Wednesday, January 28, 2026

သျှမ်းမြောက်တွင် MNDAA နှင့် TNLA တို့ လိုင်းဖြတ်ပြီး ပြည်သူတွေကို ဒလန်ဟုစွပ်စွဲသတ်ဖြတ် အယောက် ၅၀ ရှိဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိနေပါသည်။

Subscribers ၁၆,၀၀၀ ကျော်ရှိသည့် View of Sue ချန်နယ်မှ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ဗုံးကြဲခံရလို့ အထိနာနေတဲ့ MNDAA နဲ့ TNLA ဟာ လိုင်းတွေအကုန်ဖြတ်ပြီး၊ ဒလန်ဆိုပြီး လူတွေသတ်နေတာ ၅၀ လောက်ရှိသွားပြီလို့ သိရပါတယ်။ အများစု ဗမာတွေကို သတ်တာဖြစ်ပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိသည်။

မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/88STC

ဆက်စပ်သတင်းအမှားလင့် – https://archive.ph/wUv7p

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ အချက်အချို့ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေ၏သတင်းဖော်ပြချက်အရ လားရှိုးတွင် စစ်ကောင်စီသတင်းပေး ဒလန်များကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် Starlink အင်တာနက်လိုင်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က အကုန်ပိတ်ထားကြောင်း ဒေသခံများကို ကိုးကားပြီးဖော်ပြထားသည်။

မူရင်းလင့််ခ် – https://archive.ph/38Q77

လားရှိုးမြို့တွင် အောက်တိုဘာလဆန်းမှစ၍ ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး Starlink အင်တာနက်လိုင်းများကိုတော့ အောက်တိုက်ဘာ ၅ ရက်နေ့တွင် စတင်ပြီး ပိတ်ထားကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။

အလားတူ လွတ်လပ်သော RFA သတင်းဌာနက “လားရှိုးမြို့မှာ Starlink အင်တာနက်လိုင်းသုံးခွင့် MNDAA ပိတ်ပင်” ဟု ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/7v2im

သို့သော် ဒေသအတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟု စွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း ယခုတိုင်ထိဖော်ပြထားခြင်းမရှိသေးပေ။

သျှမ်းပြည်ဒေသတွင်း သတင်းဌာနဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာနတွင်မှု “စစ်ကောင်စီထံ သတင်းပေးသူများကို MNDAA ကဖမ်းဆီးထားပြီး သေဒဏ်ပေးမည်ဟုဆို” ကာ ဒေသခံကိုကိုးကားပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် ဖော်ပြထားသည်။

စစ်ကောင်စီထံ သတင်းပေးသူ အယောက် (၃၀) ကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ လက်ရှိတွင် ဒေဒဏ်မချမှတ်သေးကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြထားသည်။
မူရင်းလင့်ခ် – https://archive.ph/dDa02

သုံးသပ်ချက်

ထိုကြောင့် စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိမှုဟာ တစ်စိတ်တစ်ပိုင်း မှားယွင်းနေပါသည်။

လားရှိုးမြို့ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖြတ်တောက်လိုက်ပြီးနောက် ယင်းမြို့တွင်းအခြအနေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများ အွန်လိုင်းပေါ် ပြန့်နှံ့လာနေသည်ဟု ရွှေဖီသတင်းက သတင်းဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/iUp2c

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...