သျှမ်းမြောက်တွင် MNDAA နှင့် TNLA တို့ လိုင်းဖြတ်ပြီး ပြည်သူတွေကို ဒလန်ဟုစွပ်စွဲသတ်ဖြတ် အယောက် ၅၀ ရှိဟု သတင်းအမှားဖြန့်

စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိနေပါသည်။

Subscribers ၁၆,၀၀၀ ကျော်ရှိသည့် View of Sue ချန်နယ်မှ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး“ဗုံးကြဲခံရလို့ အထိနာနေတဲ့ MNDAA နဲ့ TNLA ဟာ လိုင်းတွေအကုန်ဖြတ်ပြီး၊ ဒလန်ဆိုပြီး လူတွေသတ်နေတာ ၅၀ လောက်ရှိသွားပြီလို့ သိရပါတယ်။ အများစု ဗမာတွေကို သတ်တာဖြစ်ပါတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိသည်။

မူရင်း သတင်းအမှားလင့်ခ် – https://archive.ph/88STC

ဆက်စပ်သတင်းအမှားလင့် – https://archive.ph/wUv7p

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ အချက်အချို့ မှားယွင်းနေသည်ကို တွေ့ရသည်။

သတင်း စစ်ဆေးတွေ့ရှိချက်

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် ရွှေဖီမြေ၏သတင်းဖော်ပြချက်အရ လားရှိုးတွင် စစ်ကောင်စီသတင်းပေး ဒလန်များကြောင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် Starlink အင်တာနက်လိုင်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က အကုန်ပိတ်ထားကြောင်း ဒေသခံများကို ကိုးကားပြီးဖော်ပြထားသည်။

မူရင်းလင့််ခ် – https://archive.ph/38Q77

လားရှိုးမြို့တွင် အောက်တိုဘာလဆန်းမှစ၍ ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြတ်တောက်သွားပြီး Starlink အင်တာနက်လိုင်းများကိုတော့ အောက်တိုက်ဘာ ၅ ရက်နေ့တွင် စတင်ပြီး ပိတ်ထားကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။

အလားတူ လွတ်လပ်သော RFA သတင်းဌာနက “လားရှိုးမြို့မှာ Starlink အင်တာနက်လိုင်းသုံးခွင့် MNDAA ပိတ်ပင်” ဟု ဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/7v2im

သို့သော် ဒေသအတွင်း သတင်းဌာနများနှင့် လွတ်လပ်သည့် သတင်းဌာနတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟု စွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်း ယခုတိုင်ထိဖော်ပြထားခြင်းမရှိသေးပေ။

သျှမ်းပြည်ဒေသတွင်း သတင်းဌာနဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာနတွင်မှု “စစ်ကောင်စီထံ သတင်းပေးသူများကို MNDAA ကဖမ်းဆီးထားပြီး သေဒဏ်ပေးမည်ဟုဆို” ကာ ဒေသခံကိုကိုးကားပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် ဖော်ပြထားသည်။

စစ်ကောင်စီထံ သတင်းပေးသူ အယောက် (၃၀) ကို ကိုးကန့်တပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ လက်ရှိတွင် ဒေဒဏ်မချမှတ်သေးကြောင်း သျှမ်းသံတော်ဆင့်က ဖော်ပြထားသည်။
မူရင်းလင့်ခ် – https://archive.ph/dDa02

သုံးသပ်ချက်

ထိုကြောင့် စစ်ကောင်စီတပ်၏ ဗုံးကြဲခံရမှုများကြောင့် အထိနာနေသည့် MNDAA နှင့် TNLA တို့သည် ဆက်သွယ်ရေး လိုင်းများကို ဖြတ်တောက်၍ ပြည်သူများ၊ အထူးသဖြင့် ဗမာလူမျိုးအများစုအား “ဒလန်” ဟုစွပ်စွဲကာ သတ်ဖြတ်မှုများ ကျူးလွန်နေသည်ဟု ဖြန့်ချိမှုဟာ တစ်စိတ်တစ်ပိုင်း မှားယွင်းနေပါသည်။

လားရှိုးမြို့ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖြတ်တောက်လိုက်ပြီးနောက် ယင်းမြို့တွင်းအခြအနေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများ အွန်လိုင်းပေါ် ပြန့်နှံ့လာနေသည်ဟု ရွှေဖီသတင်းက သတင်းဖော်ပြထားသည်။

ဆက်စပ်ဖတ်ရှုရန် – https://archive.ph/iUp2c

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...