း ပြည်သူ့စစ် (PNO/PNA) က စစ်အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ်ရှိ လဲလောင်းကျေးရွာ၊ နောင်ဝိုးကျေးရွာ၊ နမ့်ဖာမူကျေးရွာ၊ လင်ခမ်းကျေးရွာ စသည့်ကျေးရွာများတွင် အောက်တိုဘာလ ပထမပတ်မှစကာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တို့ပူးပေါင်းပြီး စစ်အင်အားဖြည့်ကာ စစ်ကြောင်းထပ်မံတိုးထားသဖြင့် ကရင်နီ...





